ရာဇတ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၇၀ -
[[ဂျပန်]]ခေတ်တွင် ဆရာကြီးသည် ထောင်သွင်းအကျင်းချခြင်းခံခဲ့ရဖူးရာ သူ့အား ရွှေဘိုမှ-မန္တလေး ထောင်သို့ အပြောင်းတွင် တပည့်များက မိမိတို့အသက်ကိုစွန့်လွှတ်၍ လုယူကယ်ဆယ်ရန် ကြံစည်ခဲ့ဖူးသည်၊ သို့သော်ဆရာကြီးက ထိုအကြံကို ခွင့် မပြုခဲ့ချေ။
 
ဦးရာဇာတ်သည်ဦးရာဇတ်သည် ၁၉၄၅-ခုနှစ်မှ စတင်တည်ထောင်ခဲ့သော မန္တလေးခရိုင် ဖက်ဆစ်တော်လှန်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖတပလ)တွင် ပထမဦးစွာ ဥက္ကဌအဖြစ် ရွေးချယ်ခန့်အပ်ခြင်းခံရသည်။
 
၁၉၄၇-ဧပြီလတွင်တိုင်းပြုပြည်ပြုလွှတ်တော် ရွေးကောက်ပွဲကျင်းပသောအခါ မန္တလေး မြို့မ အရှေ့ပိုင်းအမတ်အဖြစ်ရွေးကောက် ခြင်းခံရသည်။
 
ထို့နောက် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော အစိုးရဝန်ကြီးအဖွဲ့တွင် ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာနဝန်ကြီးအဖြစ် ထမ်းဆောင်ခဲ့ရသည်။ ၁၉၄၇-ခုနှစ်တွင် မန္တလေး ဥပစာကောလိပ်ကို ဒီကရီကောလိပ်အဖြစ် တိုးမြင့်ဖွင့်လှစ်နိုင်ခဲ့ခြင်းမှာလည်း ဆရာကြီး ဦးရာဇာတ်၏ဦးရာဇတ်၏ ကြိုးပမ်းမှုကြောင့်ဖြစ်သည်။
 
၁၉၄၇-ခုနှစ် ဇူလိုင်လ ၁၉-ရက်နေ့တွင် ဆရာကြီးဦးရာဇာတ်သည်ဆရာကြီးဦးရာဇတ်သည် ဗိုလ်ချုပ် အောင်ဆန်းနှင့်အတူ အခြားနိုင်ငံ ခေါင်းဆောင်ကြီးများနှင့် အတူလုပ်ကြံခံရလေသည်။ ထိုအခါက သူ့အားသွေးအိုင်ထဲမှပွေ့ပိုက်ထူမပေးသော အခါ “ကျွန်တော်က အရေးမကြီးပါဘူး။ ဗိုလ်ချုပ်နဲ့ [[သခင်မြ]]တို့က ပိုဆိုးပုံရတယ်။ သူတို့ကိုသာ ဂရုစိုက်ကြပါ” ဟုပြောကြားခဲ့လေသည်။
 
== ရေးသားခဲ့သော စာပေ ==