ရောဘတ် ကလိုက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - ta:ராபர்ட் கிளைவ்
အရေးမကြီးNo edit summary
စာကြောင်း ၂ -
== ကလိုက် အာ (ခရစ် ၁၇၂၅-၁၇၇၄) ==
နောင်အခါတွင် ပလက်ဆီးစာ ဘေရွန်ဘွဲ့ရသူ ရောဗတ်ကလိုက်သည်ကား [[အိန္ဒိယနိုင်ငံ]]တွင် ဗြိတိသျှတို့လွှမ်းမိုးနိုင်ရန် စတင်အခြေစိုက်
ပေးခဲ့သူ ဖြစ်ပေသည်။ ထိုပုဂ္ဂိုလ်ကြီးသည် အုပ်ချုပ်ရေး တွင်၎င်း၊တွင်လည်းကောင်း၊ စစ်မှုရေးရာတွင်၎င်း၊စစ်မှုရေးရာတွင်လည်းကောင်း၊ ထူးခြားလှသော စွမ်းရည်သတ္တိ
နှင့်ပြည့်စုံသူလည်း ဖြစ်လေသည်။ အချို့က လော့နော့သည် အမေရိကတိုက်သို့ ဗိုလ်ချုပ်ဗါဂွိုင်းကို လွှတ်မည့်အစား
ကလိုက်ကို လွှတ်ခဲ့လှျင်လွှတ်ခဲ့လျှင် အမေရိကန်လွတ်လပ်ရေးစစ်ပွဲသည် တစ်မျိုးတစ်ဖုံ အဆုံးသတ်စရာအကြောင်း ရှိသည်ဟုပင်
ဆိုလေသည်။
[[File:01p13711.jpg|thumb|ရောဗက်ကလိုက် အောင်ပွဲရလိုက်သောပလက်ဆီးတိုက်ပွဲ]]
ကလိုက်သည် ရှရော့ရှိုင်ယာနယ်တွင် ၁၇၂၅ ခု စက်တင်ဘာလ ၂၉ ရက်နေ့၌ မွေးဖွား၍ ကျောင်းနေစဉ်အခါက ဆိုဆုံးမခက်သော သူငယ်တစ်ဦးဖြစ်၏။ အသင့်အတင့် မျှသာ
ပညာသင်ကြားတတ်မြောက်ခဲ့၍ ၁၈ နှစ်အရွယ်တွင် အိန္ဒိယနိုင်ငံ အရှေ့အိန္ဒိယကုမ္ပဏီသို့ သွားရောက်ကာ စာရေးအဖြစ် အမှုထမ်းခဲ့သည်။ ထိုအချိန်ကား အရှေ့အိန္ဒိယကုမ္ပဏီသည် ဂွတ်ဒ်ဟုပ်အငူ အရှေ့ဘက်ရှိ ဗြိတိသျှပိုင် နယ်သစ်များကို အုပ်ချုပ် နေရစဉ်အခါဖြစ်၏။ ထိုပြင် အိန္ဒိယနိုင်ငံရှိ ဗြိတိသျှ
နှင့် ပြင်သစ်အရှေ့အိန္ဒိယ ကုမ္ပဏီများသည် အိန္ဒိယ၌ အာဏာ လွှမ်းမိုးရန် အကြံချင်းတူနေသဖြင့် ရန်သူများဖြစ်လျက် မာန် စောင်နေကြသောအခါလည်းမာန်စောင်နေကြသောအခါလည်း ဖြစ်၏။
၁၇၄၆ ခုတွင်ကား ပြင်သစ်တို့သည် ဗြိတိသျှတို့အား အိန္ဒိယမှ အပြီးအပိုင်နှင်ထုတ်ရန် ရည်ရွယ်ချက်ဖြင့် မဒရပ် မြို့ကို တိုက်ခိုက်ခဲ့လေသည်။ ထိုအခါ စာရေးအလုပ်ဖြင့်
ပျင်းပျင်းရိရိ အမှုထမ်းနေရသော ကလိုက်အဖို့ တစ်မျိုးတစ်ဖုံ အမှုထမ်းရန် အခါအခွင့်ရရှိခဲ့၏။ ပြင်သစ်တို့ကို ပြန်လည် ခုခံ တိုက်ခိုက်သော ကုမ္ပဏီ၏စစ်တပ်တွင် ကလိုက်သည် အလံ ကိုင်ဗိုလ် အဖြစ်ဝင်ရောက်ဆောင်ရွက်ခဲ့လေသည်။ သို့သော် စစ်မှုရေးရာအစွမ်းအစကို မပြလိုက်ရသေးမီ ပြင်သစ်နှင့် ဗြိတိသျှတို့ စစ်ရပ်ဆဲလိုက်ကြသည်။
စာကြောင်း ၂၈ -
 
ဤသို့ဖြင့် စော်ဘွားမှာ စစ်ပြေငြိမ်းရန် စကားကမ်းလှမ်းခဲ့ ရပြီးသော်၊ ဗြိတိသျှတို့အဖို့ အကျိုးရှိစေမည့် စစ်ပြေငြိမ်းရေး စာချုပ်ကို လက်ခံလိုက်ရ၏။ ထိုနောက် ပြင်သစ်ပိုင် ချန္ဒနဂိုရ် မြို့ကိုလည်း တိုက်ခိုက် သိမ်းပိုက် ဖျက်စီးပစ်လိုက်လေသည်။ သို့သော် မကြာမီ ကလိုက်သည် ထိုစော်ဘွားအား ရာထူးမှချ၍ စော်ဘွား၏ စစ်သေနာပတိ မီရာဂျက်ဖါးအား၊ စော်ဘွား၏ နေရာတွင်တင်ရန် အစီအစဉ်တစ်ရပ်ကို လျှို့ဝှက်စွာ ပြုလုပ်ခဲ့ လေသည်။ ထိုကြောင့် ၁၇၅၇ ခုနှစ်တွင် လူ ၃ဝဝဝ ပါဝင် သောတပ်နှင့် စော်ဘွား စူရားဂျွတ်ဒေါင်လာကို တိုက်ရန် ထွက် လာခဲ့ရာ ပလက်ဆီးကွင်းပြင်တွင် လူ ၅ဝဝဝဝ ပါသော စော်ဘွားတပ်ကြီးနှင့် ဆုံမိလေသည်။ ထိုသို့ အင်အားချင်း
မမျှဘဲ ဖြစ်နေသော်လည်း စော်ဘွားကြီး၏တပ်မှာ ကလိုက် စစ်တပ်၏ ရွပ်ရွပ်ချွံချွံ တိုက်ခိုက်မှုကို မခံရပ်နိုင်သဖြင့် မရှု မလှမရှုမလှ အရေးရှုံးနိမ့်ရလေသည်။ ယင်းသို့ ပလက်ဆီးတိုက်ပွဲတွင် အောင်ပွဲရလိုက်ခြင်းဖြင့် ကလိုက်သည် အိန္ဒိယနိုင်ငံ၌ ဗြိတိသျှ တန်ခိုးအာဏာကို အထွက်အထိပ်သို့ရောက်အောင် စွမ်းဆောင်
ခဲ့လေသည်။
 
စာကြောင်း ၃၆ -
ပြန်သွားရပြန်သည်။ ကလိုက်ရောက် သွားသောအခါ မဂို ဧကရာဇ်ဘုရင် ရှာအလမ်နှင့် သင့်တင့်စွာဆက်ဆံနိုင်အောင် ဆောင်ရွက်ခဲ့၏။ ထိုကြောင့်လည်း မဂိုဧကရာဇ်က အရှေ့ အိန္ဒိယကုမ္ပဏီအား ဗီဟား၊ ဩရိဿနှင့် ဘင်္ဂလားနယ်တို့မှ အခွန်ကောက်ခံပေးရန် စေခိုင်းခြင်း ခံရလေသည်။ ထိုအခါ အရှေ့အိန္ဒိယကုမ္ပဏီမှာ ထိုနယ်များကို အုပ်ချုပ်သူများသဖွယ် ဖြစ်လာသည့်ပြင် အကျိုးအမြတ်များလည်း များစွာခံစားခဲ့ရ ပေသည်။ ထိုပြင် ကလိုက်သည် စစ်တပ်ကို ပြန်လည်ပြုပြင် ဖွဲ့စည်းခဲ့၍၊ ဘင်္ဂလားနယ် မြို့ပြအုပ်ချုပ်ရေးစနစ်များကိုလည်း တိုးတက်ကောင်းမွန်အောင် ပြုပြင်ပေးခဲ့လေသည်။ ၁၇၆၇ ခုနှစ် တွင် ကလိုက်သည် အင်္ဂလန်သို့ ပြန်သွားပြန်၏။
 
ယင်းသို့ အိန္ဒိယ၌ ဗြိတိသှျ၏အာဏာစက်ဗြိတိသျှ၏အာဏာစက် တည်တံ့ခိုင်မြဲ ရေးကို ဆောင်ရွက်ခဲ့ပြီး ပြန်လာခဲ့သော ကလိုက်အား အောက် လွတ်တော်တွင် အိန္ဒိယ၌ သူပြုခဲ့သည့် အချို့သောကိစ္စများနှင့် စပ်လျဉ်း၍ မလိုသူများက လာဘ်စားသူတစ်ဦးအဖြစ်ဖြင့်၎င်း၊ ကိုယ်ကျိုးရှာသူတစ်ဦး အဖြစ်ဖြင့်၎င်း၊ စွပ်စွဲပြောဆိုခြင်း ပြုခဲ့
ကြသည်။ ထိုကြောင့် ပါလီမန်က စုံစမ်းရေးအဖွဲ့ ဖွဲ့စည်း စုံစမ်းစေလျက် သူ၏ဆောင်ရွက်ချက်အချို့ကို ရှုတ်ချသည့် အဆိုများ တင်သွင်းခဲ့သော်လည်း ကလိုက်မှာ ဗြိတိသျှ
အင်ပိုင်ယာ၏အကျိုးကို ဆောင်သူအဖြစ် မှတ်တမ်း တင်ခံရသည့်အပြင် စွပ်စွဲချက်များမှာလည်း ရှင်းလင်းပြေလည် သွား၏။ သို့သော် ကလိုက်မှာ အိန္ဒိယတွင် အတော်ပင်
ကြိုးကြိုးပမ်းပမ်း ဆောင်ရွက်ခဲ့သောကြောင့် ကျန်းမာရေး ချို့တဲ့နေခိုက် ထိုသို့ စွပ်စွဲပြောဆို အရေးယူခြင်း ခံရသောအခါ စိတ်တွင် အတော်ပင်ထိခိုက်သွားရုံသာမက ကျန်းမာရေး အခြေ အနေမှာအခြေအနေမှာ ပို၍ ဆိုးရွားခဲ့လေရာ ၁၇၇၄ ခု နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သူ့ကိုယ်သူ အဆုံးစီရင်လိုက်လေသည်။ ယင်း သို့ဖြင့်ယင်းသို့ဖြင့် အိန္ဒိယနိုင်ငံတွင် ဗြိတိသျှ၏အင်ပိုင်ယာ တည်ဆောက် ပေးခဲ့သူတဦးမှာ မိမိဆောင်ရွက်ကြိုးပမ်းမှုများအတွက် ဂုဏ် မယူရဘဲဂုဏ်မယူရဘဲ ရှက်စိတ်ကြီးစွာဖြင့် ဘဝသိမ်းသွားရရှာလေသည်။
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>