ကယားပြည်နယ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၆၆ -
 
== စာပေ၊ယဉ်ကျေးမှုနှင့် ရိုးရာဓလေ့ ==
 
=== ကိုးကွယ်မှု ===
ဗုဒ္ဓဘာသာ ကိုးကွယ်သူ၊ နတ်ကိုးကွယ်သူများနှင့် ခရစ်ယာန်ဘာသာ(Catholic)ဝင်များ ရှိကြသည်။ ဗုဒ္ဓဘာသာဝင်တို့အိမ်များတွင် ဘုရားဆင်းတုရုပ်ပွားတော်များ ထားရှိ ကိုးကွယ်သည်။ နတ်စင်ကို ရွာအပြင်တွင် ထားလေ့ရှိပြီး နတ်ရုပ်မရှိဘဲ နတ်စင်သာရှိကြသည်။ ခရစ်ယာန်ဘုရားကျောင်းများလည်း ရှိသည်။ မိမိကိုးကွယ်သော ဘာသာကို အထူးလေးစားကြသည်။ မည်သည့်ဘာသာဝင်ဖြစ်စေ စုန်းနတ် ကဝေ မှော်ပညာ စသည်တို့ကို ယုံကြည်ကြသည်။
Line ၈၆ ⟶ ၈၇:
 
ဇယိမ်ခေါ် ခေါင်းတို အမျိုးသားမှာ ရင်ခွဲအပေါ်အင်္ကျီနှင့် ဘောင်းဘီတို ကျပ်ကို ဝတ်ဆင်၍ အမျိုးသမီးများက ခေါင်းစွပ်ကို ကိုယ်ပွအင်္ကျီ ဂျပ်ခုတ်ထမီ ဝတ်ပြီး ကျားမအားလုံး တိရစ္ဆာန်အစွယ်များ၊ သစ်သားပုတီးများကို လည်ဆွဲ၊ နားဝတ်များ အဖြစ် ဝတ်ဆင်လေ့ ရှိသည်။
 
=== ရိုးရာယဉ်ကျေးမှု ===
စုပေါင်းဆောင်ရွက်တတ်သော အလေ့အထရှိသည်။ ဘာသာရေး၊ လူမှုရေး၊ စီးပွားရေး၊ ရပ်ရွာစည်ပင်ရေး တို့ကို ပူးပေါင်းဝိုင်းဝန်း လုပ်ဆောင်တတ်သည့် အလေ့ရှိသည်။ လူမှုရေးနှင့် ပတ်သက်၍ ရှင်ပြုခြင်း၊ ထိမ်းမြားခြင်း၊ အိမ်သစ်တက်ခြင်း စသည့် မင်္ဂလာပွဲများရှိ၍ ရပ်ရွာမှ ဝိုင်းဝန်း လုပ်ဆောင်ကြသည်။ ရပ်ရွာစည်ပင်ရေးအတွက် နတ်ဆိုးများ တောထုတ်သည့် အလေ့ရှိသည်။ ဘာသာရေးနှင့်ပတ်သက်သော ပွဲများအဖြစ် တံခွန်တိုင်ပွဲတော်၊ ကောက်ညှင်းထုပ်ပွဲတော်၊ လိပ်ပြာခေါ်ပွဲများကို ကျင်းပ၍ ရွာသူရွာသားများက စုပေါင်းလုပ်ဆောင်လေ့ရှိသည်။ ပရောဂဆရာ နတ်ထိန်းများ၊ ဗိန္ဓောဆရာများမှာ ဩဇာရှိသူများ ဖြစ်ကြသည်။
Line ၉၅ ⟶ ၉၇:
အဓိက စီးပွားရေးလုပ်ငန်းမှာ သစ်ထုတ်လုပ်ငန်းဖြစ်ရာ ကယားလူမျိုးတို့သည် များသောအားဖြင့် သစ်ထုတ်လုပ်ရေး၊ သစ်တောထွက်ပစ္စည်းများဖြစ်သော ရှား၊ ချိပ်၊ သစ်စေး စသည့်ပစ္စည်းများထုတ်လုပ်ရေးတို့ဖြင့် အသက်မွေး ဝမ်းကျောင်းကြသူများဖြစ်သည်။ ပြည်နယ်၏ အနောက်ပိုင်းဒေသ၌ မြေပြန့်တွင် လယ်ယာစိုက်ပျိုးရေးလုပ်ကိုင် စားသောက်ကြသည်။ တူးမြောင်းတို့ဖြင့် ရေသွယ်ယူကာ စိုက်ပျိုးခြင်း၊ တောင်ယာစိုက်ပျိုးခြင်းတို့ကိုလည်း ပြုလုပ်ကြသည်။ ငွေတောင်နယ်၌ ရက်လုပ်သော ငွေတောင်လွယ်အိတ်တို့မှာ ထင်ပေါ်လှသည်။ ကယားတို့မှာ မိမိတို့ ဝတ်ဆင်ရန် ဝတ်စုံကို မိမိတို့ဖာသာ ရက်လုပ်ကြသူများဖြစ်သည်။ ကယားပြည်နယ်၏ ထူးခြားသော အထိမ်းအမှတ် ပစ္စည်းဖြစ်သည့် ဖားစည်ခေါ် ကြေးနက်စည်ကြီး များကိုလည်း ငွေတောင်နယ်တွင် သွန်းလုပ်ခဲ့ကြသည်။ ယခုအခါတွင် နိုးကြားလာပြီဖြစ်သော ကယားပြည်နယ်အမျိုးသားများသည် နိုင်ငံတော်၏ အခန်းကဏ္ဍအသီးသီး ဝင်ရောက်အမှုထမ်းလျက်ရှိသည်။
အလှအပ အနုအယဉ်ကို အဆန်းအကြယ်တို့ဖြင့် တန်ဆာဆင်ကာ ဖေါ်ပြသော ရှေးမြန်မာ ပျို့ကဗျာအချို့တို့တွင် ကယားပြည်နယ် ငွေတောင်နယ်ကို အခြေခံထား၍ ဇာတ်ကွက်ဆင်ထားသည်ကို တွေ့ရပေသည်။ ရှေးအခါက ငွေတောင်နယ်ဒေသမှာ ယွန်းထိုးခြင်း၊ မှန်စီရွှေချ၊ ရွှေဇဝါရေးခြင်း၊ သစ်စေးသားရိုးကိုင်းခြင်းစသော အနုပညာ လက်မှုပညာများ ထွန်းကားခဲ့သည်။ ကယားအမျိုးသား၊ အမျိုးသမီးတို့မှာ ခေတ်နှင့် ရင်ပေါင်တန်းလိုက်နိုင်ရန် အထူးလုံးပန်း ကြိုးစားလျက်ရှိခဲ့ရာ လူမျိုး၏ ပင်ရင်းယဉ်ကျေးမှုပေါ်တွင် အခြေတည်ကာ အရေးကြီးသော ယဉ်ကျေးမှုအချက်အလက်များ ဖြစ်သည့် ဝတ်စားဆင်ယင်မှု၊ ကိုးကွယ်ယုံကြည်မှု၊ စာပေတို့ကို ခေတ်မှီအောင် ပြုပြင်ပြောင်းလဲလျက်ရှိကြသည်။
 
အောက်ပါဇယားမှာ မြန်မာနိုင်ငံတော်အစိုးရမှ တရားဝင် ထုတ်ပြန်ကြေငြားထားသော ကယားပြည်နယ် ဖွံ့ဖြိုးမှုဆိုင်ရာများအား ဖော်ပြထားခြင်းဖြစ်သည်။
{| class="wikitable"