"ထိုင်ဝမ်" ၏ တည်းဖြတ်မှု မူကွဲများ

၁ ဘိုက် ဖယ်ရှားခဲ့သည် ,  ပြီးခဲ့သည့် ၇ နှစ်
တည်းဖြတ်မှုအတွက် စကားချပ် မရှိပါ
အရေးမကြီး (ရိုဘော့ ပေါင်းထည့်နေသည် - af:Taiwan ဖယ်ရှားနေသည် - cy:Taiwan (strongly connected to my:တရုတ်သမ္မတနိုင်ငံ))
ထိုင်ဝမ်သည် [[အာရှတိုက်]]၏ အရှေ့ဘက် [[ပစိဖိတ်သမုဒ္ဒရာ]]၏ မြောက်ဘက်တွင် တည်ရှိသည့် [[ကျွန်း]]တကျွန်းဖြစ်ပြီး ဧရိယာမှာ 36,188 [[စတုရန်းကီလိုမီတာ]]ကျယ်ဝန်းသည်။ လက်ရှိတွင် [[တရုတ်သမ္မတနိုင်ငံ]] (အာအိုစီ) (ထိုင်ဝမ်၏ တရားဝင်နိုင်ငံတော်အမည်) (Republic of China, ROC) အစိုးရမှ အုပ်ချုပ်လျက်ရှိသည့် နိုင်ငံဖြစ်ပါသည်။
 
ထိုင်ဝမ်သည် [[ယူရိုအေးရှား]][[ကျောက်လွှာ]]နှင့် [[ဖိလစ်ပိုင်]]ပင်လယ်ရေအောက် ကျောက်လွှာတို့ တွန်းထိုးမှုမှ ပေါ်ထွက်လာသည့် ကျွန်းဖြစ်သည်။ ပုံသဏ္ဌာန်အားဖြင့် ရှည်မြောမြော [[ကန်စွန်းဥ]]ပုံရှိသည်။ [[မြောက်ယဉ်စွန်းတန်း]]သည် ထိုင်ဝမ်၏ အလယ်ပိုင်းဒေသကို ဖြတ်သန်သွားသည်။ ထိုင်ဝမ်တလလွှားရှိထိုင်ဝမ် တလွှားရှိ မြေအနေအထားမှာ တောင်တန်းများဖြစ်ပြီး မြင့်မားမတ်ဆောက်သည်။ [[တောင်တန်း]]များသည် များသောအားဖြင့် အရှေ့မြောက်မြောက်အရပ်မှ အနောက်တောင်တောင်အရပ်ဘက်သို့ သွယ်တန်းလျက်ရှိသည်။ [[လွင်ပြင်]]များမှာ ကျဉ်းမျောင်းသည်။ မကြာခဏ မြေ[[ငလျင်]]လှုပ်လေ့ရှိပြီး [[ရေပူစန်း]]နှင့် [[မီးသေတောင်]]များ ပေါများသည်။
 
ထိုင်ဝမ်၏ရာသီဥတုမှာ ပူအိုက်စွတ်စိုသည့် ရာသီဥတုမျိုးဖြစ်သည်။ နွေဦးနှင့် နွေရာသီ စပ်ကူးမတ်ကူးကာလတွင် မက်မန်းမိုး ရွာသွန်းလေ့ရှိသည်။ နွေရာသီတွင်မူ [[ထိုင်ဖုန်းမုန်တိုင်း]]ဝင်တတ်ပြီး ဆောင်းရာသီတွင် အရှေ့မြောက်လေ တိုက်ခတ်လေ့ရှိသည်။ အအေးဆုံးလ၏ ပျမ်းမျှအပူချိန်မှာ 14℃ လောက်သာရှိပြီး နှစ်စဉ် ပျမ်းမျှမိုးရေချိန်မှာ 2510mm2510 mm အထက်တွင်ရှိသည်။ မြောက်ပိုင်းဒေသတွင် တနှစ်ပတ်လုံး မိုးရွာသွန်းလေ့ရှိသော်လည်း တောင်ပိုင်းဒေသတွင်မူ နွေဥတုတွင်သာ မိုးရွာတတ်သည်။ နွေနှင့် ဆောင်းဦးရာသီများတွင် ထိုင်ဖုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်လေ့ရှိသည်။ ရာသီဥတုနှင့် မြေမျက်နှာ အသွင်အပြင်တို့ကြောင့် ထိုင်ဝမ်တွင် အပူပိုင်းရာသီ၊ အပူလျော့ပိုင်းရာသီ၊ သမပိုင်းရာသီနှင့် အအေးပိုင်းရာသီများကို တွေ့ရှိနိုင်ပါသည်။ ထို့ကြောင့် ထိုင်ဝမ်တွင် အမျိုးအမယ် စုံလင်ပြောကြွယ်သည့် သဘာဝရှုခင်းနှင့် သဘာဝလောကကို တွေ့မြင်နိုင်သည်။
 
ထိုင်ဝမ်တွင် လူဦးရေ ၂၃ သန်းခန့် ရှိသည့်အနက် [[ဟော်လော့လူမျိုး]] အများစုနေထိုင်ကြပြီး [[ဟတ်ကားလူမျိုး]]、[[ထိုင်ဝမ် တိုင်းရင်းသား လူမျိုးများ|တိုင်းရင်းသားလူမျိုး]]နှင့် တရုတ်နိုင်ငံ အခြားပြည်နယ်မှ လူမျိုးနွယ်စုများကိုလည်း တွေ့ရှိနိုင်သည်။ အစိုးရရုံးသုံးစာမှာ [[တရုတ်စာ အခက်ရေးနည်း]]ဖြစ်ပြီး အဓိက သုံးစွဲသည့် ဘာသာစကားများမှာ [[ထိုင်ဝမ်စကား]]([[မင်နန်စကား]])၊ [[ကော်ယွီတရုတ်စကား]]([[ရုံးသုံးတရုတ်စကား]])၊ [[ဟတ်ကားစကား]]နှင့် [[တိုင်းရင်းသား ဘာသာစကား]]များ ဖြစ်ကြသည်။
၁၄၅

တည်းဖြတ်မှုများ