ဂီဇာမဟာပိရမစ်ကြီး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
[[Image:Kheops-Pyramid.jpg|thumb|300px|ဂိုင်ဇာမဟာပိရိမစ်ကြီး ဘီစီ ၂၅၆၀၊ Giza Necropolis ပိရိမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး ပိရိမစ်]]
ဂိုင်ဇာမဟာပိရိမစ်ကြီး ကို ကူဖူးပိရိမစ် (Khufu's Pyramid or the Pyramid of Khufu) သို့ ချီရော့ပ်ပိရိမစ် (Pyramid of Cheops) ဟုလည်းခေါ်ဆိုကြပြီး Giza Necropolis ပိရိမစ်များထဲမှ ရှေးအကျဆုံးနှင့် အကြီးဆုံး ပိရိမစ် ဖြစ်သည်။ အီဂျစ်နိုင်ငံ ကိုင်ရိုမြို့အစပ်တွင်တည်ရှိပြီး ရှေးခေတ်ကမ္ဘာ့အံဖွယ်ခုနစ်ပါးထဲမှ တစ်ခုတည်း ကြွင်းကျန်ရစ်သော အဆောက်အဦးဖြစ်သည်။ စတုတ္ထမြောက် အီဂျစ်မင်းဆက် ၏ ဖာရိုဘုရင် ကူဖူး(ဂရိဘာသာဖြင့် ချီရော့ပ်) ၏ ဂူသင်္ချိုင်းအဖြစ်ဆောက်လုပ်ခဲ့သည် ဟု ယုံကြည်ယူဆပြီး အနှစ် ၂၀ ကျော်ကြာဆောက်လုပ်ခဲ့ကာ ဘီစီ ၂၅၆၀ ခန့်တွင် ပြီးစီးခဲ့သည်။ မဟာပိရိမစ်ကြီးမှာ လူတို့တည်ဆောက်သော အဆောက်အဦးများထဲတွင် အမြင့်ဆုံးအဆောက်အဦးအဖြစ် နှစ်ပေါင်း ၃၈၀၀ ကျော်မျှရပ်တည်ခဲ့သည်။ ယခုထက်တိုင် မြင်နိုင်သော ကြွင်းကျန်ရစ်သော အရာမှာ အထပ်ဆင့်ပိရိမစ် (step-pyramid) ၏ အောက်ခံ အတွင်းပိုင်း ပုံပန်းသဏ္ဌန်သာဖြစ်သည်။ အပေါ်မှကာရံထားသော အကာအရံကျောက်တုံးများကို မဟာပိရိမစ်ကြီး ၏​အောက်ခြေတွင် ယနေ့ထက်တိုင်မြင်နိုင်သေးသည်။ ပိရိမစ် မည်သို့တည်ဆောက်ခဲ့သည်ဟူသော အချက်နှင့် ပတ်သက်၍ ကွဲပြားခြားနားသော သိပ္ပံနည်းကျ သီအိုရီနှင့် အခြားသီအိုရီမြောက်များစွာရှိသည်။ အများစုလက်ခံထားကြသော တည်ဆောက်မှုနှင့်ပတ်သက်သည့် သီအိုရီမှာ ကြီးမားသော ကျောက်တုံးများကို ကျောက်ထုတ်ရာဒေသမှ ဆွဲယူလာပြီး နေရာတကျမတင် တည်ဆောက်ခဲ့သည် ဟူ၍ ဖြစ်သည်။
 
==သက်ဆိုင်သောဆောင်းပါးများ==
*[[အီဂျစ်မှပိရိမစ်များ]]
*[[ကမ္ဘာ့အံ့ဖွယ်များ]]
 
[[ar:هرم أكبر]]