အဘိဓာန်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
No edit summary |
No edit summary |
||
စာကြောင်း ၅ -
ပုံစံအားဖြင့် အင်္ဂလိပ်မြန်မာ အဘိဓာန်တွင် ပထမဆုံးအင်္ဂလိပ်အက္ခရာအေ (ဗ)မှ နောက်ဆုံးအက္ခရာ (ဇ)အထိ အက္ခရာအစဉ်အတိုင်း စကားလုံးများကို မြန်မာအနက်အဓိပ္ပါယ်
သို့ ပြန်ဆိုထားခြင်း ဖြစ်၏။ ထိုအတူ
အတိုင်း စီစဉ်၍ အင်္ဂလိပ်ဘာသာဖြင့် အနက်အဓိပ္ပါယ် ဖော်ပြထားခြင်း ဖြစ်သကဲ့သို့ မြန်မာအဘိဓာန်တွင် မြန်မာအက္ခရာ (က)မှ (အ)အထိ မြန်မာဝေါဟာရစကားလုံးများကို မြန်မာ
ဘာသာဖြင့် အနက်ဖွင့်ဆိုထားခြင်း ဖြစ်လေသည်။
စာကြောင်း ၂၀ -
သည့် မြန်မာစာကော်မရှင်အဖွဲ့ကို တာဝန်ပေးအပ်ခဲ့သည်။
မြန်မာစာ ကော်မီရှင်အဖွဲ့သည် မိမိစုဆောင်းရရှိထားသော ဝေါဟာရများကို ''[[လုပ်သားပြည်သူ့နေ့စဉ်]]''နှင့်''[[ဗိုလ်တထောင်]]''သတင်းစာများတွင် ထည့်သွင်းကျေညာ၍ ရဟန်းရှင်လူ ပြည်သူများ၏ ဖြည့်စွက်အကြံပေးချက်များကို တောင်းခံခဲ့၏။ ရဟန်းရှင်လူ ပြည်သူများကလည်း အားကြိုးမာန်တက် ဖြည့်စွက်အကြံပေးခဲ့ကြသည်။ မြန်မာစာ ကော်မီရှင်အဖွဲ့သည် မူလစုဆောင်းထားသော ဝေါဟာရများနှင့် ပြည်သူ့တို့ ဖြည့်စွက်ပေးပို့သည့် ဝေါဟာရများကို စုပေါင်း၍ အဘိဓာန် ဝေါဟာရ မူကြမ်းစာအုပ်များ ပုံနှိပ်ခဲ့သည်။ ထို မူကြမ်းစာအုပ်များကို
မြန်မာစာကော်မရှင်၏ အဘိဓာန် ပြုစုရေးလုပ်ငန်းတွင် ပါဝင် ကူညီရန်အတွက် လမ်းစဉ်ပါတီဌာနချုပ်၏ ညွှန်ကြားချက်အရ မြို့နယ်ပါတီယူနစ်နှင့် မြို့နယ်လုံခြုံရေးနှင့် အုပ်ချုပ်မှုကော်မတီ အသီးသီးတို့က ဦးဆောင်ဖွဲ့စည်းထားသည့် မြို့နယ် မြန်မာစာအဖွဲ့များထံ ပေးပို့ခဲ့သည်။ မြို့နယ် မြန်မာစာအဖွဲ့ဝင်များက လေ့လာပြီးလျှင် ထိုမူကြမ်းစာအုပ်များ တွင် မပါဝင်ပဲ ကြွင်းကျန်နေသည့် ဝေါဟာရများကို ထပ်ဖြည့်ပေးရမည်။ ထိုဖြည့်စွက်ချက်များကို နောက်ထပ်ပေါင်းပြီးလျှင် အဘိဓာန်စာအုပ်ကြီး ထုတ်ဝေမည် ဖြစ်လေသည်။
စာကြောင်း ၄၀ -
သမ္မာကျမ်းစာနှင့် သက်ဆိုင်၍ ပြုစုထားသော အဘိဓာန်ကိုကျမ်းပြိုင်စာအုပ်ဟု ခေါ်သည်။ မျိုးခြား ဘာသာစကားကို သင်ကြား လေ့လာရာ၌ အဘိဓာန်များမှာ အထောက်အပံ့များစွာ
ရနိုင်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)</ref>
အဘိဓာန်ဟူသည်မှာ ဘာသာစကားတွင် ရှိနှင့်ပြီးဖြစ်သော စကားလုံးများကို အနက်အဓိပ္ပာယ်၊ အထောက်အထား၊ အကိုးအကားများနှင့်တကွ အက္ခရာစဉ်အတိုင်း ဖော်ပြမှတ်တမ်းတင်ထားသော ကျမ်းဖြစ်၏။ အဘိဓာန်သည် မည်သည့်အခါမျှ စကားလုံးအဆန်းမထွင်။ အဘိဓာန်ကို အသုံးပြုရာ၌လည်း အောက်ပါအကြောင်းလေးရပ်အနက် အကြောင်းတရပ်ရပ်ကို သိလို သောကြောင့်သာ အသုံးပြုသည်ဖြစ်ရာ၏။ ယင်းအကြောင်းလေးရပ်မှာ -
# စာလုံးပေါင်း (သတ်ပုံသတ်ညွှန်း၊ ရစ်ပင့်ခွဲထားစသည်)ကို သိလိုခြင်း။
# အသံထွက်ကိုသိလိုခြင်း
# အနက်အဓိပ္ပါယ်ကို သိလိုခြင်း
# စကားလုံး၏ ဇစ်မြစ်ကိုသိလိုခြင်းတို့ ဖြစ်ကြသည်။ သို့ရာတွင် အဘိဓာန်ကျမ်းတိုင်း အထက်ပါ သိလိုချက်အား လုံး ပါ၀င်လိမ့်မည်ဟု မယူဆအပ်ပေ။ အောက်စဖို့အဘိဓာန်ကဲ့သို့သော ကမ္ဘာကျော် အင်္ဂလိပ် အဘိဓာန်ကြီးမှာမူကား အထက်ပါ အင်္ဂါရပ်များအပြင် စကားလုံးကို စတင်အသုံးပြုသော ခေတ်ကိုပင် ဖော်ပြထားလေသည်။
== ကိုးကား ==
<references/>
|