ညိုမြ (စာရေးဆရာ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၂၉ -
 
 
ရွှေကူရွာ ဆရာလှိုင်၏ မူလတန်း ကျောင်း၊ ကြက်သွန်ဈေးရွာ ဆရာတော် ဦးဉာဏ ကျောင်းတို့တွင် စတင် ပညာ သင်ခဲ့၏။ ၁၉၂၁ ခုနှစ်တွင် မုံရွာမြို့ ဗုဒ္ဓ ဘာသာ အထက်တန်း ကျောင်း (အထက - ၁)၌ မူလတန်း ပညာကို တတိယတန်း အောင်သည် အထိ ဆည်းပူးသည်။ ၁၉၂၃ ခုနှစ်တွင် မန္ဈလေး ကယ်လီ ကျောင်းသို့ ပြောင်းသည်။ ထိုကျောင်းတွင် သတ္တမတန်း အောင်မြင် သည်ထိ နေခဲ့သည်။ ၁၉၂၉ ခုနှစ်တွင် မုံရွာမြို့ ဗုဒ္ဓ ဘာသာ အထက်တန်း ကျောင်း၌ အဋ္ဌမတန်းမှ ဒသမတန်းထိ ဆက်လက် ပညာ သင်ခဲ့ရာ ၁၉၃၂ ခုနှစ်တွင် ဆယ်တန်း အောင်သည်။ ၁၉၃၃ ခုနှစ်တွင် ရန်ကုန် တက္ကသိုလ်၌ ဆက်လက် ပညာ သင်သည်။ ၁၉၃၈ ခုနှစ်တွင် ဝိိဇ္ဇာ (အင်္ဂလိပ်စာ ဂုဏ်ထူးတန်း) ဘွဲ့ ရခဲ့သည်။ ၁၉၃၉ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့တွင် အင်္ဂလန် နိုင်ငံသို့ [[သတင်းစာ]]ပညာ အတွက် ပညာတော်သင် သွားရောက် ခဲ့သည်။ ဒုတိယ ကမ္ဘာစစ်ကြောင့် အင်္ဂလန် တက္ကသိုလ်များ ပိတ်ထား သဖြင့် အမေရိကန် ပြည်ထောင်စု အီဗာဆင်မြို့ရှိအီဗာစတင် နော့သ်သက်စတင်းမြို့ရှိ နော့သ်oက်စတင်း တက္ကသိုလ်တွင် သတင်းစာ ပညာ သင်ယူ ခဲ့သည်။ ၁၉၄၃ ခုနှစ်တွင် မဟာ သိပ္ပံ (သတင်းစာ ပညာ) ဘွဲ့ ရခဲ့သည်။