ရှစ်လေးလုံးအရေးအခင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
copy-edit
စာကြောင်း ၁ -
[[File:Uprising.1.jpg|thumb|ရန်ကုန်မြို့လယ်တွင် စုဝေးနေသော ကန့်ကွက်ဆန္ဒပြသူများ၊ ၁၉၈၈]]
[[File:Image preview.jpeg|thumb]]
ထင်ရှားသော '''၈၈၈၈ အရေးအခင်း''' (မြန်မာ- ၈ - ၄လုံး သို့မဟုတ် ရှစ်လေးလုံး၊ MLCTS- hrac le: lum၊ ပြည်သူ့စွမ်းအား အရေးအခင်း ဟုလည်း လူသိများသည်) သည် [[မြန်မာပြည်|ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်]] (ယနေ့ ဗမာနိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံဟု လူသိများသည်) တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော ချီတက်ပွဲများ၊ ချီတက်ဆန္ဒပြပွဲများ၊ ကန့်ကွက်ဆန္ဒပြပွဲများနှင့် အဓိကရုဏ်းများ ကို ရည်ညွှန်းသည်။ အဓိကဖြစ်ရပ်မှာ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဤသည် (၁၉၈၈-၀၈-၀၈) ကို အကြောင်းပြု၍ ၎င်းကို “၈၈၈၈ အရေးအခင်း” ဟု လူသိများသည်။
 
ထင်ရှားသော '''၈၈၈၈ အရေးအခင်း''' (မြန်မာ- ၈ - ၄လုံး သို့မဟုတ် ရှစ်လေးလုံး၊ MLCTS- hrac le: lum၊ ပြည်သူ့စွမ်းအား အရေးအခင်း ဟုလည်း လူသိများသည်) သည် [[မြန်မာပြည်|ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော်]] (ယနေ့ ဗမာနိုင်ငံ သို့မဟုတ် မြန်မာနိုင်ငံဟု လူသိများသည်) တွင် ဆက်တိုက်ဖြစ်ပွားခဲ့သော ချီတက်ပွဲများ၊ ချီတက်ဆန္ဒပြပွဲများ၊ ကန့်ကွက်ဆန္ဒပြပွဲများနှင့် အဓိကရုဏ်းများ ကို ရည်ညွှန်းသည်။ အဓိကဖြစ်ရပ်မှာ ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် ဖြစ်ပွားခဲ့ပြီး ဤသည် (၁၉၈၈-၀၈-၀၈) ကို အကြောင်းပြု၍ ၎င်းကို “၈၈၈၈ အရေးအခင်း” ဟု လူသိများသည်။
၁၉၆၂ ခုနှစ်မှစ၍ [[မြန်မာနိုင်ငံ]]ကို [[ဗိုလ်ချုပ်ကြီးနေဝင်း|ဗိုလ်ချုပ်နေဝင်း]] ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တစ်ပါတီစနစ်ဖြင့် အုပ်စိုးခဲ့သည်။ အောင်မြင်မှုမရခဲ့သော ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းသည် [[မြန်မာနိုင်ငံ]]ကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်စေခဲ့သည်။ အားလုံးနီးပါးသည် ပြည်သူပိုင်သိမ်းခြင်း ခံရပြီး အစိုးရသည် ဆိုဗီယက်ပုံစံ ဗဟိုမှစီမံခြင်းနှင့် အယူသည်းသော ယုံကြည်မှုများကို ပေါင်းစပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သော Newsweek မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်တွင် ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းကို “ဗုဒ္ဓဘာသာနှင့် မာ့က်စ်ဝါဒီ ယုတ္တိမတန်မှု တို့ပေါင်းစည်းခြင်း” ဟု ဖော်ပြခဲ့သည်။
 
၁၉၆၂ ခုနှစ်မှစ၍ [[မြန်မာနိုင်ငံ]]ကို [[ဗိုလ်ချုပ်ကြီးနေဝင်း|ဗိုလ်ချုပ်နေဝင်း]] ဦးဆောင်သော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီက တစ်ပါတီစနစ်ဖြင့် အုပ်စိုးခဲ့သည်။ အောင်မြင်မှုမရခဲ့သော ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းသည် [[မြန်မာနိုင်ငံ]]ကိုမြန်မာနိုင်ငံကို ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံများတွင် တစ်ခုအပါအဝင် ဖြစ်စေခဲ့သည်။ အားလုံးနီးပါးသည် ပြည်သူပိုင်သိမ်းခြင်း ခံရပြီး အစိုးရသည် ဆိုဗီယက်ပုံစံ ဗဟိုမှစီမံခြင်းနှင့် အယူသည်းသော ယုံကြည်မှုများကို ပေါင်းစပ်ခဲ့သည်။ ၁၉၇၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ထုတ်ဝေခဲ့သော Newsweek မဂ္ဂဇင်းပါ ဆောင်းပါးတစ်ပုဒ်တွင် ဆိုရှယ်လစ်စနစ်ဆီသို့ လျှောက်လှမ်းသော မြန်မာ့နည်းကို “ဗုဒ္ဓဘာသာနှင့် မာ့က်စ်ဝါဒီ ယုတ္တိမတန်မှု တို့ပေါင်းစည်းခြင်း” ဟု ဖော်ပြခဲ့သည်။
 
== အရေးအခင်းစတင်ခဲ့ခြင်း ==
Line ၂၁ ⟶ ၂၂:
ရန်ကုန် ကန့်ကွက်ဆန္ဒပြပွဲများ၏ အစပိုင်း ရက်အနည်းငယ်တွင် လှုပ်ရှားသူများက [[မန္တလေးမြို့|မန္တလေး]]ရှိ ရှေ့နေများနှင့် သံဃာတော်များကိုကန့်ကွက်ဆန္ဒပြပွဲများတွင် ပါဝင်ဖို့ တိုက်တွန်းရန် ဆက်သွယ်ခဲ့ကြသည်။ အစိုးရ အလုပ်သမားများ၊ ဗုဒ္ဓဘာသာ သံဃာတော်များ၊ လေတပ်နှင့် ရေတပ် အမှုထမ်းများ၊ အကောက်ခွန် အရာရှိများ၊ ကျောင်းဆရာများနှင့် ဆေးရုံဝန်ထမ်းများ အပါအဝင် အလွှာပေါင်းစုံမှ မြန်မာနိုင်ငံသားများက ကျောင်းသားများနှင့် လျင်မြန်စွာ ပူးပေါင်းခဲ့သည်။ ရန်ကုန်မြို့ရှိ ချီတက်ဆန္ဒပြပွဲများသည် အခြား ပြည်နယ်မြို့တော်များသို့ ပျံ့နှံ့စေခဲ့သော အခြားသော ချီတက်ဆန္ဒပြပွဲများအတွက် အဓိကျသည့် အချက်ဖြစ်ခဲ့သည်။
 
ကန့်ကွက်ဆန္ဒပြသူပေါင်း ၁၀,၀၀၀ ခန့်သည် [[ရန်ကုန်မြို့]]တွင် ဆူးလေဘုရား အပြင်ဘက်တွင် ချီတက် ဆန္ဒပြခဲ့ကြပြီး၊ ထိုနေရာတွင် တရားဝင် ငွေကြေးအဖြစ်မှ ရပ်စဲခဲ့သော ငွေစက္ကူများဖြင့် တန်ဆာဆင်ထားသော [[ဦးနေဝင်း]]နှင့် ဦးစိန်လွင်တို့၏ ပုံတူရုပ်များ ထည့်ထားသည့် ခေါင်းတလားများကို မီးရှို့ကာ မြေမြုပ်ခဲ့ကြသည်။ အခြားသော ကန့်ကွက်ဆန္ဒပြသူများသည် နိုင်ငံအဝှမ်း အားကစားရုံများနှင့် ဆေးရုံများတွင် နေရာယူခဲ့ကြသည်။ ဆူးလေဘုရားရှိ သံဃာတော်များက ဗုဒ္ဓရုပ်ပွားတော်၏ အရိပ်တော်သည် ကောင်းကင်ထဲတွင် ဦးခေါင်းတော်နှင့်ရပ်နေသည့် ပုံသဏ္ဍာန် ပြောင်းသွားခဲ့သည်ဟု ပြောဆိုခဲ့ကြသည်။ ဩဂုတ်လ ၃ ရက်နေ့တွင် အာဏာပိုင်များက မာရှယ်လော ခေါ် စစ်ဥပဒေကို ပြဋ္ဌာန်းခဲ့ရာ ည ၈ နာရီမှ နောက်တနေ့ နံနက် ၄ နာရီ အထိ အပြင်မထွက်ရအမိန့်နှင့် လူငါးယောက်ထက် ပိုမို၍ စုရုံးခွင့်မရှိ အမိန့်များ ထုတ်ပြန်ခဲ့သည်။
 
== ဩဂုတ်လ ၈-၁၂ ရက် ==
Line ၂၇ ⟶ ၂၈:
“[[မြန်မာပြည်]] တစ်ဝှမ်း ကန့်ကွက်ဆန္ဒပြမှုများတွင် ပါဝင်ရန် ထောင်နှင့်ချီသော ပြည်သူများ ထွက်လာခဲ့ကြသည် - ကျောင်းသားများသာမက ဆရာများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ ကျွမ်းကျင် အတတ်ပညာရှင်များ နှင့် အလွှာပေါင်းစုံမှ အလုပ်သမား သမဂ္ဂ အဖွဲ့ဝင်များ ပါဝင်ခဲ့ကြသည်။ ဤနေ့တွင် စစ်အစိုးရသည် ဆုံးဖြတ်ချက် ချပြီးဖြစ်သော ဖိနှိပ်ချုပ်ခြယ်မှုတို့၏ ပထမဆုံးအကြိမ် ကြိုးစားခြင်းကို စတင်ပြုလုပ်ခဲ့သည်။ စစ်သားများသည် ချီတက်ဆန္ဒပြသူများထဲသို့ သေနတ်များဖြင့် ပစ်ခဲ့ကြပြီး ရာနှင့်ချီသော လက်နက်မဲ့ ချီတက်သူများ အသတ်ခံခဲ့ရသည်။ သတ်ဖြတ်ခြင်းသည် တစ်ပတ်ကြာ ဆက်လက်ဖြစ်ပွားခဲ့သော်လည်း လမ်းမများသည် ချီတက် ဆန္ဒပြသူများနှင့် ဆက်လက် ပြည့်လျှံနေခဲ့သည်။”
 
အထွေထွေ သပိတ်မှောက်ကြီးသည် ကြိုတင် စီစဉ်ခဲ့သည့်အတိုင်း ၁၉၈၈ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် စတင်ခဲ့သည်။ ကြီးမားသော ချီတက်ဆန္ဒပြမှုများ မြန်မာနိုင်ငံတစ်ဝှမ်း ကျင်းပခဲ့ရာ လူမျိုးစုများ၊ ဗုဒ္ဓဘာသာဝင်များ၊ အစ္စလမ်ဘာသာဝင်များ၊ ကျောင်းသားများ၊ အလုပ်သမားများနှင့် လူကြီးလူငယ်မရွေး ချီတက် ဆန္ဒပြခဲ့ကြသည်။ ပထမဆုံး စီတန်းလှည့်လည်ခြင်းသည် ရန်ကုန်မြို့ကို လှည့်ပတ်ခဲ့ပြီးနောက် နေရာအချို့တွင် ဟောပြောရန် ရပ်တန့်ခဲ့သည်။ စင်မြင့်ကိုလည်း ဆောက်ခဲ့သည်။ [[ရန်ကုန်မြို့]]ဝန်းကျင်မှ ချီတက်ဆန္ဒပြသူများသည် ရန်ကုန်မြို့လယ်တွင် စုရုံးကြသည်။ ဤနေရာတွင် ကြောက်ရွံ့နေသော ယာဉ်ထိန်းရဲများက လူစုထဲသို့ သေနတ်နှင့် ပစ်ပြီး ထွက်ပြေးသွားပြီး တစ်ဦးတည်းသာ ကျဆုံးမှုရှိသည်ဟု သတင်းပို့ခဲ့သည်။ (ထိုကဲ့သို့ စစ်ကြောင်းချီတက်မှုများသည် စက်တင်ဘာလ ၁၉ ရက်နေ့အထိ နေ့စဉ် ဖြစ်ပွားခဲ့သည်။) ဆန္ဒပြသူများသည် ပြည်သူ့ ဆန္ဒပြပွဲသို့ ပူးပေါင်းဖို့ ဆွဲဆောင်ရန် ကြိုးစားသည့်အနေဖြင့် စစ်သားများ၏ ရှူးဖိနပ်များကို နမ်းခဲ့ကြသည်။ လူအုပ်ကြီးနှင့် အစောပိုင်း အကြမ်းဖက်မှုမှ ကာကွယ်ရန် လူအချို့က စစ်တပ်မှ အရာရှိများကို ဝိုင်းရံ ထားခဲ့သည်။ နောက်ထပ် လေးရက်အတောအတွင်း ချီတက်ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ အစိုးရသည် များပြားလှသော ဆန္ဒပြသူများကို တအံ့တဩဖြစ်ခဲ့ပြီး ဆန္ဒပြသူများ၏ တောင်းဆိုချက်ကို “တတ်နိုင်သလောက်” လိုက်လျောရန် ဂတိပြုသည်ဟု ဆိုခဲ့သည်။ ဦးစိန်လွင်သည် ဆန္ဒပြသူများကို နှိမ်နင်းရန် လက်နက်ကိုင် လှုပ်ရှားမှုများရှိသော နေရာမှ စစ်သားများပိုမို ခေါ်ဆောင်ခဲ့သည်။
 
[[မန္တလေးတိုင်း]]တွင် ပိုမို၍ ဖွဲ့စည်းမှုကောင်းသော သပိတ်မှောက် ကော်မတီကို ရှေ့နေများက ဦးဆောင်ခဲ့ပြီး ဆွေးနွေးပွဲသည် ပါတီစုံ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ဦးတည်ခဲ့သည်။ ကန့်ကွက်ဆန္ဒပြပွဲတွင် ပါဝင်ရန် အနီးအပါး မြို့များနှင့် ရွာများမှ လူပေါင်းများစွာ ရောက်ရှိလာခဲ့ကြသည်။ အထူးသဖြင့် အစိုးရ၏ စီးပွားရေး ပေါ်လစီအပေါ် မကျေနပ်ကြသော လယ်သမားများသည်လည်း ရန်ကုန်မြို့ ဆန္ဒပြပွဲကို ပူးပေါင်းခဲ့ကြသည်။ လူဦးရေ ၅,၀၀၀ ရှိသော ရွာတစ်ရွာတွင်မှ ၂,၀၀၀ သည် သပိတ်မှောက်ပွဲသို့ သွားရောက်ခဲ့သည်။