မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၇ -
== မြို့ပြ အင်ဂျင်နီယာ ဘာသာရပ်၏ သမိုင်းကြောင်း ==
မြို့ပြအင်ဂျင်နီယာဘာသာရပ်သည် သိပ္ပံနည်းကျနှင့် ရူပဗေဒနည်းကျ နိယာမများ အသုံးချမှုတစ်ခုဖြစ်ပြီး၊ ၄င်း၏သမိုင်းကြောင်းသည် သမိုင်းကြောင်းတလျောက်လုံး ရူပဗေဒနှင့် သင်္ချာ နားလည်ကျွမ်းကျင်ခြင်းဆိုင်ရာ တိုးတက်မှုများနှင့် ရှုပ်ထွေးစွာ ဆက်နွယ်နေခဲ့သည်။ အကြောင်းမှာ မြို့ပြအင်ဂျင်နီယာသည် မြောက်မြားစွာ ခွဲခြမ်းစိတ်ဖြာထားကာ အထူးပြုထားသည့် နိယာမခွဲများပါဝင်နေလျက်ရှိပြီး တောက်လျှောက် ကျယ်ပြန့်သော အသက်မွေးဝမ်းကျောင်းအလုပ်၊ ကျွမ်းကျင်မှုတစ်ခုဖြစ်ကာ၊ ၄င်း၏သမိုင်းကြောင်းသည် ဖွဲ့စည်းတည်ဆောက်ပုံများ၊ ဒြပ်ဝတ္ထုသိပ္ပံဗေဒ၊ ပထဝီဗေဒ၊ ဘူမိဗေဒ၊ မြေဆီလွှာများ၊ ဟိုက်ဒရိုလိုဂျီ ရေဗေဒ၊ သဘာဝပတ်ဝန်းကျင်၊ မက္ကင်းနစ် ရုပ်ဝတ္ထု/စက်ယန္တရား ဗေဒနှင့် အခြားနယ်ပယ်များမှ အသိပညာများနှင့် ဆက်စပ်နေသောကြောင့်တည်း။ ရှေးဟောင်း ဥရောပအလယ်ခေတ်တလျောက်လုံး ဗိသုကာဒီဇိုင်းနှင့် ဆောက်လုပ်ရေးကို ကျောက်ပန်းရံများနှင့် လက်သမားများကဲ့သို့သော လက်မှုပညာသည်များ ကျွမ်းကျင်ဆောက်လုပ်ရေးလုပ်သားကဏ္ဍကို မြှင့်တင်လျက် လုပ်ဆောင်ခဲ့ကြသည်။ အသိပညာကို အဖွဲ့အစည်းများတွင် လက်ရှိထိန်းသိမ်းထားခဲ့ကြပြီး၊ ရံဖန်ရံခါလည်း တိုးတက်မှုများက ကျော်တက်ခဲ့သည်။ ရှိပြီးသား တည်ဆောက်မှုများ၊ လမ်းများနှင့် နိုင်ငံ့အခြေခံအဆောက်အအုံများသည် ထပ်ထပ်ရှိပြီး၊ နှုန်းထားမြင့်တက်ခဲ့သည်များမှာ အကျိုးအမြတ်တိုးပွားခဲ့သည်။ မြို့ပြအင်ဂျင်နီယာနှင့် သင့်လျော်ကိုက်ညီသော ရူပဗေဒနှင့် သင်္ချာဆိုင်ရာ ပြဿနာများကို သိပ္ပံနည်းကျချဉ်းကပ်မှု အစောဆုံးဥပမာများထဲကတစ်ခုမှာ ဘီစီ၃ရာစုက ရေပေါ်ပေါလောပေါ်မှုကို နားလည်အောင် ရှင်းပြသည့် အာခီးမီးဒီးနိယာမနှင့် '''အာခီးမီးဒီး၏ဝက်အူ''' ကဲ့သို့သော လက်တွေ့ဖြေရှင်းချက်များအပါအဝင် အာခီးမီးဒီး(စ်)၏လုပ်ဆောင်ချက်ဖြစ်သည်။ အိန္ဒိယသင်္ချာပညာရှင် ဘရမ်မာဂုပ္တက အေဒီ၇ရာစုတွင် မြောင်းတူးခြင်းထုထည်တွက်ချက်မှုများအတွက် ဟိန္ဒူ-အာရေဗျ ကိန်းဂဏန်းများကိုအခြေခံလျက် ဂဏန်းသင်္ချာကိုအသုံးပြုခဲ့သည်။
[[File:Tour Eiffel Wikimedia Commons.jpg|thumb|upleft| The [[Eiffel Tower]], designed by [[Gustave Eiffel]]
 
 
== ကိုးကား ==