အက်ဒမန် ကတ္တရိုက်: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၄ -
လက်ရက်ကန်းစင်များဖြင့်သာ ရက်လုပ်နေကြသေးသဖြင့် ခရီး ရောက်သင့်သလောက် မရောက်သေးပေ။ ချည်ငင်စက်များမှ
ချည်မျှင် အထွက်များသလောက် လက်ရက်ကန်းသမားများက နိုင်အောင်မရက်လုပ်နိုင်သောကြောင့် လက်ရက်ကန်းများကို စက်ရက်ကန်းများ အဖြစ် ပြုပြင်ပြောင်းလဲပေးရန် အချိန်ကျရောက်လာသည့်အားလျော်စွာ လက်ရက်ကန်းလုပ်ငန်းများကို
တစ်မျိုးတစ်ဖုံပြောင်းလဲစေမည့် ပုဂ္ဂိုလ်ကြီးတစ်ယောက်သည် အဂ်လန်ပြည်တွင်အင်္ဂလန်ပြည်တွင် အချိန်မှီပေါ် ပေါက်လာခဲ့လေသည်။
ထိုသူမှာ [[အင်္ဂလန်နိုင်ငံ]]သား အက်ဒမန် ကတ္တရိုက် ဖြစ်သည်။
 
အက်ဒမန် ကတ္တရိုက်သည် အင်္ဂလန်နို်င်ငံအင်္ဂလန်နိုင်ငံ [[နော့တင်ဂမ်ရွိုင်ယာ]]နယ် မန်းဟမ်းရွာတွင် ၁၇၄၃-ခုနှစ် ဧပြီလ ၂၄-ရက်နေ့၌ ဖွားမြင်သည်။ သူသည် ကြွယ်ဝချမ်းသာသောမျိုးရိုးမှ ဆင်းသက်လာသူဖြစ်သဖြင့် စာပေကို ကောင်းမွန်စွာ သင်ကြားနိုင်ခဲ့သည်။ သူသည် [[အောက်စဖို့ တက္ကသိုလ်]]မှ စာပေနှင့် အယူဝါဒရေးကို အထူးလေ့လာ အားထုတ်ခဲ့သည်။ ထို့ကြောင့် ရေဖျန်းဂိုဏ်းဝင်ဘုန်းတော်ကြီး ဖြစ်လာခဲ့သည်။
 
သူ့ခေတ်သူ့အခါက [[ချည်ငင်စက်]]များ ပေါ်ထွက်နေပြီဖြစ်သော်လည်း အထည်ရက်လုပ်ရေးတွင်ကား ရှေးဟောင်း လက်ရက်ကန်းစင်များဖြင့်သာ ရက်လုပ်နေကြသည်။ ချည်ငင်စက်များမှ ချည်မျှင်အထွက်များသလောက် [[လက်ရက်ကန်းသမားများ]]က နိုင်အောင် မရက်လုပ်နိုင်သောကြောင့် အကျပ်အတည်းများ တွေ့ကြုံလျက် ရှိနေကြသည်။
စာကြောင်း ၂၀ -
 
လက်ရက်ကန်းတွင် အတိုင်နှင့် အဖောက်ဟူ၍ ချည်နှစ်မျိုး ထားသည်။ တိုင်ခြည်ကို အလျားလိုက်ထားပြီးလျှင် ဖောက်ချည်က ထိုတိုင်ခြည်ကို ကန့်လန့်ဖြတ်ပြီး ရက်ရသည်။ ထိုဖေါက် ခြည်ကို လွန်းတွင်ထည့်ကာ တိုင်ချည်များကြားမှ ရှေ့နောက် အပြန်အလှန် တက်ဖြင့် ထိုးသွင်းပေးရသည်။ ကတ္တရိုက်၏စက်ရက်ကန်းသည် လက်ရက်ကန်းနှင့် အလားတူ စီမံထားသော်လည်း လွန်းကို ရေအားဖြင့်လည်စေသော စက်ဖြင့် အလိုအလျောက် ရှေ့နောက်အပြန်အလှန်သွားအောင် စီမံထားလေသည်။ ၁၇၈၆ နှင့် ၁၇၈၇ ခုနှစ်များတွင်မူကား သူ၏စက်ရက်ကန်းတွင် လိုအပ်သောအချက်များကို ထပ်လောင်ဖြည့်စွက်လိုက်သဖြင့် လွန်းသာလျှင် အလိုအလျောက် အပြန်အလှန်သွားနိုင်သည် မဟုတ်သေး၊ တိုင်ချည်များကိုလည်း လွန်းဖောက်သည့်အခါ အသင့်ဖြစ်စေရန် အထက်အောက်လမ်းခွဲ၍
ပေးထားနိုင်အောင် စီမံထားလေသည်။ နောက်ဆုံး ခွျတ်ယွင်းချက်ကလေးများကိုချွတ်ယွင်းချက်ကလေးများကို ထပ်လောင်းဖြည့်စွက် လိုက်သောအခါ
ယခုခေတ်သုံး စက်ရက်ကန်းမျိုး ဖြစ်လာလေသည်။