စိန်လွင် (နိုင်ငံတော်သမ္မတ): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - zh:吴盛伦
အရေးမကြီး r2.7.3) (Robot: Modifying zh:吴盛伦 to zh:盛伦; cosmetic changes
စာကြောင်း ၂၂ -
}}
 
== ဦးစိန်လွင်(၁၉၂၃-၂၀၀၄) ==
မြန်မာပြည်သမိုင်းတွင် ၁၈ ရက်သာ တာဝန်ထမ်းဆောင်ခဲ့ရသော နိုင်ငံတော်သမ္မတတစ်ဦးဖြစ်သည်။ [[ အေးကို၊ ဦး (နိုင်ငံတော်သမ္မတ)‎| ဦးအေးကို]] နိုင်ငံတော်သမ္မတ အဖြစ် အနားယူပြီးနောက် ၁၉၈၈-ခုနှစ်၊ ဇူလိုင်လ ၂၇-ရက်မှ ၁၉၈၈-ခုနှစ်၊ ဩဂုတ် ၁၂-ရက်အထိ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့ရသူ ဖြစ်သည်။
[[File:Dscn4146.jpg|thumb|ဦးစိန်လွင် ရေးထိုး၍ အမိန် ဥပဒေ ထုတ်ပြန်ခဲ့သော [[ငွေစက္ကူ]]များကို တရားမဝင် [[ငွေကြေး]]များအဖြစ် ကြေငြာချက်]]
 
== ငယ်ဘဝ ==
ဦးစိန်လွင်သည် ၁၉၂၄-ခုနှစ်၊ ဇန်နဝါရီလ (၂၇)ရက်၊ တနင်္ဂနွေနေ့တွင် ပေါင်မြို့၌ အဖ ဦးရွှေရင်၊ အမိ ဒေါ်မမကြီးတို့မှ မွေးဖွားခဲ့သည်။
 
== ပညာသင်ဘဝ ==
၁၉၄၄-ခုနှစ်၊ မေလ(၂၇)ရက်နေ့တွင် ဂျပန်ခေတ် တတိယပတ် စစ် တက္ကသိုလ် ဗိုလ်သင်တန်းတက်ရောက်ပြီး နိုဝင်ဘာလ(၃ဝ)ရက်နေ့တွင် ကျောင်း ဆင်းခဲ့သည်။
 
== အမှုထမ်းဘဝ ==
အလယ်တန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ၁၉၄၂- ခုနှစ်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်တွင် ဝင်ရောက် အမှုထမ်းခဲ့သည်။ ၁၉၄၃-ခုနှစ်တွင် ဗမာ့ကာကွယ်ရေးတပ်မတော် တပ်ရင်း(၁) တွင် အရာရှိအဖြစ် တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၄၅-ခုနှစ်တွင် တိုင်း(၂) မြစ်ဝကျွန်းပေါ်ဒေသ၌ ဖက်ဆစ်ဂျပန်တော်လှန်ရေးတွင် တပ်ရင်း (၈၃) ၌ တပ်ခွဲမှူး အဖြစ် တာဝန်ယူထမ်းဆောင်ခဲ့ပါသည်။
 
စာကြောင်း ၄၅ -
နေဝင်းက သူ့ကို သူ၏ ယုတ်မာ ရက်စက်သော လုပ်ဆောင်မှုများ အတွက် ကောင်းစွာ ချီးမြှင့်သည့် အနေဖြင့် ၁၉၈၈ ခုနှစ်၊ ဇူလိုင်လ ၂၇ ရက်နေ့တွင် နိုင်ငံတော် သမ္မတနှင့် မဆလ ပါတီ ဥက္ကဋ္ဌ အဖြစ် တာဝန်ပေးခဲ့သည်။ ဩဂုတ်လ ၈ ရက်နေ့တွင် တတိုင်းတပြည်လုံး အနှံ့ ပြည်သူ သန်းပေါင်းများစွာသည် လမ်းမများပေါ်သို့ ထွက်၍ စစ်အုပ်စိုးမှု ရပ်စဲရန် တောင်းဆိုခဲ့ကြသည်။ ပြည်သူလူထု အတွက် ၂၆ နှစ်ကြာ ဖိနှိပ်ခံခဲ့ရမှုသည် လုံလောက်ခဲ့ပြီ။ စထွက်သည်နှင့် စိန်လွင်က ကြမ်းကြမ်းတမ်းတမ်း တုံ့ပြန်သည့် အနေဖြင့် ဆန္ဒပြမှုများအား သေနတ်ဖြင့် ပစ်ခတ် လူစုခွဲရန် ခြေမြန်တပ်မ (၂၂) မှ စစ်သားများကို စေလွှတ်ခဲ့သည်။ ဆန္ဒပြနေသူ လူအုပ်ကြီးများထဲသို့ စစ်တပ်က လက်လွတ်စပယ် ပစ်ခတ်ခဲ့မှုကြောင့် လူ သုံးထောင် (၃,၀၀၀) ထက်မနည်း သေကြေခဲ့ရသည်။ ထိုသို့ ရှစ်လေးလုံး ပြည်သူ့ အရေးတော်ပုံ အတွင်း သူ၏ ပြည်သူလူထု အပေါ် လူမဆန်စွာ ရမ်းကား သတ်ဖြတ်မှုများကြောင့် "ရန်ကုန်မှ သားသတ်သမား" ဟု ကမ္ဘာက အမည် ပေးခဲ့ရသည်။ သို့သော်လည်း ပြည်သူလူထု၏ ဒီရေအလား ဆန့်ကျင် အုံ့ကမှုများကြောင့် စိန်လွင်၏ သမ္မတ သက်တမ်းသည် ၁၈ ရက်သာ တည်မြဲခဲ့ပြီး၊ ၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် တာဝန် အားလုံးမှ နှုတ်ထွက် ပေးခဲ့ရသည်။ ၂၀၀၂ ခုနှစ်၊ မတ်လတွင် သူ့ဆရာသခင် အိမ်အကျယ်ချုပ်သဖွယ် ခံရပြီးနောက် မကြာမီပင် သူလည်း တရားမဝင် ရရှိနေသော ခံစားခွင့်များ၊ ဩဇာ အာဏာများ ဆုံးရှုံးခဲ့ပြီး မဖြစ်စလောက်သော စစ်တပ် ပင်စင် လစာလေးဖြင့် ဆင်းရဲနွမ်းပါးစွာ ရှင်သန် နေခဲ့ရသည်။ <ref>'ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ'၊ အောင်ခင်၊ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုသူ ဒေါက်တာတင့်ဝေနှင့် ဒေါက်တာအေးကျော်၊ စာတည်းဖြတ်သူ မြဝတီရဲခေါင်၊ ၂၀၀၄ ခုနှစ်၊ အောက်တိုဘာ၊ တတိယအကြိမ် ပြုပြင်တည်းဖြတ် ထုတ်ဝေခြင်း၊ ခေတ်ပြိုင် ဂျာနယ်တိုက်။</ref>
 
== ပြည်ပခရီးများ ==
၁၉၈ဝ-ပြည့်နှစ်၊ ဒီဇင်ဘာလ(၁၈)ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့လည်းကောင်း၊ ၁၉၈၁-ခုနှစ်၊ ဇူလိုင်လ(၁၅)ရက်နေ့တွင် ကိုးရီးယား နိုင်ငံ သို့လည်းကောင်း သွားရောက်ခဲ့ပါသည်။
 
== မိသားစု ==
ဦးစိန်လွင်သည် ဒေါ်ရွှေတင်(ခ) ဒေါ်တင်တင်လှိုင်နှင့် လက်ထပ်၍ သားသမီး ငါးဦး ထွန်းကားခဲ့သည်။
 
== ဘဝနိဂုံး ==
၁၉၈၈-ခုနှစ်တွင် တာဝန်များမှ အနားယူခဲ့သော ဦးစိန်လွင်သည် သူ၏ အစာအိမ်ရောဂါ အတွက် စင်ကာပူတွင် ကုသမှု ခံယူပြီး အပြန်၂ဝဝ၄- ခုနှစ်၊ ဧပြီလ(၉)ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်ခဲ့သည်။ ကွယ်လွန်ချိန်တွင် အသက်(၈၁)ရှိပြီ ဖြစ်သည်။
 
စာကြောင်း ၇၆ -
[[ja:セイン・ルイン]]
[[pl:Sein Lwin]]
[[zh:盛伦]]