မြို့မ အထက်တန်းကျောင်း၊ ရန်ကုန်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
'''မြို့မကျောင်း''' သည် ရန်ကုန်မြို့တွင် တည်ရှိသည်။ ၁၉၂ဝ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၇ ရက် ရန်ကုန်မြို့ဗဟန်း မြို့နယ်တွင်စတင် တည်ထောင်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော [[အမျိုးသားကျောင်း]] ဖြစ်သည်။ ၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလတွင် မြို့မ အမျိုးသားကျောင်း နှင့် အမျိုးသားကျောင်း အမြုတေများကို အမြို့ မြို့ရှိ ဝံသာနုကြီးများ၏ စေတနာ သဒ္ဓါတရား အကြောင်းပြု၍ တမုဟုတ်ချင်း ပျံ့နှံ့ပေါ်ထွက်လျက်၊ နွေရာသီ စာမေးပွဲများအမှီ ကျောင်းသားလူငယ်အပေါင်း ဆက်လက် ပညာသင်ကြားနိုင်ရန် အခွင့်အရေးရခဲ့ကြ၏။ နယ်ချဲ့ဆန့်ကျင် ရေး အမျိုးသားစိတ်ဓာတ်များမှသည် မြို့မ အမျိုးသား အထက်တန်းကျောင်းပေါ်ထွက်လာခဲ့သည်။ မြို့မ ကျောင်းအုပ်ဆရာကြီးဦးဘလွင် သည် လွန်စွာထင်ရှားသည်။ ငယ်စဉ်ကပင် လူချစ်လူခင်များ၍ စည်းရုံးရေး ထူးချွန်လှရာ 'ငွေဖလားဘလွင်' ဟု အမည်တွင်သည်။ ဦးဘလွင်၏ ဆောင်ရွက်ချက်များအနက် ကိုလိုနီခေတ်တွင် အစိုးရ အထက်တန်းကျောင်း၊ သာသနာပြု မစ်ရှင်ကျောင်းများနှင့် အပြိုင် မြို့မ အမျိုးသား အထက်တန်းကျောင်း (ယခု ဒဂုံ အထက ၂) ကို ဦးဆောင် တည်ထောင်ခဲ့ခြင်းသည် ထင်ရှားလှသည်။ မြို့မကျောင်းကို ဗဟန်းမြို့နယ် မှသည် လမ်းမတော် မြို့နယ်၊ လမ်းမတော် မြို့နယ် မှသည် ဒဂုံ မြို့နယ်သို့မြို့နယ်ဂေါ်ဒွင်လမ်း( မြို့မကျောင်းလမ်း)သို့ ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ မြိုမ အမျိုးသားကျောင်းကြီးသည် ကျောင်းအဆောက်အအုံ ထည်ဝါရုံမျှမက ပညာရေး၊ စည်းကမ်း၊ စိတ်ဓာတ် တို့တွင်ပါ အလွန်ထင်ရှား အောင်မြင်ခဲ့ရာ 'မြို့မဖခင် ဦးဘလွင်' ဟု ဂုဏ်ပြုခဲ့ကြသည်။ မြို့မကျောင်းသစ်ကြီးကို ဒဂုံ မြို့နယ်ဂေါ်ဒွင်လမ်း( မြို့မကျောင်းလမ်း) ၌ ၁၉၂၉ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက် တနင်္လာနေ့ ညနေ ၄း၃ဝ နာရီတွင် အလယ်တောရ ဆရာတော် ဦးကောသလ္လ ကိုယ်တိုင် ပန္နက်ချပေးခဲ့သည်။
 
၁၉၃၆ ခုနစ် ဩဂုတ်လ (၇)ရက်တွင် မြို့မကျောင်း၌ အမျိုးသားတက္ကသိုလ် ဖွင့်လှစ်ခဲ့ရာ [[ဆာဦးသွင်]]၊ [[ပန်းကန်စက်ဦးသော်]]၊ ပညာဝန်ဦးဖိုးကျား၊[[ မြို့မ ဦးဘလွင်]]၊ သခင်အောင်ဆန်း ([[ဗိုလ်ချုပ်အောင်ဆန်း]]) နှင့် [[ဦးနု]] (ဝန်ကြီးချုပ်) တို့ ဦးဆောင်ခဲ့ကြသည်။
စာကြောင်း ၆၀ -
မြို့မ ကျောင်းအုပ် ဆရာကြီးမှာ ဦးဘလွင် (၁၈၉၂-၁၉၆၈) ဖြစ်သည်။ ကိုလိုနီခေတ် မြန်မာနိုင်ငံ ပညာရေး လောကတွင် ထင်ရှားသည်။ အထူးသဖြင့် အမျိုးသား ပညာရေးကို အင်္ဂလိပ် အစိုးရကျောင်း၊ သာသနာပြု မစ်ရှစ်ကျောင်းများနှင့် ရင်ပေါင်တန်းနိုင်ရန် မြို့မ အမျိုးသား အထက်တန်းကျောင်းကြီးကို ပြုစု ပျိုးထောင်ပေးခဲ့သည် မြို့မ ဖခင်၊ သုခမိန် တဦးအဖြစ် ထင်ရှားသည် ။ မြို့မကျောင်း အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဌ [[သော်၊ ဦး (ပန်းကန်စက်)|ပန်းကန်စက် ဦးသော်]]၊ ရန်ကုန်မြို့ မြို့မ မိန်းကလေးကျောင်း တည်ဆောက်ရေး အဖွဲ့ ဥက္ကဋ္ဌ [[ဆာဦးသွင်]]တို့မှာမြန်မာပြည် သမိုင်းတွင်ထင်ရှားသည်။ မြို့မကျောင်းသားဟောင်းများအသင်း ဥက္ကဌ ဝန်ကြီးချုပ် [[ဦးနု]] ၊ ဒုတိယ ဝန်ကြီးချုပ်၊ ကာကွယ်ရေး ဝန်ကြီးရဲဘော်သုံးကျိပ်ဝင် [[ဗိုလ်လက်ျာ]] ၊ ရဲဘော်သုံးကျိပ်ဝင် [[ဗိုလ်ဇေယျ]]၊ ရဲဘော်သုံးကျိပ်ဝင် [[မင်းခေါင်၊ ဗိုလ် (ရဲဘော်သုံးကျိပ်)|ဗိုလ်မင်းခေါင်]] ၊ မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ [[မြို့မ-ဦးသန်းကြွယ်]] (ပင်လုံစာချုပ်) ၊ ဗိုလ်ချုပ် သောင်းတင် နှင့် ဗိုလ်ချုပ် ချစ်လှိုင်အစရှိသော မြို့မကျောင်းသားဟောင်းများသည် မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်းတွင် ထင်ရှားခဲ့သည်။ ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် [[မြို့မ-ဦးသန်းကြွယ်]] သည် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ ဆာမောင်ကြီး ၊ ဗိုလ်မှူးအောင်၊ ဦးအောင်ဇံဝေ၊ ဦးတင်ထွဋ်(အိုင်စီအက်စ်)၊ သခင်ဝတင် နှင့်အခြားတိုင်းရင်းသား ခေါင်းဆောင် တို့နှင့် အတူ ပင်လုံညီလာခံတွင် ပါဝင် ဦးဆောင် ခဲ့သည်။ လွတ်လပ်ရေးကာကွယ်စောင့်ရှောက်မှု သမိုင်းတွင် ဒုတိယ ဗိုလ်ချုပ်ကြီးဘုန်းမြင့်၊ ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဝင်း၊ ဒုတိယ ဗိုလ်ချုပ်ကြီး မောင်လှ၊ ဗိုလ်ချုပ်စိန်ထွား၊ ဗိုလ်မှူးကြီး လှဘူး အစရှိ သောမြို့မကျောင်းသားဟောင်းများသည်လည်းပါဝင်ခဲ့သည်။ မြို့မဟောင်းစာပေပညာရှင် စာရေးဆရာ စာရေးဆရာမများမှာ ဆရာ [[ဇော်ဂျီ]] ၊[[စော၊ ကြီးကြီး (စာရေးဆရာမ)| ကြီးကြီးစော]] ၊ [[မောင်ထင်]]၊ [[မြို့မဆရာဟိန်]]၊ [[ကထိက ဒေါ်မြင့်သန်း]]၊ [[အုန်း၊ မြို့မ|မြို့မ အုန်း]]၊ [[မောင်မောင်၊ လင်းယုန်|လင်းယုန် မောင်မောင်]]၊[[ စန္ဒာ၊ မ၊ စာရေးဆရာမ| မစန္ဒာ]] ၊ [[ယုဝတီခင်ဦး]]၊ [[ဆုရှင်၊ မောင်၊ စာရေးဆရာ|မောင်ဆုရှင်]]၊ [[တိုက်စိုး]]၊ [[ခင်မောင်အေး (မန္တလေး)]] ၊ [[ဂျာနယ်ကျော်မမလေး]] ၊[[ တင့်ဆွေ၊ ဂျာနယ်ကျော်|ဂျာနယ်ကျော် တင့်ဆွေ]] ၊[[မြင့်ကြွယ်၊ မြို့မ|မြို့မ-မြင့်ကြွယ်]] ၊[[တင်မြင့်၊ တက္ကသိုလ်|တက္ကသိုလ် တင်မြင့် ]] အစရှိသူတို့ ဖြစ်ကြသည်။ နိုင်ငံရေးခေါင်းဆောင်များ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာညွှန်​ကြားရေးမှုးချုပ်များ၊ ပါမောက္ခများ၊ ကျောင်းအုပ်ဆရာကြီးများ၊ ရုပ်ရှင်၊ ဂီတ၊ အားကစားသမားများ၊ ထူးချွန်ထင်ရှားသူများ အမြောက်အမြား ထွက်ပေါ်ခဲ့သည်။ ၁၉၉၅ ခုနှစ် တွင် မြို့မကျောင်း၏ ၇၅ နှစ်ပြည့် စိန်ရတု ကို အထက ၂ ဒဂုံ၊ အထက ၃ ဒဂုံ တွင် ကျင်းပခဲ့သည်။
 
ယခုအခါ ဒဂုံမြို့နယ် '''အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း''' အဖြစ် တည်ရှိသည်။ မြို့မကျောင်းကို ဂုဏ်ပြုသော အားဖြင့် ကျောင်းတည်ရှိရာ လမ်းကို ဂေါ်ဒွင်လမ်းမှ မြို့မကျောင်းလမ်း အဖြစ်ပြောင်းလဲ ခေါ်ဝေါ်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်းတွင် ထင်ရှားသည်။
 
==မြို့မကျောင်းထွက်များ နှင့် ကျောင်းအကျိုးတော်ဆောင်များ==
စာကြောင်း ၁၀၂ -
== ပြင်ပလင့်ခ်များ ==
* [http://www.shambles.net/schoolnet/countryreports/myanmar/index.html မြို့မကျောင်း]
* [http://my.wikipedia.org/wiki/%E1%80%95%E1%80%BC%E1%80%B1%E1%80%AC%E1%80%84%E1%80%BA%E1%80%B8%E1%80%9C%E1%80%B2%E1%80%91%E1%80%AC%E1%80%B8%E1%80%9E%E1%80%B1%E1%80%AC_%E1%80%9C%E1%80%99%E1%80%BA%E1%80%B8%E1%80%94%E1%80%AC%E1%80%99%E1%80%8A%E1%80%BA%E1%80%99%E1%80%BB%E1%80%AC%E1%80%B8_%28%E1%80%9B%E1%80%94%E1%80%BA%E1%80%80%E1%80%AF%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%29]
[[Category:မြန်မာပြည်]]
[[Category:မြန်မာနိုင်ငံ]]