ဟူအန် ကာလို့စ် ၁: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2+) (ရိုဘော့က တည်းဖြတ်နေသည် - el:Χουάν Κάρλος Α΄ της Ισπανίας
အရေးမကြီးNo edit summary
စာကြောင်း ၁၉ -
၁၉၆၉ ခုနှစ်တွင် ပါလီမန်လွှတ်တော်က ဝှမ်ကာလို့အား စပိန်မင်းသားဘွဲ့ အပ်နှင်း၍ နိုင်ငံတော် အဓိပတိရာထူးကို ဆက်ခံမည့်သူအဖြစ် ကြေငြာသည်။ ၁၉၇၄ ခုနှစ်နှင့် ၁၉၇၅ ခုနှစ်များတွင် နိုင်ငံတော်အဓိပတိ ဗိုလ်ချုပ်ဖရန်ကို နာမကျန်း ဖြစ်သောအခါ နှစ်ကြိမ်တိုင်တိုင် ဝှမ်ကာလို့သည် အဓိပတိ၏ တာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၂ဝ ရက်နေ့တွင် ဗိုလ်ချုပ်ဖရန်ကို ကွယ်လွန်သောအခါ ဝှမ်ကာလို့ သည် နိုင်ငံတော်၏ အခြေခံဥပဒေကို လေးစားခံယူမည့် အကြောင်း ပါလီမန်တွင် ကျမ်းသစ္စာဆိုသည်။ ၁၉၇၅ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် စပိန်နိုင်ငံ၏ ဘုရင်မင်းမြတ် အဖြစ် ခံယူသည်။
 
စပိန်ဘုရင်နှင့် မိဖုရားသည် မဒရစ်မြို့နှင့် သုံးမိုင်ကွာဝေး သော ဇာဇူလာနနး်တော်၌ဇာဇူလာနန်းတော်၌ နေထိုင်ကြသည်။ ဘုရင်ကာလို့သည် အားကစား ဝါသနာပါ၍ ရေခဲပြင်ပေါ် လျှောစီးခြင်း၊ ရွက်လှေ မျှောခြင်း အစရှိသည်တို့တွင် လေ့ကျင့်မှု အတော်အတန် ပြု လုပ်သဖြင့် ကမ္ဘာရွက်လှေပြိုင်ပွဲများတွင် ထူးချွန်ဆုများကို ဆွတ်ခူးခဲ့သူတစ်ဦး ဖြစ်လေသည်။
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁)</ref>