ကဗျာလင်္ကာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၈ -
ကမ္ဘာဦးသူတို့သည် တစ်နေ့လုံး အမဲလိုက် ငါးမျှားစသည်ဖြင့် အစာရှာဖွေခဲ့ရ၍ ပင်ပန်းနွမ်းလျကြသည့် အလျောက်ညချမ်းအချိန်ဝယ် စုဝေးလျက် ကျေးငှက်အသံ၊ မိုးသံ၊ လေသံ၊ သစ်ပင်သစ်ရွက် လှုပ်ရှားသံစသော သဘာဝ ဂီတသံတို့ကို တစ်ယောက်တစ်လှည့်စီ အတုယူအော်မြည်၍ ဖျော်ဖြေကြပေလိမ့်မည်။ အချို့သော သူများကလည်း အနားယူချိန်တွင် မိမိတို့တစ်နေ့တာ ကြုံတွေ့ခဲ့ရသော အဖြစ်အပျက် ဗဟုသုတတို့ကို တစ်ဆင့်စကား တစ်ဆင့်နားရောက်အောင် ပြောကြား ကြပေမည်။ ယင်းသို့ ပြောကြားရာတွင် ပတ်ဝန်းကျင် သဘာဝဂီတသံကို အားကျ၍ ရိုးရိုး စကားနှင့် မပြောဘဲ ဂီတသံနှောသည့် စကားလုံးတို့ဖြင့် ကြံဖန်ပြောသည့်အလေ့ ဖြစ်လာခဲ့ဟန်တူသည်။ ဝိုင်းဖွဲ့ စကားပြောရာတွင် ပျော်ရွှင်မြူးတူးကြသည့် အလျောက်လက်ခုပ်တီးခြင်း၊ ခြေဆောင့်ခြင်း၊ စည်းလိုက်ခြင်း၊ လေချွန်ခြင်းစသော အမှုတို့ကိုပြုလျက် စကားပြောသူကလည်း ဂီတသံနွှယ်သည့် ချိုသာသော စကားများကို ပြောပေလိမ့်မည်။ ဤသို့ စကားရိုးရိုးမှ ဂီတသံကိုမှီးလျက် သာယာနာပျော်ဖွယ်ဖြစ်အောင် စီကာပတ်ကုံး ပြောခြင်းသည်ပင်လျှင် ကဗျာလင်္ကာ သန္ဓေစွဲလာနေပြီဟုဆိုရပေမည်။ သို့သော် ဤသည်ကား နှုတ်ကဗျာ သာလျှင် ဖြစ်သေး၏။ စာအက္ခရာမပေါ်ပေါက်မီကပင်လျှင် လူတို့သည် မိမိတို့ စိတ်နှလုံး၌တွေ့ကြုံခံစားမှုတို့ကို ထုတ်ဖေါ်ပြောဆိုကြသော ကဗျာတေးများ ရှိခဲ့ကြသည်။ ထို့ကြောင့် အက္ခရာစာများ ပေါ်ပေါက်လာသောအခါ ကဗျာလင်္ကာ အရေးအသားဟူ၍ ပေါ်ထွန်းလာမည်မှာ ကျိုးကြောင်း ဆက်စပ်ကြည့်ကသိနိုင်ပေသည်။
 
မိမိစိတ်၌ ခံစားမှု၊ လှုပ်ရှားမှု၊ တွေးကြံမှုတို့ကို သူတပါးစိတ်၌ ထိုနည်းနှင်နှင် တွေ့ကြုံခံစား လှုပ်ရှားလာနိုင်အောင် ကူးဆက်ပေးသောအရာကား ကဗျာလင်္ကာပင် ဖြစ်သည်။ ယင်းသို့ မိမိခံစားရမှုကို သူတစ်ပါးကိုယ်တွေ့ ခံစားမှုဖြစ်သွားအောင် ကူးပြောင်းပေးရသည်မှာ မလွယ်ကူချေ။ မိမိသိသလို သူတစ်ပါးသိအောင်၊ မိမိမြင်သလို သူတစ်ပါးမြင်အောင် ပြစားဖို့ရာ လက်နက်ကောင်း လိုပေသည်။ ထိုလက်နက်ကောင်းကား ကဗျာလင်္ကာတည်းဟူသော တန်ဆာဖြစ်မြောက်အောင် ထောက်မကူညီပေးသော အသံကာရန်၊ စပ်ပုံဟပ်ပုံ၊ စပုံချပုံ အနက်အဓါိယ်အနက်အဓိပ္ပါယ် စသည်တို့ဖြစ်ကြ၏။
 
ကဗျာလင်္ကာဟူသည် ကာရန်ကလေးများ ဟပ်ထားရုံနှင့် ကဗျာလင်္ကာမြောက်ပြီဟု မဆိုသာချေ။ သဒ္ဒလင်္ကာရ၊ အတ္တလင်္ကာရ စသောတန်ဆာများဖြင့် ဝေဝေ ဆာဆာဆင်မြန်းပေးဖို့ လိုသေးသည်။ မည်သည့် ဘာသာစာပေ၌ မဆို ကာရန်ချိတ်ဆက်ပုံ၊ အသံနေအသံထားယူပုံ၊ အလင်္ကာရသပေါ်အောင် ဖွဲ့ပုံစသော ကဗျာဥပဒေစည်းကမ်းများရှိပေသည်။ ထိုစည်းကမ်းများဖြင့် စံနစ်တကျ ကုံလုံပြည့်ဝအောင် ဖွဲ့စီသီကုံးတတ်မှသာ ကဗျာလင်္ကာ ဖြစ်ပေမည်။ ကဗျာစာဆိုသည် ထိုထို လက်နက် ကရိယာများကို မှန်ကန်
စာကြောင်း ၁၉ -
</blockquote>
 
ဤ၌ကာရန်ကိုသာ ညီအောင်စပ်ထား၍ အနက်အဓိပ္ပါယ်လုံးဝမပေါ်ခဲ့ချေ။ တော၊ ခေါနှင့် ဌောတို့မှာ ကာရန် ဟပ်မိသော်လည်း လက်နဲ့ခေါဆိုသော စကားမှာ အဓ္ဓိပါယ်မရှိချေ။အဓိပ္ပါယ်မရှိချေ။ အတ္တလင်္ကာရ မပေါ်သောစာဖြစ်၏။ ဤသို့ အဓိပ္ပါယ်မရှိသည့် စကားလုံးကိုသုံးခြင်းဖြင့် ဘာသာစကားကိုများစွာထိခိုက်ပေသည်။ ကဗျာလင်္ကာသို့လည်း မကျရောက်သည်ကို သတိပြုဖွယ်ဖြစ်သည်။ ကာရန်လည်းမိ၊သဒ္ဒလင်္ကာရ၊ အတ္တလင်္ကာတို့နှင့်လည်းပြည့်စုံ၊ ကဗျာ့ အရသာလည်း မြောက်လှသောကဗျာတစ်ပုဒ်ကို ပုံစံပြဦးအံ့။
 
<blockquote>
စာကြောင်း ၃၂ -
</blockquote>
 
စပ်ဆိုထား၏။ လနှင့်မြ၊နေနှင့်မြေ၊စွန်နှင့်မွန်၊သုံးချက်စလုံးမိ၏။ အနက်ဓ္ဓိပါယ်ကားရှင်းလှ၏။အနက်အဓိပ္ပါယ်ရှင်းလှ၏။ အခါရာသီ အလျောက် လူက မချွေရဘဲနှင့် အလိုလိုပင်ထက်မှ နွမ်းခြောက် ကြွေကျလာသော သရဖီပန်းနှင့် ပိတောက်ပန်းပွင့်တို့မှာ မြေပြင်ပေါ်ဝယ် တပုံတခေါင်းကြီး ပုံလျက်သားဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း သိမြင်နိုင်သည်။ ဤ၌စာဆို ပြသလိုသောသူ၏ ပန်းကမ္ပလာ မြေမွေ့ရာကို စာဖတ်သူသည် စာဆို၏ လက်နက်ကောင်းဖြစ်သော ကဗျာ့အရာမြောက်သည့် စာလုံးကလေးများကို သုံးသပ်ရုံနှင့် စာဆို
မြင်သကဲ့သို့ မြင်နိုင်ပေသည်။