အနော်ရထာ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၂၆ -
 
==ထီးနန်းရရှိပုံ==
အနော်ရထာမင်း (မြန်မာ ၄၀၆-၄၃၉)။ ။ အနော်ရထာမင်းစောဟူ၍လည်း တွင်သော အနော်ရထာမင်းသည် ပထမ မြန်မာ မွန် ပျူ နိုင်ငံတော်ကြီးကို စတင်တည်ထောင်ခဲ့သူဖြစ်သည်။ ပုဂံမင်း ၅၅ ဆက်အနက် ၄၂ ဆက်မြောက် မင်းဖြစ်သည်။ အနော်ရထားကား ပုဂံပြည့်ရှင် ကွမ်းဆော်မင်းလည်း[[ကွမ်းဆော်မင်း]]လည်း တွင်သော ကြောင်ဖြူမင်းနှင့် မိဖုရား မြောက်ပြင်သည် တို့မှ သက္ကရာဇ် ၃၇၆ ခုနှစ်တွင်ခုနှစ်တွင်ဖွားမြင်သောသားတော် ဖွားမြင်သောသားတော်ဖြစ်သည်။ဖြစ်သည်။
ခမည်းတော်အား နန်းချ၍ ထီးနန်းစိုးစံနေသော နောင်တော်စုက္ကတေးမင်းနှင့်နောင်တော်[[စုက္ကတေးမင်း]]နှင့် အနော်ရထာသည် မြင်းစီးချင်းတိုက်၍ အနိုင်ရသောအခါ ခမည်းတော်ရှိရာ ကျောင်းတော်သို့သွား၍ ခမည်းတော်အား မင်းပြုရန် တောင်းပန်လေသည်။ ခမည်းတော်သည် ငါအသက်အရွယ်ကြီးပြီ၊ အမောင်သာ မင်းပြုတော့ဟု မိန့်တော်မူမှ သက္ကရာဇ် ၄၀၆ ခုနှစ်တွင် ရာဇာဘိသေကခံ၍ နန်းတက်သည်။ ခမည်းတော်အားလည်း မင်းမြှောက်တန်ဆာငါးပါးနှင့်တကွ မင်းဆောင်မင်းယောင် မင်းခမ်းမင်းနားအကုန် ကျင်းပစေ၍ ရဟန်းမင်းပြုစေသည်။ အနော်ရထာမင်း နန်းတက်သက္ကရာဇ်ကို မှန်းနန်းရာဇဝင်၌ ၃၇၉ ခုနှစ်ဟုဆို၍ ဦးကုလားမဟာရာဇဝင်၌ ၃၄၆ ခုနှစ်ဟုဆိုသည်။ သို့ရာတွင် ဇာတာတော်ပုံ ရာဇဝင်အရလည်းကောင်း၊ ကျောက်စာများနှင့် လည်းကောင်း ညှိနှိုင်းကြည့်သောအခါ ၄၀၆ ခုနှစ်ဟု တွေ့ရသည်။
 
[[ကွမ်းဆော်ကြောင်ဖြူမင်း]] ထီးနန်းကျပြီးနောက် သားတော် [[စုက္ကတေးမင်း]] ထီးနန်းပြုနေခဲ့သည်။ [[စုက္ကတေးမင်း]] သည် အဖေတူ အမေကွဲ ဖြစ်သော အနော်ရထာ၏ မယ်တော်ကို မိဖုရားအဖြစ်သိမ်းပိုက်ခဲ့သည်။ အနော်ရထာသည် [[စုက္ကတေးမင်း]]အား မကျေမနပ်ဖြစ်ကာ နန်းတော်မှထွက်ပြီး စစ်တိုက်ရန် လူသူစုဆောင်းခဲ့သည်။ ပုဂံကို ပြန်လည်သိမ်းပိုက်ရန် ချီတက်လာပြီးနောက် စစ်ဖြစ်လျှင် လူအများအပြား သေကြေပျက်စီးမည် ကို မလိုလားသဖြင့် နောင်တော် [[စုက္ကတေးမင်း]] နှင့် [[မြင်းကပါ]]အရပ်တွင် တစ်ဦးချင်းစီးချင်းထိုးခဲ့သည်။ နောက်ဆုံးတွင် အနော်ရထာ အနိုင်ရရှိပြီး ပုဂံတွင်မင်းဖြစ်လာခဲ့သည်။