"ကနခို" ၏ တည်းဖြတ်မှု မူကွဲများ

၁၉ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
အရေးမကြီး (ရိုဘော့က ပေါင်းထည့်နေသည် - zh:巴豆)
ပေါက်ရောက်ပုံ။ ။ စိုက်ပျိုးပင် ဖြစ်သည်။
စိုက်ပျိုးပုံ-
 
(က) ပျိုးထောင်ခြင်း။ ။ ကနခို ကို သီးသန့်စိုက်မည် ဆိုပါက မြေကို ကောင်းစွာ ထွန်ယက်ပေး ရမည်။ အစေ့ကို ပျိုးထောင်ရန် မလိုဘဲ တိုက်ရိုက်ချ၍ စိုက်နိုင်သည်။ ကနခို အခင်းအနေဖြင့် သီးခြားစိုက်ပါက တစ်ပင်နှင့်တစ်ပင် ၈ ပေ ၁၀ ပေ ခန့် ခွာစိုက်သင့်သည်။
 
(ခ) ပြုစု ဂရုစိုက်ခြင်း။ ။ ပေါင်းသင်းရှင်းလင်းခြင်း ၊ မြေဆွခြင်း ၊မြေဩဇာကျွေးခြင်း၊ ရေလောင်းခြင်းတို့ကို အပင်နှင့် မြေသား အခြေအနေကြည့်၍ ဆောင်ရွက်ပေး ရမည်။
 
(ဂ) အသီးခူးခြင်း။ ။ ပင်သက် ၃ နှစ်သားမှ စ၍ သီးသော်လည်း ၆ နှစ်သားရောက်မှသာ သီးထွက်ကောင်းသည်။ တပို့တွဲမှ ကဆုန်လအတွင်း အသီးများရင့်မှည့် လာပါက ဆွတ်ခူးပြီး အစေ့ကို ထုတ်ယူရသည်။
အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ ကနခို စေ့သည်ခါး၏။ ပူသော သတ္တိရှိ၏။ လေသလိပ် ဖောက်ပြန်ခြင်းကို ပျောက်ကင်းစေ၏။ ဝမ်းမီးကို တောက်စေ၏။ အစေ့ဆီသည် လေသလိပ်ကို ကြေစေနိုင်၏။ ဝမ်းတစစ်စစ်သက်သောရောဂါကို ပျောက်ကင်းစေနိုင်၏။ အသည်းရောင်ခြင်းနှင့် မေ့မြောသောရောဂါ ၊ ရွဲ့စောင်းသောရောဂါတို့မှ ကင်းဝေးစေ၏ ။ အဆိပ်ကို ပြေစေသည်။
အသုံးပြုပုံ-
 
အစေ့
၁။# ကနခိုစေ့ကို ဝမ်းနုတ်ဆေး အပုပ်ချဆေးများတွင်ထည့်သွင်း အသုံးပြုသည်။
၂။# ကင်းမြီးကောက်ကိုက်သောဒဏ်ရာတွင် ကနခိုစေ့သွေးလိမ်းပေးသော် ကင်းမြီးကောက်အဆိပ် ပျောက်ကင်း၏။
 
အစေ့ဆီ
၁။# အစေ့ဆီကို ချင်းစိမ်းရေနှင့် ရော၍ ကလေးကြက်ညှာချောင်းဆိုးရောဂါ ကု ဆေးအဖြစ်သုံးသည်။
၂။# ကနခိုဆီ ၁ ဆ နှင့် အုန်းဆီ ၈ ဆ ရောစပ်၍ အဆစ်အမျက်ကိုက်ရောဂါကို လိမ်းပေးက ပျောက်၏ ။
၃။# ဝမ်းဗိုက်နှင့် စပ်လျဉ်းသောရောဂါ ၊ အကြောတက်ရောဂါ ၊ အဖျားရောဂါ ၊ရောင်နာ ၊ ရင်းနာ ၊ လည်ချောင်း ၊ နားနှင့်ပတ်သက်သော ရောဂါများ အတွက်လည်း အသုံးပြုနိုင်၏။ <ref>http://arogyamonline.com/commodity/materials/?raw=125</ref>
 
== ကိုးကား ==
<references/>
၁၄၅

တည်းဖြတ်မှုများ