ကလောပင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၂ -
အရွက် ရွက်လွှဲထွက်သည်။ ၇-၁၀ လက်မရှည်သည်။ ရွက်ပြားသားရေကဲ့သို့ ပြောင်ချောပြီး မာသည်။ ရွက်ထိပ်ချွန်သည်။ ရွက်ညှာရှည်၍ ရွက်နားလှိုင်းတွန့် ရှိသည်။
 
အပွင့်: သေးငယ်၍ အဝါဖျော့ရောင် ရှိသည်။ အနံ့ မရှိ ၊ တပေါင်း တန်ခူးတွင် ပွင့်သည်။
 
အသီး: ညိုဝါရောင်ရှိပြီး ကတ္တီပါကဲ့သို့ အမွေးနုများဖြင့် ဖုံးလွှမ်းနေသည်။ အချင်း ၃ လက်မခန့် ရှိ၍ လုံးဝိုင်းသည်။ ဝါဆိုလကုန်တွင် သီးသည်။
 
အစေ့: ၁ လက်မခန့် ရှိသော အစေ့များစွာ ပါရှိပြီး အသားပျော့ထဲတွင် နစ်မြှပ်နေသည်။ ၎င်းအစေ့မှ ကလောဆီကို ထုတ်ယူ၍ ဆေးဝါးအဖြစ် သုံးကြသည်။
 
အသုံးပြုနိုင်သည့်
စာကြောင်း ၃၀ -
 
အခေါက်
#၁။ အခေါက်ကို အဖျားကျဆေး ဖော်စပ်ရာတွင် ထည့်သွင်း အသုံးပြု၏ ။
 
အသီး
#၁။ ကလောသီးကို စားပါက နူနာ ၊ အပူကြောင့်ဖြစ်သော အနာ ၊ အော့အန်သော အနာတို့ပျောက်ကင်း၍ သွေး လေ သလိပ် တို့ကိုကြေစေသည်။
 
အဆီ
#၁။ ကလောအဆီကို လိမ်းခြင်းဖြင့် နာကျင်ကိုက်ခဲခြင်းကို ပျောက်စေသည်။ သွေးကို သန့်ရှင်းစေသောသတ္တိရှိ၏ ။
#၂။ အဆီသည် ပူသဖြင့် ရောဂါပိုးမွှားများကို သေစေသည်။ ထို့ကြောင့် ကုဋ္ဌနူနာနှင့် အခြားအရေပြားရောဂါများကို ကုသရာ၌ အများဆုံးအသုံးပြုကြသည်။<ref>http://arogyamonline.com/commodity/materials/?raw=82</ref>
 
== ကိုးကား ==