ကမာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့ ပေါင်းထည့်နေသည် - nn:Østers ဖယ်ရှားနေသည် - es:Ostrea
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Crassostrea gigas p1040848.jpg|thumb|300px|right|ပြင်သစ်နိုင်ငံမှ ကမာကောင်တစ်မျိုး]]
ကမာသည် အခွံနှစ်ခြမ်းရှိသော [[ခရုမျိုး]]ဖြစ်၍ ထို အခွံနှစ်ခြမ်းကို ရုန်းနိုင်၊ ကြုံ့နိုင်သော အကြော တစ်ခုက တစ်နေရာတွင် ပတ္တာသဖွယ် ဆိုင်းထားသည်။ ယေဘုယျ အားဖြင့် အပေါ်ဖက်အခွံသည် ပြား၍၊ အောက်ဖက်အခွံသည် ခွက်ပြီးလျှင် ထိုအခွက်ထဲ၌ ကမာ၏ ကိုယ်ခန္ဓာ တည်ရှိသည်။ ကမာသည် အပူပိုင်း ဇုန်နှင့်အပူပိုင်းဇုန်နှင့် သမပိုင်းဇုန်ရှိ ပင်လယ်ကမ်းခြေ တစ်လျှောက် ရေတိမ်ရာ အရပ်များတွင် နေထိုင်သည်။ အေး
လွန်းသော ဝင်ရိုးစွန်းဒေသရှိ ပင်လယ်ကမ်းခြေများတွင်မူ မတွေ့ရချေ။
 
စာကြောင်း ၁၈ -
တို့သည် နွေးသော ဒေသများ၌ ပို၍ လျင်မြန်စွာ ကြီးပြင်း လွယ်လေသည်။
 
ကမာတို့၏ အစာမှာ ရေအောက်ရှိ မျက်စိဖြင့် မမြင်နိုင် လောက်အောင် သေးငယ်သည့်အပင်နှင့် ရေပိုးရေမွှားများဖြစ်ကြ ၍ ပတ်ဝန်းကျင် ရေနွေးလျက်ရှိချိန်တွင် အစာကို အများဆုံး စားနိုင်ကြသည်။ ဆောင်းတွင်း၌ ရေ၏အပူချိန် အလွန် လျော့ သွားသောအခါလျော့သွားသောအခါ အချို့မှာ အစာအစားရပ်၍ မလှုပ်မယှက် ဆောင်းအောင်း သွားတတ်ကြသည်။
 
ကမာတို့၏ အစာတွင် အာဟာရဖြစ်စေတတ်သော သံဓါတ် နှင့် ကြေးနီဓါတ် မြောက်မြားစွာ ပါဝင်၏။ ထိုကြောင့်လည်း သွေးအား နည်းသူများအား ကမာကောင်များကို ကျွေးမွေးခြင်း ဖြစ်ပေသည်။ ကမာတွင် အိုင်ဒိုဒင်း၊ ပရိုတင်း၊ ကာဗိုဟိုက် ဒရိတ်၊ ဖေါ့စဖေါရပ်နှင့် ကယ်လဆီယမ်ဓါတ်များအပြင် အရေး ကြီးသော ဗီတာမင်ဓါတ်များလည်း ပါဝင်သည်။
 
ကမာတို့၏ ကြီးထွားမှုသည် အဓိကအားဖြင့် မိမိတို့နေထိုင် ရာ ရေ၏အပူချိန်၊ အစာအနည်းအများနှင့် ရာသီဥတုတို့အပေါ် တွင် တည်ပေသည်။ အများအားဖြင့် နွေးသောဒေသများတွင် ကြီးလွယ်ကြ၏။ ကမာကောင်တို့၏ အရွယ်မှာ အမျိုးကို လိုက် ၍ ၂ နှစ် ၃ နှစ်အတွင်း တစ်လက်မခွဲမှ ၅ လက်မအရွယ်ခန့် အထိ ရှိသည်။ ဖမ်းဆီး စားသောက်ခြင်း မပြုဘဲထားလျှင် ထိုထက်ကြီးထွားနိုင်၍ အမေရိကန် ကမာမျိုးထဲ၌ ၁၄
လက်မအထိ ကြီးထွားသည်ပင် ရှိဘူးသည်။ ကမာတို့၏ သက်တမ်းကိုလည်း အတိအကျ မပြောနိုင်ပေ။ သို့သော် အမေရိကန် ကမာမျိုးထဲဲ၌ကမာမျိုးထဲ၌ ၂၅ နှစ်ကျော် အသက်ရှင်ဆဲ ဖြစ်သော ကမာများကို တွေ့ရသည်။
 
ကမာတို့တွင် အသက်ရှင်နေသမျှ ကာလပတ်လုံး ရန်သူ ပေါင်းများစွာနှင့် အမြဲတွေ့ကြုံနေကြရပေသည်။ အခွံမာ မဖုံးမီ ရေထဲ၌ ကူးခတ်သွားလာနေဆဲ သားငယ်ဘဝတွင်သာ ရန်သူ ရှိသည်မဟုတ်၊ အခွံမာ ဖုံးပြီးနောက် ကြီးပြင်းသည့်အရွယ်တွင် လည်း ရန်သူများ ရှိသည်။ သားငယ်ဘဝတွင် ငါးနှင့်တကွ အခြားရေ သတ္တဝါများအပြင် ကမာကြီးတို့၏ အစားကိုခံရ၏။ ကြီးပြင်းသည့်အရွယ်တွင်မူ အချို့ငါးမျိုးက ကမာခွံကို ဟူ၍ သော်၎င်း၊ အချို့က အခွံကို ကိုက်ဖေါက်၍သော်၎င်း ကမာ၏ အသားကို စားသောက်တတ်ကြ၏။ ထိုသို့ အစားခံရသဖြင့်
"https://my.wikipedia.org/wiki/ကမာ" မှ ရယူရန်