စမုန်ဖြူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
No edit summary
စာကြောင်း ၆ -
ပုံသဏ္ဌာန် : အပင် တစ်နှစ်ခံ ပင်ပျော့ပင်ငယ်တစ်မျိုးဖြစ်၍ ၁ ပေမှ ၃ပေထိမြင့်၏ ။ ပင်စည် ထောင်မတ်သည်။ ကိုင်းဖြာသည်။ အနံ့ရှိ၏ ။
အရွက် ငှက်မွေး နှစ်ခါ သို့မဟုတ် သုံးခါရွက်ပေါင်း ဖြစ်၏ ။
အပွင့်: သေးငယ်၍ အဖြူရောင်ရှိပြီး ထီးကဲ့သို့ ပွင့်၏ ။
အသီး : အလွန်သေးငယ်၍ ဘဲဥပုံရှိသည်။ အမြှောင်းပါသည်။ အစေ့ အလွန်သေးငယ်သည်။
 
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အစေ့။
 
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : အပူပိုင်းဒေသတွင် သာမက အအေးပိုင်းဒေသတွင်ပါ ပေါက်ရောက်သည်။
 
ပေါက်ရောက်ပုံ။ပေါက်ရောက်ပုံ : စိုက်ပင်ဖြစ်သည်။ စိုက်စနစ် ၊ ထိန်းသိမ်းပြုစုခြင်း ၊ ရိတ်သိမ်းဆွတ်ခူးခြင်း ၊ ပြုပြင်ထုတ်လုပ်ခြင်းတို့မှာ စမုန်စပါးအတိုင်း ဖြစ်၏ ။
 
အသုံးဝင်ပုံ : အာနိသင်။ ။ မြန်မာဆေးကျမ်းများ အလိုအရ စမုန်ဖြူသည် ခါး ၊ စပ်သော အရသာ ရှိ၏ ။ ပူသော ဂုဏ်သတ္တိရှိ၏ ၊ ထက်မြက်၍ ကြေလွယ်၏ ၊ ဝမ်းမီးကိုတောက်စေ၏ ၊ သည်းခြေကို ပွားစေ၏ ၊ လေ၊ သလိပ် ၊ ဒေါသ ကို နိုင်၏ ။
 
အသုံးပြုပုံ-
အစေ့
၁ ။# စမုန်ဖြူ ၊ ငရုတ်ကောင်း ၊ သိန္ဓောဆားတို့ကို ကြိတ်၍ ရေနွေးပူပူနှင့် သောက်သော် ဝမ်းဗိုက်နာ၊ ဝမ်းကိုက် ၊ ဝမ်းမီးနုံ့ခြင်းတို့ ပျောက်၏ ။
၂ ။# စမုန်ဖြူကို မိခင်နို့ရည်နှင့် ရော၍ တိုက်သော် ကလေးများ အော့အန်ခြင်းနှင့် ဝမ်းသွားခြင်းပျောက်ကင်း၏ ။
၃ ။# စမုန်ဖြူကို ရေနှင့် ပျစ်ပျစ်ကြိတ်၍ နေ့တွင် ၂ ကြိမ် ၃ ကြိမ် လိမ်းပေးလျှင် အရေပြားရောဂါ ၊ ယားယံခြင်း ၊ ပူလောင်ခြင်းများ ပျောက်ကင်း၏။
၄ ။# စမုန်ဖြူမှုန့် အနည်းငယ်ကို ဒိန်ရည်နှင့် ရောသောက်သော် ဝမ်းတွင်းပိုးများ ကျဆင်းလာသည်။ <ref>http://arogyamonline.com/commodity/materials/?raw=97</ref>
 
== ကိုးကား ==
<references/>