သန်းကြွယ်၊ ဦး (မြို့မ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၃ -
မြို့မ-ဦးသန်းကြွယ် သည်[[ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်]] ၏ခေါင်းဆောင်နှင့် ထင်ရှားသော မြန်မာ နိုင်ငံရေးသမား ဖြစ်ခဲ့သည်။ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ဗကသ [[ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်]] က ဦးဆောင်ပြီး တစ်နိုင်ငံလုံးရှိကျောင်းများတွင် ကျောင်းသားသမဂ္ဂများ ပေါ်ပေါက်လာခဲ့ပါသည်။ နယ်ချဲ့ဆန့်ကျင်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု ခေတ်အတွင်း ထင်ရှားခဲ့ကြသော ဗကသ ခေါင်းဆောင်များတွင် ဗိုလ်ချုပ်[[အောင်ဆန်း]] ၊ [[ကိုဗဟိန်း]]၊ [[ဦးဗဆွေ]] ၊ [[ဦးနု]]၊[[ မြို့မ-ဦးသန်းကြွယ်]]၊ [[သူရိယ ဦး သန်းမောင်]]၊ [[ဒေါက်တာသန်းထွန်း]]၊ [[အာဏာရှင် လှရွှေ]] ၊ [[လင်းယုန်နီ]] တို့ပါဝင်ပါသည်။စစ်ပြီးခေတ် မြန်မာနိုင်ငံ၏ အမျိုးသား နိုင်ငံရေးတပ်ဦးကြီးသဖွယ် နိုင်ငံတွင်းသာမဟုတ် ကမ္ဘာတလွှား၌ပင် ထင်ရှားခဲ့သော အဖွဲ့ချုပ်ကြီးမှာ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်ခေါ် ဖဆပလ ဖြစ်သည်။ မြို့မ-ဦးသန်းကြွယ် သည်ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်( ဖဆပလ)တွင် [[၁၉၄၂]] မှ [[၁၉၄၈]] အထိ အဖွဲ့ဝင် နှင့်ဗဟိုအမှုဆောင်ကော်မတီဝင် အဖြစ် ဦးဆောင် တာဝန်ယူပါဝင်ခဲ့သည်။ အထွေထွေ သပိတ်ကြီးတွင်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ သပိတ်မှောက်ကောင်စီဥက္ကဌ အဖြစ်ဦးဆောင် ပါဝင်ခဲ့သည်။ မြို့မ-ဦးသန်းကြွယ်သည် [[၁၉၄၆]] မှ [[၁၉၄၈]] အထိ မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ ဥက္ကဌ ၊ [[ရန်ကုန်ခရိုင် ကျောင်းသားများ သမဂ္ဂ]] ဥက္ကဌ၊ [[တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ]] ဒုတိယ ဥက္ကဌ နှင့် မြို့မကျောင်းသားများ သမဂ္ဂ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။တိုင်းပြည်နှင့် လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်ရာတွင် ဗိုလ်သန်းကြွယ်၊ သခင်သန်းကြွယ်၊ မြို့မ-ဦးသန်းကြွယ် (ပင်လုံစာချုပ်) အမည် ဖြင့်ထင်ရှားသည်။
 
== မြို့မ-ဦးသန်းကြွယ် [[ ပင်လုံစာချုပ်]] နှင့် [[ပင်လုံညီလာခံ]] ==
[[၁၉၄၇]] ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် မြို့မ-ဦးသန်းကြွယ်သည်အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ [[ဆာမောင်ကြီး]] ၊ [[ဗိုလ်မှူးအောင်]]၊ ဦးအောင်ဇံဝေ၊ [[တင်ထွဋ်၊ ဦး (အိုင်စီအက်စ်)|ဦးတင်ထွဋ်(အိုင်စီအက်စ်)]]၊ သခင်ဝတင် နှင့် အခြားတိုင်းရင်းသား ခေါင်းဆောင်များနှင့် အတူ ပင်လုံညီလာခံ တွင်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ခေါင်းဆောင် ကိုယ်စားလှယ် အဖြစ် ပါဝင် ဦးဆောင် ခဲ့သည်။ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ [[ပြည်ထောင်စုနေ့]]သည် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းတွင် အရေးပါ အရာရောက်သော နေ့ထူးနေ့မြတ် ဖြစ်သည်။ နှစ်စဉ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ကို ပြည်ထောင်စုနေ့အဖြစ် သတ်မှတ်ထားပြီး ရုံးများ၊ ကျောင်းများပိတ်ကာ အထိန်းအမှတ်ပွဲများ ကျင်းပကြသည်။ တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊သက်ကြီးတက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီး၊ တက္ကသိုလ်ကျောင်းသားရေးရာ ဌာနမှူး၊ လူငယ် နှင့် ကျောင်းသားလူငယ်ရေးရာ ဌာနမှူး၊ မြို့မကျောင်းအုပ်ချုပ်ရေး အဖွဲ့ဝင် လူကြီးနှင့်[[သုံးခွမြို့]]နယ် အသင်းနာယကကြီး ဖြစ်ခဲ့သည်။ဗိုလ်ချုပ်[[အောင်ဆန်း]]၊ [[ဦးနု]]၊ [[စဝ်ရွှေသိုက်၊ (နိုင်ငံတော်သမ္မတ)]] ၊[[ဦးဗဆွေ]]၊ [[ဗိုလ်လက်ျာ]]၊ [[ဦးကျော်ငြိမ်း]]၊ ဦးကျော်မြင့်ကလေး၊ သံမဏိ ဗိုလ်ခင်မောင်၊
[[ခင်မောင်ကလေး၊ ဗိုလ်|ဗိုလ်ခင်မောင်ကလေး]]၊ သခင်ပန်းမြိုင်၊ [[ဗိုလ်မှူးအောင်]]၊ ဗိုလ်မှူးဖိုးကွန်း၊ ဗိုလ်မင်းခေါင်၊ သခင်လှမောင် ( ဗိုလ်ဇေယျ) ၊ဗိုလ်မှူးစိန်မှန်၊ ဗိုလ်မှူးချုပ်အောင်ကြီး (သခင်အောင်ကြီး) တို့နှင့်အတူ မြန်မာပြည်လွတ်လပ်ရေးကြိုးပမ်းမှုတွင် စွန့်စွန့်စားစား ပါဝင်ခဲ့သည်။
 
== မြို့မ-ဦးသန်းကြွယ် ဦးဆောင်ကျင်းပခဲ့သော မြန်မာနိုင်ငံ၏ ပထမဦးဆုံး[[အာဇာနည်နေ့]] အခမ်းအနား ==
မြန်မာနိုင်ငံတွင် ဇူလိုင်လ ၁၉ ရက်နေ့သည် အာဇာနည်နေ့ဖြစ်သည်။ မြန်မာ့လွတ်လပ်ရေးအတွက် အထိ ရောက်ဆုံး လုပ်ငန်းများကို ဆောင်ရွက်ခဲ့၍ မြန်မာ တစ်မျိုးသားလုံး၏ ယုံကြည် ကိုးစား အားထားခြင်းခံရသူ အာဇာနည်ခေါင်းဆောင်များ ဖြစ်ကြသော ဗိုလ်ချုပ်အောင်ဆန်း၊ သခင်မြ၊ ဒီးဒုတ် ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်၊ မိုင်းပွန်စော်ဘွားကြီးတို့သည် တိုင်းပြည်၏တာဝန်ကို ထမ်းဆောင်လျက်ရှိနေစဉ် နယ်ချဲ့သမား၏ ပယောဂကြောင့် ဖြစ်ပေါ်လာရသော လူသတ်ဝါဒ၏ ချေမှုန်းခြင်း ခံခဲ့ရလေ သည်။ ထိုအာဇာနည် ပုဂ္ဂိုလ်ကြီးတို့နှင့်အတူ တိုင်းပြည်၏ တာဝန်ဝတ်တရားနှင့် အမှုကိစ္စတို့ကို သစ္စာရှိစွာ ထမ်းရွက်နေ သော အတွင်းဝန် ဦးအုန်းမောင်နှင့် ကိုယ်ရံတော် မောင်ထွေး တို့လည်း ကျဆုံးခဲ့ရလေသည်။ မြန်မာတို့ ကျွန်ဘဝရောက်ခဲ့ကြရသည့် အချိန်မှစ၍ လွတ်လပ်ချိန်အထိ မြန်မာနိုင်ငံရေးသမိုင်းတွင် ဗိုလ်ချုပ်အောင်ဆန်းသည် မြန်မာတို့ ၏ လေးစားမှုကို အခံရဆုံးခေါင်းဆောင် ကြီး ဖြစ်သည်ဟု ဆိုနိုင်ပေသည်။ ဗိုလ်ချုပ်အောင်ဆန်းအမှုး ပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်စကွဲယား (ယခု ဗန္ဓုလ)ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် မြို့မ-ဦးသန်းကြွယ်သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချ ပွဲ" ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနားဖြစ်သည်။ ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့ အဖြစ် နှစ်စဉ် အခမ်းအနားကျင်းပ ကြသည်။
ဗိုလ်ချုပ်အောင်ဆန်းအမှုး ပြုသော အာဇာနည် ခေါင်းဆောင်ကြီးများ လုပ်ကြံခံရပြီးနောက်တစ်နေ့ ၁၉၄၇၊ ဇူလိုင် ၂၀ တွင်ရန်ကုန်မြို့၊ ဆူးလေဘုရားအနီးရှိ ဖိုက်စကွဲယား (ယခု ဗန္ဓုလ)ပန်းခြံ၌ နိုင်ငံတော်ဈာပနဗဟိုကော်မတီဝင် မြို့မ-ဦးသန်းကြွယ်သည် ကျောင်းသားနှင့်ပြည်သူတစ်သိန်းကျော်ကိုဦးဆောင်ပြီး "လူသတ်ဝါဒရှုတ်ချ ပွဲ" ကို စတင်ဦးဆောင် ကျင်းပခဲ့သည်။ ထိုနေ့သည် မြန်မာနိုင်ငံ၏ပထမဦးဆုံးအာဇာနည်နေ့ အခမ်းအနားဖြစ်သည်။ ဇူလိုင် ၁၉ ရက်ကို အာဇာနည်နေ့ အဖြစ် နှစ်စဉ် အခမ်းအနားကျင်းပ ကြသည်။
 
<gallery>
Line ၄၈ ⟶ ၄၇:
 
နိုင်ငံတော် စီးပွားကုန်သွယ်ရေး အဖွဲ့အထွေထွေ အတွင်းရေးမှူးချုပ် နှင့် ဥက္ကဌ အဖြစ် ၁၉၄၈ မှ ၁​၉​၆၃ အထိ တာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သည်။ ရန်ကုန် စည်ပင်သာယာ အုပ်ချုပ်ရေး အဖွဲ့ ဌာနမှူး၊ ဥက္ကဌ အဖြစ် တာဝန်ယူခဲ့သည်။ ဖက်ဆစ်ဆန့်ကျင်ရေး ပြည်သူ့လွတ်လပ်ရေး အဖွဲ့ချုပ်( ဖဆပလ)တွင် [[၁၉၄၂]] မှ [[၁၉၄၈]] အထိ အဖွဲ့ဝင်၊ ဗဟိုဦးစီး ကော်မတီဝင် နှင့်ဗဟိုအမှုဆောင်ကော်မတီဝင်အဖြစ် ပါဝင်ဆောင်ရွက်ခဲ့၏။
 
== အိမ်ထောင်ရေး ==
[[၁၉၅၃]] ခုနှစ်တွင် ဟင်္သာတမြို့ ဆန်စက်ပိုင်ရှင် ဦးဘဦး နှင့် ပေါင်းတည်မြို့ ဆန်စက်ပိုင်ရှင် ဒေါ်တင်လှ ([[သော်၊ ဦး (ပန်းကန်စက်)|ပန်းကန်စက်ဦးသော်]]၏ညီမအရင်း) တို့၏သမီးဖြစ်သူ မြို့မကျောင်းသူဟောင်း ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ နှင့် ထိမ်းမြှားလက်ထပ်ခဲ့သည်။ ဇနီးဖြစ်သူမှာ ဗုဒ္ဓဘာသာကို အထူးကိုင်းရှိုင်း သော အမျိုးသမီးကောင်း ယောဂီတစ်ဦး ဖြစ်သည်။ ချမ်းသာကြွယ်ဝပြီး ဆွေကြီးမျိုးကြီးဖြစ်သောလည်း မင်္ဂလာတရား တော်နှင့်အညီ မည်သူ့ကိုမျှ မောက်ကြွားဝင့်ဝါခြင်းမရှိ၊ မာန်မာနထားခြင်းမရှိ၊ ခြိုးခြံစွာကျင့်သုံးနေထိုင်၍ လှူသင့်လှူထိုက် ပေးသင့်ပေးထိုက်သူအား ရက်ရောစွာ ပေးကမ်းလှူဒါန်းတတ်သည်။ လူကြီး-လူငယ်မရွေး၊ ဆင်းရဲ-ချမ်းသာမရွေး၊ လူမျိုး-ဘာသာမရွေး လူအားလုံးကို မေတ္တာစိတ်ဖြင့် လှိုက်လှဲပျူငှာစွာ ဆက်ဆံပြောဆိုလေ့ရှိသည်။ အထူးသဖြင့် မြတ်ဗုဒ္ဓ၏ အဆုံးအမ တရားတော်တို့ကို ပုံပြင်ဝတ္တုများဖြင့် သားသမီးများကိုသာမက ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအား မကြာခဏ ရှင်းလင်းပြောပြလေ့ရှိသည်။ ဘာသာရေးသာမက မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးစံ များ၊ မျိုးချစ်စိတ်ဓာတ် မြင့်မားရေးဆိုင်ရာများ၊ လူမှုရေးဆက်ဆံရေးဆိုင်ရာ ဝတ္တရားများ၊ မေတ္တာ၊ ဂရုဏာ၊ သည်းခံခြင်းနှင့် ကိုယ်ကျင့်သီလဆိုင်ရာများ ရှင်းလင်းသင်ပြလေ့ရှိသည်။ မိုးကုတ်ဝိပဿနာ တရားကို ၁၉၈၀ ပြည့်နှစ် ခန့်မှ ယနေ့တိုင် နှစ်ပေါင်း ၃၀ ကျော် ကျင့်ကြံအားထုတ်လျက်ရှိသည်။
 
== မြို့မ-ဦးသန်းကြွယ် နှင့် ဗုဒ္ဓဘာသာ ==
Line ၅၃ ⟶ ၅၅:
 
== မိသားစု ==
မြို့မ-ဦးသန်းကြွယ် သည် အသက် ၅၉ နှစ် [[၁၉၈၃]] ခုနှစ် စက်တင်ဘာ ၂၂ ရက်တွင် [[ရန်ကုန်မြို့]] ၌ ကွယ်လွန်ခဲ့သည်။ သူ၏ ဇနီး မှာ ဒေါ်မြင့်မြင့်ဝင်း (ခေါ်) ဒေါ်အမာ ဖြစ်သည်။ သူ့တွင်ဇနီးနှင့် သားသမီး ၄ ဦး ကျန်ရစ်ခဲ့သည်။ သားသမီးများမှာ ဒေါ် ခင်မာကြွယ်၊ ဦးဌေးကြွယ်၊ ဒေါ်မြမြသန်း၊ စာရေးဆရာ-[[မြန်မာ့သမိုင်း]]ပညာရှင် ဦးမြင့်ကြွယ် ([[မြို့မ-မြင့်ကြွယ်]]) တို့ ဖြစ်ကြသည်။
 
== ဓာတ်ပုံများ ==
Line ၉၅ ⟶ ၉၇:
[[Category:မြန်မာ့နိုင်ငံရေးသမားများ]]
[[Category:မြန်မာလူမျိုးများ အတ္ထုပ္ပတ္တိ]]
 
[[en:Myoma U Than Kywe]]