လုစ်-ဂျူလီယန်-ဂျိုးဇက် ကာဆာဗျန်ကာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၅ -
ကာဆာဗျန်ကာသည် အထက်ပါတိုက်ပွဲ၌ သူ၏ ၁ဝနှစ် အရွယ် သားကလေး ဂျာကိုးမိုးကို သူနှင့်အတူ သင်္ဘောပေါ်သို့ ခေါ်လာခဲ့သည်။ တိုက်ပွဲတွင် နယ်လဆင်၏ သင်္ဘောတပ်က အရေးသာ၍ ပြင်သစ် သင်္ဘောများမှာ အဆက်မပြတ် ပစ်ခတ် ခြင်းခံရရာ၊ ပြင်သစ်သင်္ဘောတပ်ကို အုပ်ချုပ်သူ ရေကြောင်း ဗိုလ်ချုပ်ဗရူးဝီးမှာ ကျည်သင့်ကျဆုံး၍ ကာဆာဗျန်ကာမှာလည်း ဒဏ်ရာရသွားလေသည်။ သို့ရာတွင် ကာဆာဗျန်ကာသည် ပြင်သစ် သင်္ဘောတပ်ကို ကွပ်ကဲကာ ဆက်လက်၍ တိုက်မြဲ တိုက်နေ၏။
 
စိုးရိမ်စရာ ဖြစ်လာသောအချိန်တွင် သူ၏ သား ကလေး ဂျာကိုးမိုးအား ကုန်းပတ်တနေရာသို့ ပို့ပြီးလျှင် 'ငါ့သား သည်နေရာက ဘယ်မှ မသွားနှင့်'ဟု မှာထားခဲ့ လေသည်။ လာအိုရီယင့်သဘောင်္ကြီးမှာလာအိုရီယင့်သင်္ဘော ကြီးမှာ နယ်လဆင်၏ရေတပ်က
ဝဲယာညှပ်၍ ပစ်ခတ်ခြင်းကြောင့် နောက်ဆုံးတွင် မီးစွဲလောင် လေတော့သည်။ သို့သော် ကာဆာဗျန်ကာသည် ထိုအချိန်အထိ အလှျော့မပေးသေးဘဲအလျှော့မပေးသေးဘဲ ဆက်လက်၍ တိုက်ခိုက်ယင်း ကျဆုံး သွားလေသည်။
 
သူ၏သားကလေး ဂျာကိုးမိုး ဖခင်၏ မှာထားချက်ကို မပျက်မကွက် လိုက်နာပေသည်။ သင်္ဘောကုန်းပတ် တစ်ခု လုံးသို့ မီးတဖြည်းဖြည်း ကူးစက်တောက်လောင်လာသော်လည်း၊ သူ၏ဖခင်ထံမှ အခွင့်မရသဖြင့် ထားခဲ့သောနေရာမှ ခြေ တစ်လှမ်းမျှ မရွှေ့ဘဲ၊ နောက်ဆုံး၌ သင်္ဘောပေါ်ရှိ ယင်း တိုက်ပေါက်ကွဲရာတွင်ယမ်းတိုက်ပေါက်ကွဲရာတွင် အသက်ဆုံးရှုံးခဲ့၏။ ထိုကြေကွဲ မှတ်သားဖွယ်အဖြစ် အပျက်ကား ၁၇၉၈ ခု ဩဂုတ်လ ၁
ရက် နေ့တွင် ဖြစ်ပွားခဲ့လေသည်။