စတုန်းဟင်းချ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၁ -
| Link = http://whc.unesco.org/en/list/373
}}
'''စတုန်းဟင်းချ်''' ဆိုသည်မှာ သမိုင်းမတိုင်မီကာလကပင်တည်ရှိခဲ့သော အထိမ်းအမှတ်အဆောက်အဦးတစ်ခုဖြစ်ပြီး အင်္ဂလန်နိုင်ငံ ဝစ်ရှိုင်းယား(Wiltshire)ကောင်တီ အမတ်စ်ဘူရီ(Amesbury) မြို့မြောက်ဖက် ၂မိုင်(၃.၂ကီလိုမီတာ)အကွာ စလစ်စ်ဘူရီ(Salisbury) မြို့၏ မြောက်ဖက် ၈.၁မိုင်(၁၃ ကီလိုမီတာ)အကွာတို့တွင် တည်ရှိသည်။ စတုန်းဟင်းချ်တွင် [[ပုံဖော်ထားသောမြေကြီး]](earthworks) နှင့် ထိုအရာကို စက်ဝိုင်းပုံ​သဏ္ဌန် ဝိုင်းရံထားသော ထောင်မတ်နေသည့် ကြီးမားသော ကျောက်တုံးများပါဝင်သည်။ ရှေးဟောင်းသုတေသနပညာရှင်များအနေနှင့် ဤကျောက်တုံးသဏ္ဌန်တည်ဆောက်မှုသည် ဘီစီ ၂၅၀၀ ခန့်ကပင်တည်ရှိခဲ့သည်ဟု ယုံကြည်ယူဆကြသည်။ သို့သော် ယခုလက်ရှိတွေ့မြင်နေရသော ကျောက်တုံးများမှာ ထိုနေရာရှိ အစောဆုံးကျောက်တုံးတည်ဆောက်မှုများ မဟုတ်ပေ။ ပထမဦးဆုံးတည်ဆောက်မှုတွင် ပါဝင်ခဲ့ပြီး ယခုထက်တိုင် ဘေးပတ်ဝန်းကျင်တွင် တွေ့မြင်နိုင်သော ပုံဖော်ထားသောမြေကြီးနှင့် တူးမြောင်းများကို ဘီစီ ၃၁၀၀ ခန့်တွင် တည်ဆောက်ခဲ့ကြသည်။ ထိုနေရာနှင့် ပတ်ဝန်းကျင်နေရာများကို ယူနက်စကို၏ ကမ္ဘာ့အမွေခံနေရာများတွင် ၁၉၈၆ ခုနှစ်တွင် ထည့်သွင်းခဲ့ပြီး အေ့ဗ်ဘူရီ ဟင်းချ်တည်ဆောက်မှုများ(Avebury henge monument) နှင့်အတူတွဲဖက်၍ စာရင်းသွင်းခဲ့သည်။ ထို့ပြင် အင်္ဂလန်နိုင်ငံ၏ အမျိုးသားရေးရာ အရေးကြီး ထိန်းသိမ်းရမည့်ရှေးဟောင်းတည်ဆောက်မှုများ (Scheduled Ancient Monument) တွင်လည်း တရားဝင်စာရင်း ဝင်သည်။
 
[[ar:ستونهنج]]