"စမုန်စပါး" ၏ တည်းဖြတ်မှု မူကွဲများ

၃၀ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - ml:പെരുംജീരകം)
[[File:L_fennel.jpg|thumb|စမုန်စပါး]]
ပုံသဏ္ဌာန် : အပင်
အပင်ငယ်မျိုးဖြစ်၍ အမြင့် ၃ပေခန့်၃ ပေခန့် ထိ မြင့်သည်။ ပင်လုံးသေး၍ အခေါင်းပါသည်။ ရိုးတံမှ အကိုင်း အခက် ကလေးများ ထွက်၏ ။
အရွက်
အရွက်နူးညံ့ပြီး သေးမွှားသော အမျှင်ကလေးများ ဖြစ်ကြ၏ ။ မွှေးကြိုင်သော အနံ့ရှိသည်။
စိုက်ပျိုးပင် အဖြစ် ပေါက်ရောက်သည်။
စိုက်ပျိုးပုံ-
 
(က) ပျိုးထောင်စိုက်ပျိုးခြင်း
 
စမုန်စပါးပင်များကို တစ်ပင်နှင့် တစ်ပင် ၁ပေကွာ လေးကွက်ကျား စိုက်ပျိုးရသည်။ စိုက်ပျိုးမှုလွယ်ကူရန် ထွန်သွားကို ၁ ပေ ခြား၍ လေးကွက် ကျား ကြောင်း ဆွဲပြီး ၎င်းတို့ ဆုံသော နေရာများတွင် မျိုးစေ့ ၄ စေ့ခန့် ထည့်လျက် ကြမ်းတုံးဖြင့် မြေညှိပေးရသည်။
 
(ခ) ထိန်းသိမ်းပြုစုခြင်း
 
စိုက်ပျိုးထားသော စမုန်စပါးပင်များအား ပေါင်းပင်များ မဖုံးလွှမ်းနိုင်စေရန် အချိန်မီ ကြားပေါင်းထွန်လိုက်ခြင်း ၊ ပင်ခြေတွင် ပေါင်းရှင်း ပေးခြင်း ၊ မြေဆွပေးခြင်းများ ပြုလုပ်ပေးရပါသည်။
 
(ဂ) ရိတ်သိမ်း ဆွတ်ခူးခြင်း
 
တပို့တွဲလအတွင်း ရိတ်သိမ်း၍ ပင်ခြေမှ တံစဉ်ဖြင့် ရိတ်ယူပြီး တလင်းတွင် စုပုံ၍ အခြောက်လှန်းရသည်။
 
(ဃ) ပြုပြင် ထုတ်လုပ်ခြင်း
 
အသီးခြွေရာတွင် နွားဖြင့် ခြွေပါက မျိုးစေ့ များ ကွဲကြေနိုင်သဖြင့် စုပုံကာ တုတ်ဖြင့် ရိုက်ပြီး ခြွေယူရ၏ ။ ရရှိသော စမုန်စပါးမျိုးစေ့များကို အခြောက်ထားရသည်။
 
အသုံးဝင်ပုံ : အာနိသင်
မြန်မာဆေးကျမ်း များ အလိုအရ စမုန်စပါးသည် ပူ၏ ၊ အစာကို ကြေညက်စေ၏ ။ လေ ၊ သလိပ် ၊ သွေးကို ဖြောင့်စေ၏ ၊ ညီမျှစေ၏ ။ နှလုံးကို အကျိုးပြု၏ ။ ဝမ်းမီး နုံ့ခြင်း ကို ပျောက်ကင်း စေတတ်၏ ။ လေအားကြီး သောအနာသောအနာ၊ အတွင်းပူနာ၊ အတွင်းပူနာရေငတ်နာ ၊ ရေငတ်နာတို့ကိုတို့ကို နိုင်၏ ။
အသုံးပြုပုံ-
 
အစေ့
၁ ။# စမုန်စပါးကို အဆီထုတ်၍ အနောက်နိုင်ငံ ဆေးဝါး များတွင် လေဆေးအဖြစ် အသုံးပြု၏ ။
၂ ။# စမုန်စပါးကို စားသုံးခြင်းဖြင့် သလိပ် ၊ လေကို ပယ်၍ ချောင်းဆိုးခြင်း ၊ အန်ခြင်းတို့ကို ပျောက်ကင်း စေနိုင်၏ ။
၃ ။# အဖျားကြီး ၊ အပူကြီး သော် စမုန်စပါးကို ညဦးက စိမ်၍ နံနက် တိုက်ပေးခြင်းဖြင့် အပူရှိန် လျော့၍ အဖျားကျသွားမည်။
၄ ။# ကလေးများ အစာမကြေရောဂါ အတွက် စမုန်စပါးကို ရေနွေးဖြော၍ တိုက်သော် အစာမကြေ ဝမ်းဗိုက်ရောင် ရောဂါ ပျောက်ကင်း၏ ။
၅ ။# ဥသျှစ်သီးကင်းနှင့် စမုန်စပါးကို ရောထောင်း၍ သောက်လျှင် အစာမကြေ ဝမ်းရောဂါပျောက်ကင်း ၏။ဝမ်းရောဂါပျောက်ကင်း၏။
၆ ။# စမုန်စပါးနှင့် သကြားကို ဆတူရော၍ ညအိပ်ရာဝင်သောက်သော် မျက်စိကြည်လင်သည်။
 
အရွက်
၁ ။# အရွက်ကို အရည်ညှစ်၍ သောက်လျှင် ဆီးချုပ် ၊ဆီးချုပ်၊ ဆီးဆီးအောင့် အောင့်ပျောက်၍ပျောက်၍ ဆီးကောင်းစေသည်။<ref>http://arogyamonline.com/commodity/materials/?raw=52</ref>
 
== ကိုးကား ==
<references/>
၁၄၅

တည်းဖြတ်မှုများ