"မန်ကျည်း" ၏ တည်းဖြတ်မှု မူကွဲများ

၈၅ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
အရေးမကြီး
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (r2.7.1) (ရိုဘော့က ပေါင်းထည့်နေသည် - ne:तित्री)
အရေးမကြီး
| binomial_auth = L.
}}
'''မန်ကျည်း''' (Tamarindus indica) (အာရပ်ဘာသာမှ تمر هندي tamar hindi = အိန္ဒိယ date သီး) သည် Fabaceae မျိုးရင်းတွင် ပါဝင်သည်။ Tamarindus မျိုးစုသည် မျိုးစိတ်တစ်ခုတည်းသာ ရှိသောမျိုးစုဖြစ်သည်။ မန်ကျည်းသည် မုတ်သုန်ရာသီဥတုတွင် ပေါက်မြောက်သော အပင်ဖြစ်ြပီး ဆူဒန် နှင့် မဒါဂတ်စကား ၏အစိတ်ပိုင်း ရွက်ကြွေတောများအပါအဝင်အစိတ်ပိုင်း ရွက်ကြွေတောများ အပါအဝင် မုတ်သုံ အာဖရိကတွင် စတင်အရင်းခံသည်။
 
==Tamarind (မန်ကျည်း)==
ပုံသဏ္ဌာန် : ပင်ကြီးမျိုး ဖြစ်သည်။ ငှက်မွေးရွက်ပေါင်း ဖြစ်သည်။ အဖူးနှင့် အဆုံးသတ်သော ပန်းခိုင်မျိုးဖြစ်သည်။ အသီးသည် ရှည်မျောမျော နည်းငယ်ကွေးသည်။ မအက်ကွဲသီး ဖြစ်သည်၊ အစေ့သည် လေးထောင့်ပုံသဏ္ဌာန်ဖြစ်၍ နီညိုရောင်ရှိသည်။
 
အပင်----အမြဲစိမ်း သစ်မာပင် ကြီးမျိုး ဖြစ်သည်။ အခေါက်များ မည်းညိုရောင် ရှိပြီး ထူပြီး ကြမ်းသည်။ အကိုင်းများစွာ ဖြာသည်။
 
အရွက်--ငှက်မွေး ရွက်ပေါင်း ဖြစ်သည်။ ရွက်လွှဲ ထွက်သည်။ ရွက်မြွာများ သေးငယ်၍ နူးညံ့ပြီး မျက်နှာချင်း ဆိုင် ထွက်သည်။ ရှည်မျောမျော ပုံရှိသည်။
 
အပွင့်--- သေးငယ်သည်။ အဝါရောင် ပေါ်တွင် အနီစင်း များရှိသည်။ တစ်ခိုင်တွင် အပွင့် ၁၀-၁၅ ပွင့် ပါရှိသည်။ တန်ဆောင်မုန်း နတ်တော်လ တွင် ပွင့်၏ ။
 
အသီး----သီးတောင့် ရှည်မျိုး ဖြစ်သည်။ စိမ်းညိုရောင် ရှိသည်။ အသားထူသည် ။ တစ်ခန်း တွင် အစေ့ တစ်စေ့ ပါသည်။ အစေ့သည် တောက်ပ သော ညိုမည်းရောင် ရှိ၍ မာသည်။ ပြာသို ၊ တပို့တွဲ ၊ တပေါင်း တွင် အသီးရင့် သည်။
 
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : ပဉ္စငါးပါး ၊ အခေါက် ၊ အရွက် ၊ အသီး ၊ အစေ့။
 
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : အပူပိုင်း ဒေသတွင် ပေါက်ရောက်သည်။
သဘာ၀ အလျောက် ပေါက်ရောက်သည်။
 
အသုံးဝင်ပုံ : အာနိသင်--- မြန်မာ ဆေးကျမ်းများ အလိုအရ မန်ကျည်းပင် သည် ပူ၏ ၊ချဉ်၏ ၊ သည်းခြေကို ဖြစ်စေ တတ်၏ ၊ သလိပ်ကို ပွားစေ ၏ ၊ လေကို နိုင်၏ ၊ အရွက်သည် ရောင်တင်း ခြင်း ၊ သွေးဖောက် ပြန်ခြင်း ၊ နားရောဂါ ၊ မျက်စိ ရောဂါ ၊ မြွေဆိပ် သင့်ခြင်း တို့ကို နိုင်၏ ။အသီးစိမ်း သည် ချဉ်၏ ၊ ချို၏ ၊ ပူ၏ ၊သည်းခြေနှင့် သလိပ်ကို ဖြစ်စေ၏ ။ အသီးမှည့်သည် ပူ၏ ၊ ဝမ်းမီး ကို တောက်စေ ၏တောက်စေ၏ ၊ အနည်းငယ် ဝမ်းသက်စေ ၍ဝမ်းသက်စေ၍ သလိပ်နှင့် လေကို နိုင်၏။
 
အသုံးပြုပုံ-
ပဉ္စငါးပါး
၁ ။ မန်ကျည်း ပဉ္စငါးပါးကို ပြာ ချဆား ချက်ပြီး ညနံနက် အနည်းငယ် မျှစီ သောက်ပေးပါက သွေးလုံး လေလုံး ပျောက်၏။
 
အခေါက်
၁ ။# အခေါက်ကို ညောင်းကျ ရောဂါ ၊ ဆီးနှင့် စပ်လျဉ်းသော ရောဂါ ၊ သွေးမြင်း သရိုက် ရောဂါ ၊ ကိုယ်ရေ ဝါ ရောဂါ နှင့် ဝမ်းဗိုက်အောင့် နာကျင်ခြင်း ရောဂါများ တွင် သုံး၏။
၂ ။# အခေါက်ကို အပွေးနှင့် တကွ ပြာချပြီး အစာစား ပြီး နောက် ရေနှင့် ရောသောက်သော် လေချဉ် တက်ခြင်း အန်ခြင်း ပျောက်၏ ။
၃ ။# အခေါက်ပြာ ကို ပျားရည်နှင့် ဖျော်လျက်သော် ဝမ်းဗိုက် ထိုးအောင့် နာကျင်ခြင်း ပျောက်၏ ။
၄ ။# အပွေးကို ကျွမ်းအောင် ဖုတ်၍ အမှုန့် ပြုပြီး ရေနွေးနှင့် သောက်က အစာမကြေ ရောဂါ ပျောက်၏ ။
၅ ။# အခေါက်ကို ရေနှင့် သွေး၍ မျက်စိနာ ၊ အနာဖု များ၊ အဆိပ်ရှိ သတ္တဝါများ ကိုက်သော ဒဏ်ရာများ ကို လိမ်းပေးက ပျောက်၏ ။
 
အရွက်
၁ ။# အရွက်ရည် ကို နှမ်းဆီနှင့် ရောချက်၍ နားတွင် အနည်းငယ် ခတ်ပေးသော် နားကိုက် နားနာ ပျောက်၏ ။
# ။အရွက်ကြိတ်အရွက်ကြိတ် ညှစ်ရည်ကို နံနက် ည ကြွေဇွန်း ကြီး တစ်ဇွန်း ကျ သောက်သော် ဆီးပူခြင်း ပျောက်၏။
၃ ။# အပူလွန် ၍ ယားယံခြင်းအတွက် မန်ကျည်း ရွက် ကြိတ်ညှစ်ရည် ကို လိမ်းပေးက ပျောက်၏ ။
၄ ။# မန်ကျည်းရွက် ညှစ်ရည်သည် တစ်ဆ၊ သိန္ဓောဆား နှစ်ဆ ရော၍ သောက်ပါက မြွေဆိပ် ပြေစေ ၏ ။
၅ ။# မန်ကျည်းရွက် နှင့် ကလိန်စေ့ ရောစားပါ က ချွေးထွက် လွန်ခြင်း ၊ ချွေးနံ့ မကောင်းခြင်း ပျောက်၏။
 
အသီး
၁ ။# မန်ကျည်းသီး အနှစ်အား ဝမ်းနုတ်ဆေး ၊ အားဆေး နှင့် ခံတွင်းကောင်း ဆေး ဖော်စပ်ရာ တွင် သုံး၏။
၂ ။# မန်ကျည်းသီး အဟောင်း ၊ ဒိန်ချဉ်ရည် စိမ်ထားသော ကြက်သွန်ဖြူ နှင့် ချေးသီး တို့ကို အမျှစု ကြိတ်ပြီး ရွေးလုံး မျှလုံး၍ အရိပ်တွွင် အခြောက် လှန်းကာ ၁၅ မိနစ် တစ်ကြိမ် တစ်လုံးကျ ကြက်သွန်ဖြူ ရည် လက်ဖက်ရည် ဇွန်းငယ် တစ်ဇွန်းနှင့် ဖျော်သောက်က ကာလဝမ်း ရောဂါ ပျောက်၏ ။
# ။မန်ကျည်းသီးမန်ကျည်းသီး မှည့်ကို ထန်းလျက် ၊ ဆားတို့နှင့် ဖျော်ရည်စိမ် ၍ သောက်သော် ကိုယ်တွင်း အေး၏၊ အားကို ဖြစ်စေသည်။
 
အစေ့
၁ ။# မန်ကျည်းစေ့ ကို ရေ၌ တစ်ည စိမ်၍ နံနက်၌ အစေ့ဆံ ထုတ်ပြီး နွားနို့ နှင့် ကြိတ်သောက်က မီးယပ်ဖြူ ဆင်း ခြင်း ၊ ဆီးလွန်ခြင်း ပျောက်၏ ။
၂ ။# မန်ကျည်းစေ့ ဆံကို သွေးသောက် သော် ဝမ်းသွားခြင်း ၊ ဝမ်းကိုက် ခြင်း ပျောက်၏ ။
၃ ။# အစေ့ဆံ ကို သွေး၍ ကင်းကိုက်သော ဒဏ်ရာ သို့ လိမ်းပေးသော် ကင်းဆိပ် ပြေ၏။
# ။မန်ကျည်းမန်ကျည်း စေ့ ရင့်ရင့် အခွံ ၊ဇီယာ၊ ဇီယာ ၊ သကြားခဲ တို့ကို အမှုန့် ပြု၍ သောက်က အရိအရွဲ သလိပ်စ ၊ သွေးစများ ပါ၍ နာကျင်စွာ သွားသော ဝမ်းရောဂါ ပျောက်၏။ <ref>http://arogyamonline.com/commodity/materials/?raw=129</ref>
 
== ကိုးကား ==
<references/>
၁၄၅

တည်းဖြတ်မှုများ