၁၄၅
တည်းဖြတ်မှုများ
အရေးမကြီး |
|||
== ကလောပင် ==
ကလောပင်ဟူ၍လည်းကောင်း၊ ကလော
==(ကလော)==
*Botany Term : -
ပုံသဏ္ဌာန် : အပင် အမြဲစိမ်းလန်းသော ပင်မတ် ပင်ကြီးမျိုး ဖြစ်၏။ ၅၀-၈၀ ပေ မြင်၍ လုံးပတ်၂-၄ ပေရှိ၏။ အကိုင်းများ ထိပ်ဖျား၌ စုနေ၍ အောက်သို့ တွဲလောင်းဖြာကျသည်။ အခေါက် ညိုဝါရောင် ၊ မီးခိုးရောင်ရှိ၍ အဖြူကွက်ကလေးများ ပါ ရှိသည်။
အရွက် ရွက်လွှဲထွက်သည်။ ၇-၁၀ လက်မရှည်သည်။ ရွက်ပြားသားရေကဲ့သို့ ပြောင်ချောပြီး မာသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ညှာရှည်၍ ရွက်နားလှိုင်းတွန့် ရှိသည်။
အပွင့် သေးငယ်၍ အဝါဖျော့ရောင် ရှိသည်။ အနံ့ မရှိ ၊ တပေါင်း တန်ခူးတွင် ပွင့်သည်။
အသီး ညိုဝါရောင်ရှိပြီး ကတ္တီပါကဲ့သို့ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အချင်း ၃ လက်မခန့် ရှိ၍ လုံးဝိုင်းသည်။ ဝါဆိုလကုန်တွင် သီးသည်။
အစေ့ ၁ လက်မခန့် ရှိသော အစေ့များစွာ ပါရှိပြီး အသားပျော့ထဲတွင် နစ်မြှပ်နေသည်။ ၎င်းအစေ့မှ ကလောဆီကို ထုတ်ယူ၍ ဆေးဝါးအဖြစ် သုံးကြသည်။
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အခေါက် ၊ အသီး ၊ အဆီ ။
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : ချင်းတွင်း ၊ ကချင်ပြည်နယ် ၊ ကရင်ပြည်နယ် ၊ ပျဉ်းမနားနှင့် အမြဲစိမ်းလန်းသော သစ်တောများတွင် ပေါက်ရောက်သည်။
ပေါက်ရောက်ပုံ ။ ။ သဘာ၀အလျောက် လျှိုမြောင် စိမ့်စမ်းရှိသော တောင်စောင်းများတွင် ပေါက်ရောက်သည်။
အသုံးဝင်ပုံ : အာနိသင် ။ ။ မြန်မာဆေးကျမ်းများအလိုအရ ပူ၏ ၊ ခါးစပ်၏ ၊ အန်စေသည်။ အဆိပ်ကို ပြေစေသည်။ နာကျင်ကိုက်ခဲခြင်းနှင့် အစာမကြေ လေရောဂါ တို့ကို ပျောက်စေ၏။ ရောဂါပိုးများကို နိုင်သည်။
အသုံးပြုပုံ-
အခေါက်
#၁။ အခေါက်ကို အဖျားကျဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏ ။
အသီး
#၁။ ကလောသီးကို စားပါက နူနာ ၊ အပူကြောင့်ဖြစ်သော အနာ ၊ အော့အန်သော အနာတို့ပျောက်ကင်း၍ သွေး လေ သလိပ် တို့ကိုကြေစေသည်။
အဆီ
#၁။ ကလောအဆီကို လိမ်းခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်။ သွေးကို သန့်ရှင်းစေသောသတ္တိရှိ၏ ။
#၂။ အဆီသည် ပူသဖြင့် ရောဂါပိုးမွှားများကို သေစေသည်။ ထို့ကြောင့် ကုဋ္ဌနူနာနှင့် အခြားအရေပြားရောဂါများကို ကုသရာ၌ အများဆုံးအသုံးပြုကြသည်။<ref>http://arogyamonline.com/commodity/materials/?raw=82</ref>
== ကိုးကား ==
<References />
|
တည်းဖြတ်မှုများ