ဒေါ်အောင်ဆန်းစုကြည်အိမ် ဝင်ရောက်သူ ဖြစ်ရပ်များ: တည်းဖြတ်မှု မူကွဲများ

"[[File:John Yettaw Jan 06 2010.jpg|thumb|r..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
 
No edit summary
စာကြောင်း ၉ -
== ၂၀၀၈ အလည်လာမှု ==
 
၂၀၀၈ မေ တွင် ရက်တောနှင့်သူ၏ဆယ်ကျော်သက်အရွယ်သားသည် အာရှသို့ ရက်ရှည်ခရီး ထွက်ခဲ့သည်။ သူ၏ သားသည် စက်တင်ဘာလ ကျောင်းပြန်ဖွင့်သည်အထိ အိမ်ပြန်မလာခဲ့ပါ။ ထိုအချိန်က ရက်တောသည် ထိုင်း နိုင်ငံ မဲဆောက်မြို့သို့ ခရီးသွားခဲ့ပြီး၊ ထိုမြို့ရှိဟော်တယ်တွင် နေထိုင်၍ မော်တော်ဆိုင်ကယ်တစ်စီးဝယ်ကာ ထိုင်းဒေသခံများနှင့် ရင်းနှီးမှုကို တည်ဆောက်ခဲ့သည်။ သူသည် ဒေါ်အောင်ဆန်းစုကြည်အပေါ် စိတ်ဝင်စားမှု တိုးမြှင့်ဖြစ်ပေါ်လာပြီး၊ သူမ၏အခြေအနေကို နိုင်ငံတကာမှ ဂရုစိုက်လာအောင် လုပ်မည်ဟု လူအများအားပြောဆိုခဲ့သည်။ သူသည် ထိုင်း အန်င်ဂျီအိုများ (NGOs) တွင် အလုပ်ရရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပါ။ အောက်တိုဘာလတွင် အဖိနှိပ်ခံများ၏ ကာကွယ်ပေးသူ ဆိုသည့်အမြင်ကို ရရှိခဲ့ပြီးနောက် မဲဆောက်တွင်နေထိုင်ခဲ့သော ့ပေးရန်ပေးရန် ရှိသည့် မည်သည့် အခကြေးငွေကို မှ မပေးခဲ့ပဲဲမပေးခဲ့ပဲ ထွက်ခွာလာခဲ့သည်။ အောက်တိုဘာလ ၂၇ ရက်နေ့ [[ထိုင်းနိုင်ငံ]] ဘန်ကောက်တွင် မြန်မာ ပြည်ဝင်ခွင့် ဗီဇာ ရရှိခဲ့ပြီး၊ နိုဝင်ဘာလ ရ ရက်နေ့တွင် [[မြန်မာနိုင်ငံ]] [[ရန်ကုန်မြို့|ရန်ကုန်မြို ့ရန်ကုန်မြို့]]သို့ ထွက်ခွာလာခဲ့သည်။
 
နိုဝင်ဘာလ၃၀ရက်နေ့တွင် ဒေါ်စုကြည်အိမ်သို့အင်းယားကန်ကိုဖြတ်၍ရေကူးပြီးရောက်ရှိလာသည်။ သူသည်တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားမြိုင်လမ်းရှိ မြေအောက်ရေမြောင်းကြီးအတွင်းမှ
တစ်ဆင့် ဒေါ်အောင်ဆန်းစုကြည်နေအိမ်ဝင်းအတွင်းသို့ ဝင်ရောက်ခဲ့သည်။ ထို့နောက်သူသည် ကန့်သတ်ဇုန်ဖြစ်ပြီး ဆက်သွယ်ရေးကိရိယာပစ္စည်းများ မရှိသည့်အိမ်ကြီး၏အနောက်ဖက်ခြံစည်းရိုးကို ကျော်၍ ဝင်ရောက်ခဲ့ သည်။ မြန်မာအာဏာပိုင်များသည် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်ပလူများနှင့် ဆက်သွယ်ခြင်းကို တားမြစ်ထားသည်။ သူမ၏အိမ်သည် ၂၄ နာရီပတ်လုံး တစ်ဒါဇင်ကျော်သည့် လုံခြုံရေး ရဲများ ဝန်းရံထားကြပြီး၊ ရဲလှေများ မကြာခဏဆိုသလို အနီးအနားရေပြင်တွင် ကင်းလှည့်ခြင်းများ ရှိနေ ကြသော်လည်း သူ၏ဝင်ရောက်မှုလမ်းကြောင်းသည် အောင်မြင်ခဲ့သည်။
 
ရက်တောကို စုကြည်နှင့် တွေ့ဆုံစကားပြောခြင်းအား အိမ်ဖေါ် မှ တားဆီးကာကွယ်ခဲ့သည်။ သို့သော် သူသည် ထိုအိမ်တွင် နှစ်ရက်ကျော်ကြာသည်အထိ နေထိုင်ခဲ့သည်။ဤအစပိုင်း အလည်အပတ်တွင် ရက်တောသည် ဒေါ်အောင်ဆန်းစုကြည်ကို သူ့သမီး၏လက်ရေးစာ နှင့် မော်မွန်း၏စာအုပ်[[မော်မန်ဂိုဏ်း|မော်မွန်း]] ([http://en.wikipedia.org/wiki/Mormons]) ၏စာအုပ် အပါအဝင် အနည်းဆုံး စာအုပ် ခြောက်အုပ် ပေးခဲ့ သည်။ ဤစာကို နောက်ပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်မှ စုတ်ဖြဲပစ်လိုက်သည်။ စုကြည်သည် ရက်တော ရောက်လာမှုကို သူမ၏ဆရာဝန်အား ပြောကြားခဲ့ပြီး၊ ဆရာဝန်မှ အာဏာပိုင် များသို့ အသိပေးခဲ့သည်။ အာဏာပိုင်များသည် အရေးယူမှု မပြုလုပ်ခဲ့ပါ။ သူသည် လာခဲ့သည့်လမ်းအတိုင်း နေအိမ်ဝင်းမှပြန်လည် ထွက်ခွာခဲ့သည်။ ရက်တော၏အဆိုအရ သူမ၏အိမ်မှ ပြန်အထွက်တွင် ရဲအရာရှိများ ၎င်းကို တွေ့မြင်သွားပြီး သေနတ်များဖြင့်ချိန်၍ “မင်းဒီမှာ ဘာလုပ်နေသလဲ” ဟုမေးပြီးနောက် သူ့ကို လွှတ်ပေးလိုက်သည်။
 
သုဝဏ္ကဘုမ္မိ အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုင်ငံရေးဆန္ဒပြသူများ သိမ်းပိုက်ထားသောကြောင့် [[ထိုင်းနိုင်ငံ]] ဘန်ကောက်မှ မထွက်နိုင်သဖြင့် ရက်တောသည် မဲဆောက်ရှိ ကုန်းမြင့်ဟော်တယ် တွင် တစ်လကျော်ကြာ နေထိုင်ခဲ့သည်။ ထိုနေရာတွင် ၎င်းသည် စုကြည်အားတွေ့ဆုံရန် ကြိုးစားရာ မအောင်မြင်ခဲ့သည့်အကြောင်း နှင့် ထပ်မံကြိုးစားမည်ဆိုသည့် အစီအစဉ်များကို လူများသို့ ပွင့်ပွင့်လင်းလင်း ပြောကြားခဲ့သည်။ ဤအချိန်များအတွင်း ဒုက္ခသည်ကျောင်းများသို့မကြာခဏသွားရောက်လည်ပတ်ပြီး၊ ကလေးများနှင့်တွေ့ဆုံခဲ့သည်။ ၎င်းကိုရံဖန်ရံခါထိုင်းအမျိုးသမီးတစ်ဦး
စာကြောင်း ၂၉ -
မြန်မာအစိုးရသည် ညဉ့်နက်မှလာရောက်သည့် မိသားစုဝင်မဟုတ်သောဧည့်သည်များသည် ကြိုတင်စာရင်းပေး တိုင်ကြားထားရန် လိုအပ်ပြီး၊ နိုင်ငံခြားသားများ ညအိပ်ညနေ တည်းခိုခြင်းကို တားမြစ်ထားသည်။ စုကြည် နှင့် သူမ၏အကူများအဆိုအရ သူသည် ထိုနေရာတွင် မဖိတ်ခေါ်မကြိုဆိုပဲရောက်လာသော ဧည့်သည် အဖြစ် နေထိုင်သွားခဲ့သည်။ ရက်တော၏မိသားစု နောက်ပိုင်းတွင် ပြောဆိုသည်မှာ သူသည် “သေချာသည့်ရည်ရွယ်ချက်ရှိခဲ့ပြီး၊” “ဖြစ်နိုင်သည့်အကျိုးဆက်များ” ကို သတိမထားခဲ့ဟုပြောဆို ကြသည်။တစ်ချို ့က သူသည် မေလ ၅ ရက်နေ့ မှပြန်ထွက်ခွာသွားသည် ဟုပြောကြသော်လည်း ရက်တောသည် ၎င်းရောက်ရှိခဲ့သည့် မေလ ၄ရက်နေ့ သန်းခေါင်မတိုင်မီ ည ၁၁း၄၅ မိနစ်တွင် ထိုအိမ်မှပြန်လည်ထွက်ခွာခဲ့သည်။
 
သူသည် ကန်သာယာဆေးရုံနှင် ့ခြံစည်းရိုးချင်းခြံစည်းရိုးချင်း တစ်ဆက်တည်းဖြစ်နေသော အမေရိကန် ကောင်စစ်ဝန် ၏အိမ်သို့ဦးတည် ပြီးရေကူးသွားခဲ့သည်။ မြန်မာအာဏာပိုင်များအဆိုအရ ရက်တောသည် “ ခေါင်းမြီးခြုံပဝါ အနက်ရောင် နှစ်ထည်၊ လည်ပင်းစည်း အနက်ရောင် နှစ်ထည် ၊ စကပ်အရှည် နှစ်ထည်၊ အနီရောင် ဓါတ်မီး တစ်ခု၊ ပလတ်စတစ်အိတ်တွင်းမှ ရောင်စုံခဲတံ ၆ ချောင်း၊ နေကာမျက်မှန် သုံးစုံ၊ နှစ်ပင်ပလပ်တစ်ခု၊ ဆားကစ်ဝါယာ အပိုင်းအစ နှစ်ခု ၊ အားဖြည့်ကိရိယာတစ်ခု၊ ကိရိယာများကိုထည့်ရန် အသုံးပြုသော အနက်ရောင်ဇစ်တပ်ထားသောအိတ်တစ်လုံး ၊ မီးခိုးရောင်ခြေအိတ်နှစ်စုံ၊ အင်္ဂလိပ်စာအုပ်မှအပိုင်းငါးပိုင်း၊ စာရွက်အပိုင်းအစများထည့်ထားသော အိတ်တစ်လုံး စသည်တို့ကို ထည့်ထားသော ဇစ်တပ်ထားသောပလတ်စတစ်အိတ်တစ်လုံး ကို ထားခဲ့သည်ဟုသိရသည်။”မေလ ၅ ရက်နေ့နံနက်တွင် ရက်တောကို အပြည်အပြည်ဆိုင်ရာစီးပွားရေးလုပ်ငန်းဌာန နှင့် ကန်၏ အနောက်ဘက်ကမ်းရှိ အမေရိကန် ကောင်စစ်ဝန် ၏ အိမ်နှင့် ပေ ၁၀၀ အောက်နီးသော အကွာအဝေးရှိ အမေရိကန် သံရုံး အနီးမှ ရဲများက ဖမ်းဆီးခဲ့သည်။<ref>http://en.wikipedia.org/wiki/Suu_Kyi_trespasser_incidents</ref>
 
== ရည်ညွှန်းကိုးကား ==