မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်း: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀... |
အရေးမကြီးNo edit summary |
||
စာကြောင်း ၁ -
[[File:MyinKone.jpg|thumb|မြင်ကွန်းမင်းသားပုံ]]
မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းသည် ရတနာပုံခေတ်နှောင်းပိုင်းတွင် ထင်ရှားသော နန်းတွင်းလုပ်ကြံမှုကြီး ဖြစ်သည်။ ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် မင်းတုန်းဘုရင်နှင့် တောင်ရွှေရေးဆောင် မိဖုရားတို့က မွေးသော သားတော်ကြီးများဖြစ်သည့် မြင်ကွန်းမင်းသား(သီလဝ)နှင့် မြင်းခုန်တိုင်မင်းသား (ဖိုးထင်) နှစ်ပါးက ဦးဆောင်ပြီး လွှတ်တော်တွင် စည်းဝေးနေသော
== အကြောင်းရင်း ==
* ကုန်းဘောင်မင်းဆက်တည်ထောင်သည့် [[အလောင်းမင်းတရား]] က `ငါ့သားကြီးများ အစဉ်အတိုင်း မင်းပြုရစ်´ဟု မှာကြားခဲ့သည့်အတိုင်း သားတော်ကြီး [[နောင်တော်ကြီးမင်း]] ကွယ်လွန်အနိစ္စရောက်သည့်အခါ ညီတော် [[မြေဒူးမင်း]](ဆင်ဖြူရှင်)က ထီးနန်းအမွေဆက်ခံသည်။ မြေဒူးမင်းက ဖခင်မှာကြားသည့်အတိုင်း မလုပ်ဘဲ သားတော် [[စဉ့်ကူးမင်း]]ကို အိမ်ရှေ့အရာပေးသည်။ စဉ့်ကူးမင်းနေပြည်တော်မရှိခိုက် [[ဖောင်းကားစား မောင်မောင်]]က ထီးနန်းလုသည်။ ဖောင်းကားစား မောင်မောင်ကို [[ဘိုးတော်ဘုရား]](ဗဒုံမင်း)ကမှူးမတ်အကူအညီဖြင့် တိုက်ခိုက်အောင်နိုင်ပြီး ထီးနန်းသိမ်းပိုက်သည်။ ဘိုးတော်ဘုရားသည် ထီးနန်းကိုလုပ်ကြံစဉ် ညီတော် ပင်းတလဲမင်းကို အိမ်ရှေ့စံထားမည်ဟု ကတိထားခဲ့သော်လည်း နန်းတက်သောအခါ သားတော်ကိုသာ အိမ်ရှေ့စံထားသည်။ သို့သော် သားတော်အိမ်ရှေ့စံ ကွယ်လွန်သဖြင့် မြေးတော် [[ဘကြီးတော်(စစ်ကိုင်းမင်း)]]ကို ဆက်လက်အိမ်ရှေ့စံထားသည်။ စစ်ကိုင်းမင်းကို ညီတော် [[သာယာဝတီမင်း]]က ပုန်ကန်ပြီး နန်းတက်သည်။ သာယာဝတီမင်း၏ ထီးနန်းအမွေကို သားတော် [[ပုဂံမင်း]]က ဆက်ခံသည်။ ပုဂံမင်းကို [[မင်းတုန်းမင်း]]နှင့် [[ကနောင်မင်းသား]]က တော်လှန်ကာ မင်းတုန်းမင်း နန်းတက်သည်။ မင်းတုန်းမင်းသည် ဆင်ဖြူရှင်မင်းက စပြီးပျက်ခဲ့သော အစဉ်အလာကို ပြန်လည်ပြုပြင်သည်။ သားတော်များကို ထားပြီး ညီနောင်ကနောင်မင်းကို အိမ်ရှေ့စံ အဆောင်အယောင်များ အပ်နှင်းသည်။ ထိုကြောင့် သားတော်များဖြစ်သော မြင်ကွန်းမင်းသားညီနောင်များက
* အိမ်ရှေ့စံ ကနောင်မင်းသား၏ နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်နေမှုကို နယ်ချဲ့အင်္ဂလိပ်တို့က မလိုလားကာ မြင်ကွန်းမင်းသားညီနောင်များအား သွေးထိုးပေးခြင်းသည် အကြောင်းတစ်ရပ် ဖြစ်ပေသည်။
* မင်းတုန်းမင်း၏ အလိုအတိုင်း တူတော်မင်းသားများကို ကနောင်မင်းသားက ကြည့်ရှု့စောင့်ရှောက် ထိန်းသိမ်းရ၏။ မင်းသားအများက ကနောင်မင်းသား၏ အဆုံးအမအောက်တွင် ကျေနပ်သည်ဖြစ်စေ၊ မကျေနပ်သည်ဖြစ်စေ ငြိမ်နေကြရသည်။ သို့သော် မင်းတုန်းမင်း၏ သားတော်ကြီးတစ်ပါးဖြစ်သော မြင်ကွန်းမင်းသားကမူ ငြိမ်နေကြသူများထဲတွင် မပါ။ အခွင့်အရေးရသည်နှင့် ကနောင်မင်းသားကိုသာမဟုတ်
* ကနောင်မင်းသားက မြို့စား၊ ရွာစားမင်းသားများအား မိမိတို့အပိုင်စားရသည့် နယ်မြေသို့ သွားရောက်နေထိုင်ခွင့်
မင်းတုန်းမင်းတရားသည် သာသနာပြုမင်းပီပီ သားငှက်များကို ဘေးမဲ့ပေးသည်။ နေပြည်တော်တွင် ကျွဲသား၊
ခမည်းတော် မင်းတုန်းမင်းအပေါ်တွင်လည်း သားတော်များကို ထီးနန်းဆက်ခံခွင့် ပေးရန်မစဉ်းစားဘဲ ညီတော်ကို အိမ်ရှေ့စံအရာ ပေးထားခြင်းအတွက် ကျေနပ်ဟန်မတူပေ။ ထို့ကြောင့်ပင် မြင်ကွန်းမင်းသားသည် တစ်နေ့တွင် နန်းတော်ကို ပုန်ကန်ပြမည်ဟု ကြိမ်းဝါးလေ့ရှိသည်။
=== မြင်ကွန်းမင်းသား ===
မြင်ကွန်းမင်းသားသည် မင်းတုန်းမင်း အမရပူရမြို့၊ အိမ်နိမ့်စံအဖြစ် စံတော်မူစဉ် ရွှေရေးဆောင်မိဖုရားမှ ဖွားမြင်တော်မူသော သားတော်ဖြစ်သည်။ ငယ်နာမည်မှာ မောင်မျိုးအေးဖြစ်ပြီး ပထမဆုံးရသောဘွဲ့တော်မှာ သီလဝ ဖြစ်သည်။ မြင်ကွန်းမင်းသားသည် ပုဂံမင်းလက်ထက်ကပင် သတိုးမင်းလှကျော်စွာဘွဲ့နှင့်
မင်းတုန်းမင်း၏ သားတော်များတွင် အသက်အားဖြင့် အကြီးဆုံးဖြစ်သည်။ သတ္တိဗျတ္တိ အကောင်းဆုံးနှင့် စိတ်ဓာတ်အားဖြင့် အထက်ဆုံးဖြစ်ပြီး ညီတော်၊ နှမတော်များကိုလည်း ချစ်ခင်သောကြောင့် ညီတော်၊ နှမတော်အားလုံးက အထူးပင် ချစ်ကြောက်ရိုသေရလေသည်။ <ref>[[မောင်ပုဆိုးကြမ်း]]၏ ကနောင်မင်းသား</ref>
=== မင်းသားညီနောင် ဆိုးသွမ်းပုံ ===
* မင်းတုန်းမင်းတရားသည် သားတော်ကြီးများ စုံညီစွာခစားမိလျှင် ပြုံးတော်မူလျှက် `ကိုင်း ငါ့သားများ ခမည်းတော်ဘုရားကို ပွဲတော်ဟင်းများ ကိုယ်ချက်တတ်ရာ သား၊ ငါးများကို ကိုယ်တိုင်ချက်၍ ဆက်ကြစမ်းပါ။ မြိန်ရှက်စွာ ပွဲတော်တည်လိုတယ်´ ဟု စင်စစ်အားဖြင့် ဆန္ဒမရှိသော်လည်း ကျွမ်းဝင်ချစ်ခင်သည်ဟူသော ပရိယာယ်ဖြင့် မိန့်တော်မူလျှင် အချို့သော သားတော်များမှာ ဝမ်းမြောက်စွာဖြင့် မည်သည့်ဟင်းချက်တတ်ကြောင်း၊ ကိုယ်တိုင်ချက်၍ ဆက်သကြသည်။ မြင်ကွန်းမင်းသားအလှည့်တွင် `မှန်လှပါ။ ဘုရားသားတော် အမဲသားဟင်း ချက်တတ်ကြောင်းပါဘုရား´ဟု လျှောက်ထားလိုက်သည်။ မင်းတုန်းမင်းသည် အမဲသားဟင်းကို ကိုယ်တိုင်လည်း ပွဲတော်မတည်၊ တိုင်းသူပြည်သား၊ ရဟန်းရှင်လူအားလုံး မစားသောက်ရန် တင်းကျပ်စွာ တားမြစ်ထားရာ ရုတ်တရက် မြင်ကွန်းမင်းသား
* မင်းတုန်းမင်းသည် သားတော်များကို ဟင်းချက်ခိုင်းသည်သာမဟုတ်၊ မိဖုရားများကိုလည်း ရံဖန်ရံခါ အားလုံးကိုခေါ်ပြီးလျှင် ဟင်းချက်ခိုင်းတော်မူခြင်း၊ မုန့်လုပ်ခိုင်းတော်မူခြင်းရှိသည်။ တနေ့၌ မိဖုရားများအား လုပ်တတ်သော မုန့်များကို ကိုယ်တိုင်လုပ်၍ ဆက်သစေ၏။ ဆက်သလာသော မုန့်အမျိုးမျိုးထဲတွင် လက်နှင့်စမ်းလိုက်လျှင် ပျော့ပျော့ပျောင်းပျောင်း နူးနူးညံ့ညံ့ ရှိသော်လည်း စားမည်ဟုဖဲ့လိုက်သောအခါ မည်သို့မျှ ဖဲ့မရ၊ ဖြတ်မရသော မုန့်ကို တွေ့၍ ဒီမုန့် ဘယ်မိဖုရားလုပ်တာလည်းဟု စစ်မေး၏။ သို့သော် ယင်းမုန့်ကို လုပ်သူ လက်သည်
* တစ်နေ့၌ မြင်ကွန်းမင်းသားညီနောင်တို့သည် ငယ်ကျွန်များနှင့်တကွ ဥယျာဉ်တော်ထဲတွင် ကစားနေကြသည်။ အကစားလွန်ပြီး မိုးချုပ်သွားသောအခါ အိမ်တော်၌လည်း အစောင့်မကျန်ရစ်ခဲ့သဖြင့် ထမင်းဟင်းချက်ပြုတ်ထားမည့်သူ မရှိဘဲ ဖြစ်နေလေသည်။ ထိုအခါ မြင်ကွန်းမင်းသားညီနောင် နှစ်ပါးသည် လေးသိန်းတံခါး အထွက် ကျုံးတော်အနီး၌ မြက်စားနေကြသော ဘုရင်၏ မင်္ဂလာနွားဖြူ တစ်ရှဉ်းလုံးကို ဖမ်း၍သတ်ကာ
စာကြောင်း ၃၅ -
== ကြံစည်ကြပုံ ==
မြင်ကွန်းမင်းသားသည် မိမိ၏ အထွေထွေ မကျေနပ်မှုကို အကောင်အထည်ဖော်ရန် ညီတော်မြင်းခုန်တိုင်မင်းသားနှင့် တိုင်ပင်သည်။ ခမည်းတော်နှင့် ဘထွေးတော်တို့ကို ပုန်ကန်ပြီး ထီးနန်းသိမ်းပိုက်ရန် ကြံစည်သည်။ ထိုအကြံအစည်ကို ရတနာပုံနေပြည်တော်ရှိ အင်္ဂလိပ်ကိုယ်စားလှယ်များက အားပေးအားမြှောက်ပြုသည်။ နိုင်ငံတော် ခေတ်မီရေးအတွက် အားသွန်ခွန်စိုက် ဆောင်ရွက်နေသော
စရိုက်ကြမ်းပြီး
== ဖြစ်ပွားပုံ ==
သက္ကရာဇ်၁၂၂၈-ခုနှစ်၊ ဒုတိယဝါဆိုလပြည့်ကျော်(၇)ရက်၊ ခရစ်နှစ် ၁၈၆၆-ခုနှစ်၊ ဩဂုတ်လ(၂)ရက်၊ ကြာသပတေးနေ့တွင် ရတနာပုံနေပြည်တော် တစ်ခုလုံး အုံးအုံးကျွတ်ကျွတ် ဆူညံသွားစေသည့် အရေးအခင်းကြီးပေါ်လာသည်။ ထိုနေ့တွင် အိမ်ရှေ့စံ ကနောင်မင်းသားသည် ယာယီလွှတ်တော်အနီးရှိ တဲကြီးအတွင်း၌ မြတောင်ဝန်ကြီးဦးမှို၊ ပခန်းဝန်ကြီး ဦးရန်ဝေး တို့နှင့်အတူ သဿမေဓကိစ္စများကို တိုင်ပင်ဆွေးနွေးနေသည်။
မင်းတုန်းမင်းတရားကြီးမှာ တောင်နန်းမတော် မိဖုရားနှင့်အတူ မဟာလောကမာရဇိန်
နန်းတော်ဝင်းနှင့် ကပ်လျက်ရှိ မြင်ကွန်းမင်းသားဝင်းတွင် ငဖြူသီး၊ ဇော်ဂျီဗိုလ် အစရှိသော မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့၏ နောက်လိုက် (၅၀)ခန့်မှာ အရက်သေစာ သောက်စားရင်း ရဲဆေးတင်နေကြသည်။
စာကြောင်း ၄၈ -
ဦးပုည သတ်မှတ်ပေးသော မွန်းတက်ချိန် အခါတော်သို့ရောက်သည်နှင့် တောင်ပြင်ဟော်ကုန်းဘက်တွင် စောင့်နေသူတို့က မီးရှို့အချက်ပေးသည်။ မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ရန်ဖြစ်လေဟန် အကွက်ဆင်ပြီး စံနန်းတော်အတွင်းသို့ ပြေးဝင်သည်။ မြင်ကွန်းမင်းသားသည် ဓားကိုင်ကာ ခုတ်မည့်ဟန်ဖြင့် မြင်းခုန်တိုင်မင်းသားနောက်မှ လိုက်သည်။ မြင်းခုန်တိုင်မင်းသားက အသက်ဘေးမှ လွတ်အောင်ပြေးသည့်ဟန်ဖြင့် ပြေးလာရင်း လွှတ်တော်အနီးသို့ ရောက်သည့်အခါ `ဘထွေးတော် ကယ်တော်မူပါ´ ဟု အသံကုန်အော်သည်။
ကနောင်မင်းသားသည် မင်းသားညီနောင်တို့ ရန်ဖြစ်နေကြပြီဟု မှတ်ထင်ပြီး တားရန်ကြိုးစားသည်။ သို့သော် စံနန်းတော်ဝင်းအတွင်း ဓားကိုင်၍ဝင်လာသော မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို သတိပြုမိသွားသည်။
ထိုအချိန်တွင် မြင်ကွန်းမင်းသား၏ မူမမှန်ပုံကို ရိပ်စားမိသဖြင့် စုံစမ်းရန် ရှေ့သို့တိုးထွက်သွားသော မြတောင်ဝန်ကြီးဦးမှိုမှာ ပုန်ကန်သူတို့၏ ဓားချက်မိသွားလေသည်။ ဦးမှို၏ အဖြစ်ကို တွေ့မြင်လိုက်ရသော ဖိနပ်တော်သား ဦးကရင်က `ရန်သူတော်ပါဘုရား၊ သတိထားပါဘုရား´ဟု အော်ဟစ်သတိပေးသည်။ ကနောင်မင်းသားသည် တူတော်မောင်မင်းသားများ ရန်ရှာမည့် အစီအစဉ်ကို သိသွားသည်။ ထို့ကြောင့် လွှတ်တော်ပေါ်သို့ ပြေးတက်၏။ အိမ်ရှေ့စံ ကနောင်မင်းသားသည် ရန်ကိုရှောင်ရန် ကြိုးစားရင်း လှေခါးအတက်တွင် မြင်ကွန်းဘက်တော်သား ငဖြူသီး မီလာပြီး ဓားနှင့်ခုတ်သဖြင့် ခြေထောက်ကို ဓားချက်ထိပြီး လဲကျသည်။ ထိုအချိန်မှာပင် မြင်းခုန်တိုင်မင်းသား ရောက်လာကာ အိမ်ရှေ့စံ ကနောင်မင်းသား၏ ခေါင်းကို ဖြတ်ယူလိုက်သည်။ နိုင်ငံတော်ကို ခေတ်မီလက်နက်နိုင်ငံ တည်ဆောက်ချင်သော အိမ်ရှေ့စံ ကနောင်မင်းသားသည် မလောက်လေး မလောက်စား မင်းသားငယ်များ၏ လက်ချက်ဖြင့် ကျဆုံးရသည်။ ပုန်ကန်သူတို့သည် ကနောင်မင်းသား၏ ဘက်တော်သားများဖြစ်သော မလွန်မင်းသား၊ ပြင်စည်မင်းသား၊ စကုမင်းသားတို့ကို အိမ်ရှေ့မင်းက ခေါ်သည့်ဟန် လိမ်ညာခေါ်ယူကာ စံနန်းတော် လက်ယာဝင်း တံခါးအပြင်၌ လုပ်ကြံသတ်ဖြတ်လိုက်ကြသည်။
စာကြောင်း ၅၄ -
ဒီအရေးမှာ အိမ်ရှေ့စံ ကနောင်မင်းသား၊ မြတောင်မြို့စားသေနတ်ဝန်ကြီး၊ မလွန်မင်းသား၊ စကုမင်းသားနဲ့ ပြင်စည်မင်းသားတို့ ကျဆုံးခဲ့ကြသည်။ လောင်းရှည်မြို့စား ဝန်ကြီး၊ လက်ဝဲဝင်းမှူး၊ မြေဒူးမြို့စား စသူတို့ ဒဏ်ရာရကြသည်။ ပခန်းဝန်ကြီး ဦးရန်ဝေး အပါအဝင် မှူးမတ်အချို့ ထွက်ပြေးလွတ်မြောက်ခဲ့ကြသည်။
မြင်ကွန်း မြင်းခုန်တိုင်ညီနောင်တို့၏ နောက်လိုက်သားများသည် တံခါးနီ နန်းမြေဘုံစံနန်းတော်ကို အတင်းဝင်ကြသည်။ အရှေ့ဝင်းမှူး၊ တောင်ထားဝယ်ဗိုလ်၊ ကင်းဝန်မင်းကြီးတို့သည် စံနန်းတော်သို့ကျူးကျော်လာသော မြင်ကွန်းမင်းသားတို့အား ခုခံတိုက်ခိုက်သည်။
မြင်းခုန်တိုင်မင်းသားသည် မင်းတုန်းမင်းရှိရာ ယာယီနန်းတော်သို့ အပြေးလာသောအခါ မင်းတုန်းမင်းအနီး ခစားနေသော ကင်းဝန်မဟာမင်းလှဇေယျသူမှ `ခမည်းတော်ကို မလုပ်ကြံသင့်ပါ ဘုရား´ဟုဆိုကာ ရှေ့မှစီး၍ကာကွယ်သဖြင့် မြင်းခုန်တိုင်မင်းသားလက်ချက်ဖြင့် ကင်းဝန်မဟာမင်းလှဇေယျသူမှာလည်း ကျဆုံးရလေသည်။ မင်းတုန်းမင်းလည်း လုပ်ကြံမည့်ဆဲဆဲ လွတ်မြောက်ခဲ့၍ အခင်းဖြစ်သည်ဆိုသည်နှင့် နန်းတော်သို့ ဝင်ရန်ကြိုးစားသည်။ ဝင်းအပြင်သို့အရောက်တွင် မြင်ကွန်းမင်းသားက လုပ်ကြံရန် တာဝန်ပေးထားသော ရွှေဓားဗိုလ် ငပိုက်ကြီးနှင့် တွေ့သည်။ မင်းတုန်းမင်းသည် သူ့အား လုပ်ကြံရန်စောင့်နေသော ငပိုက်ကြီးကို တွေ့သည်နှင့် `ငပိုက်ကြီး ငါ့ကိုပို့စမ်း´ဟု အမိန့်ပေးသည်။ ငပိုက်ကြီးသည် မင်းတုန်းမင်း၏ အမိန့်ပေးသံကို ကြားသည်နှင့် သူ၏ တာဝန်ကို မေ့လျော့သွားသည်။ သူလုပ်ကြံရမည့် မင်းတုန်းမင်းကို ချီပိုးပြီး
မင်းတုန်းမင်း ရွှေနန်းတော်သို့ ဝင်ရောက်သွားချိန်တွင် မြင်ကွန်း မြင်းခုန်တိုင်မင်းသားတို့သည် ယာယီနန်းတော်အတွင်း မွှေနှောက်ပြီး ခမည်းတော်ကို လိုက်လံရှာဖွေသည်။ စံနန်းတော်တွင် မတွေ့ရသည့်အခါ နောက်ကြောင်းပြန်လှည့်လာပြီး (ရွှေကျွန်းပိုင်ကျွန်းလွန်ခါမှ ပျိုတားနိုင်ရိုးလား) ဟူသော တပေါင်သီချင်းများကို ဟစ်အော်ကြွေးကြော်ရင်း ရွှေမြို့တော် ဦးထိပ်တံခါးမှ မြို့အတွင်းသို့ ဝင်သည်။ မြို့အတွင်းသို့ရောက်သည်နှင့် ရွေးတော်ယူတံခါးမှ သစ်တပ်အတွင်းသို့ ဝင်ရန်အားထုတ်ကြသည်။ ရွေးတော်ယူတံခါးတွင် နတ်ရှင်ရွေး သေနတ်ဗိုလ် မောင်စို တပ်နှင့် ရင်ဆိုင်တိုက်ခိုက်သည်။ သေနတ်ဗိုလ်တပ်က မြင်ကွန်းတပ်ကို မတားနိုင်သဖြင့် ဆုတ်ခွာရာ ရွေးတော်ယူတံခါး ပွင့်သွား၏။ မြင်ကွန်းမင်းသား၏ အမိန့်နှင့် နောက်လိုက် တပ်သားများက လွှတ်တော်ကို ဝင်စီးသည်။ လွှတ်တော်အတွင်းရှိနေသော မကွေးမြို့စားဝန်ကြီး သတိုးမင်းကြီး မဟာမင်းလှ သီဟသူ၊ ဝန်ထောက်ကျောက်ရဲ မြို့စားမင်းကြီး မင်းခေါင်သီဟသူ၊ အသည်ဝန်ထောက်မင်းကြီး မဟာသီဟသူရ၊ ဝန်ကြီးဦးကြာနုနှင့် မှူးမတ်များ အဖမ်းခံကြရသည်။
မြင်ကွန်းမင်းသား၏ တပ်သည် တံခါးနီကို စီးနိုင်ရန် ကြိုးစားသည်။
မင်းသားညီနောင်တို့သည် စာကိုအရေးမထားဘဲ ဆက်လက်တိုက်ခိုက်သည်။ ထိုစဉ် ကနောင်မင်းသား၏တပ်များက ကနောင်မင်းသားကွယ်လွန်သည်ကို မသိဘဲ ၎င်း၏သခင်ကိုရှာရန် နန်းတော်သို့ ချီတက်လာကြသည်။ မြင်ကွန်းမင်းသား၏ တပ်များသည် ကနောင်မင်း၏ တပ်များလာသောအခါ ထွက်ပြေးကြရသည်။ အသာစီးရနေသော မြင်ကွန်းမင်းသားတပ်များသည် တခဏအတွင်းမှာပင် အရေးနိမ့် သွားကြသည်။ တိုက်ပွဲတွင် မြင်ကွန်းမင်းသားဘက်က အထိနာပြီး အနောက်ရုံးဘက်တွင် သွားရောက်စုရုံးစဉ် မင်းတုန်းမင်းအား လွှတ်ပေးလိုက်သော ငပိုက်ကြီးကို တွေ့သည်နှင့် မြင်ကွန်းမင်းသားက အဆုံးစီရင်လိုက်သည်။ အနောက်ရုံးမှနေ၍ တစ်ညလုံး နန်းတော်သို့ သေနတ်စိန်ပြောင်းများဖြင့် ပစ်ခတ်သည်။ မင်းတုန်းမင်းတပ်က
* မြင်ကွန်းမင်းသား ညီနောင်နှင့်အတူ မိခင် တောင်ရွှေရေးမိဖုရားလည်း ပါသွားလေသည်။
မြင်ကွန်းမင်းသား ညီနောင်တို့သည် နောက်လိုက်အခြွေအရံ အနည်းငယ်နှင့် ရန်ကုန်သို့ ထွက်ခွာလာရာ အလွန်မောပန်းတော်မူသဖြင့် တောစပ်တစ်ခု၌ အိပ်ပျော်နေစဉ် နယ်ချဲ့အင်္ဂလိပ်တို့က မလွတ်တမ်း အစောင့်အကြပ် ပြင်းထန်စွာဖြင့်
* ကနောင်မင်းသား လုပ်ကြံခံရသောနေ့မှာပင် ကနောင်မင်းသား၏ သားတော်ကြီး ပန်းထိမ်းမင်းသားက နောက်လိုက်များနှင့် ရွှေဘိုသို့ ထွက်သွား၍ နေပြည်တော်ကို ပုန်ကန်သော [[ပန်းထိမ်းမင်းသား အရေးအခင်း]]ဖြစ်လာလေသည်။
စာကြောင်း ၇၆ -
== စိတ်နာကြပုံ ==
[[သာယာဝတီမင်း]]ခေါ် ရွှေဘိုမင်းလက်ထက်၊ အမရပူရနန်းမြို့အတွင်း မင်းတုန်းမင်းသားနှင့် ကနောင်မင်းသားတို့ ညီနောင် စံတော်မူသည့် ဝင်းနှစ်ဝင်းမှာ
== ဘဝနိဂုံး ==
၁၉၀၈-ခုနှစ်၊ ဒီဇင်ဘာလ(၁၄)ရက်တွင် မြင်ကွန်းမင်းသား၏ မိခင် တောင်ရွှေရေးမိဖုရားသည် ဗီယက်နမ်နိုင်ငံ၊
၁၉၂၁-ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်တွင် မြင်ကွန်းမင်းသားကြီး (၁၈၄၂-၁၉၂၁)သက်တော် (၇၉)နှစ်သည် ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့၌ ကံကုန်သည်။ <ref>သန်းဝင်းလှိုင် ရေး ၂ဝရာစု မြန်မာ့သမိုင်း၊ ၂၀၀၉-ခု၊ မေလ(ပထမအကြိမ်)</ref>--[[User:Mayor mt|Mayor mt]] ၁၃:၅၀၊ ၁၁ ဒီဇင်ဘာ ၂၀၀၉ (UTC)
|