ဆာမူရိုင်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၆ -
၆ရာစုနှစ်များအတွင်းက စစ်သူရဲများနှင့် ခြေလျင်စစ်သည်တော်များသည် ပထမဆုံး ဆာမူရိုင်း အဆင့်ခွဲခြားသတ်မှတ်မှု ကို စတင်ခဲ့သည်ဟု ယုံကြည်ရသည်။<ref name="HW">William Wayne Farris, Heavenly Warriors — The Evolution of Japan's Military, 500–1300, Harvard University Press, 1995.</ref>တန်တရုတ်(Tang China) နှင့် ဆေးလာ(Silla) တို့ဖြင့်တိုက်ခိုက်ခဲ့ပြီး အကြီးအကျယ် ဆုံးရှုံးခဲ့သော စစ်ပွဲများအပြီးတွင် ဂျပန်တို့သည် အကြီးအကျယ်ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ကြသည်။ ထိုအထဲမှ အရေးကြီးဆုံးတစ်ခုမှာ နာကာနို အိုအဲ (Naka no Ōe) သို့မဟုတ် တန်ဂျိဘုရင်(Emperor Tenji) မှ အေဒီ ၆၄၆ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော တိုင်းကာပြုပြင်ရေး(Taika Reform) ပင်ဖြစ်သည်။ ဤအမိန့်တော်သည် တရုတ်တို့၏ ယဥ်ကျေးမှုထုံးစံများနှင့် အုပ်ချုပ်ရေးနည်းလမ်းများကို ဂျပန်အစိုးရနှင့် ဗျူရိုကရေစီအုပ်ချုပ်ရေးယန္တရားများတွင် အစပျိုးပေးခဲ့သည်။<ref name="HW"/> အေဒီ၇၀၂ တွင် ထုတ်ပြန်ခဲ့သော တိုင်းဟိုဥပဒေ(Taihō Code)၏ တစ်စိတ်တစ်ပိုင်း နှင့် နောက်ပိုင်းထုတ်ပြန်ခဲ့သော ယိုးရိုးဥပဒေ(Yōrō Code) တို့ကြောင့် <ref name="HOJ GS">A History of Japan, Vol. 3 and 4, George Samson, Tuttle Publishing, 2000.</ref>လူထုသည် လူဦးရေစာရင်းကို အမြဲတမ်းသတင်းပို့ရပြီး ထိုစာရင်းကို နိုင်ငံအတွက် စစ်မှုထမ်းရန်စာရင်း အဖြစ်အသုံးပြုသည်။ လူဦးရေပျံနှံ့မှုကို သဘောပေါက်နားလည်သဖြင့် ဘုရင် မိုမု (Emperor Mommu) မှ အရွယ်ရောက်ပြီး ယောက်ျားလေး ၃-၄ ယောက်တွင် တစ်ယောက်မျှ နိုင်ငံ့တပ်မတော်တွင် စစ်မှုထမ်းရန် ဥပဒေကို စတင်ထုတ်ပြန်သည်။ စစ်သားများသည် မိမိကိုင်ဆောင်မည့်လက်နက်ကို မိမိဘာသာ ရယူရန်လိုအပ်ပြီး ထိုအတွက် အခွန်အတုတ်များမှ ကင်းလွတ်ခွင့်ရသည်။<ref name="HW"/> ထိုကြိုးပမ်းမှုသည် တော်ဝင်အစိုးရမှ တရုတ်တို့ကို အတုယူပြီး စနစ်တကျစုစည်းထားသော စစ်တပ်ပုံစံကို ဖွဲ့စည်းရန် ပထမဆုံးကြိုးပမ်းမှုဖြစ်သည်။ ထိုကြိုးပမ်းမှု ကို ဂန်ဒန်-ဆေး (English: gundan-sei Japanese: 軍団制) ဟု နောက်ပိုင်းခေတ် သမိုင်းပညာရှင်တို့က ခေါ်ဝေါ်ပြီး ခဏတာမျှသာ ကြာမြင့်သည်ဟု ယုံကြည်ယူဆကြသည်။
 
တိုင်းဟိုဥပဒေတွင် မင်းမှုထမ်းများကို အဆင့် ၁၂ ဆင့်ခွဲခြားသတ်မှတ်ထားပြီး အဆင့်တစ်ဆင့်စီတွင် နောက်ထပ် ၂ ဆင့် ထပ်မံခွဲခြားထားသည်။ ပထမဆုံးအဆင့်သည် ဘုရင်သို့ဘုရင်၏ အဆင့်အမြင့်ဆုံး အကြံပေးအရာရှိအဆင့်ဖြစ်သည်။ အဆင့် ၆ နှင့် အောက်ကို ဆာမူရိုင်း ဟုသတ်မှတ်ပြီး သူတို့သည် နေ့စဥ်လုပ်ငန်းဆောင်တာများကိုနိစ္စဓူဝ ကိစ္စများကို ထိတွေ့တာဝန်ယူရသည်။ ထို ဆာမူရိုင်းများမှာ အရပ်သား ဘုရင့်အမှုထမ်းများဖြစ်ကြသော်လည်း ထိုအမည်မှ ဆင်းသက်လာသည်ဟု ယုံကြည်ရသည်။ နောင်ရာစုနှစ်ပေါင်းများစွာအထိ စစ်သားများကို ဆာမူရိုင်းဟု ရည်ညွှန်းခေါ်ဆိုခြင်း မပြုခဲ့ပေ။
 
ဟဲအိအန်ခေတ် (Heian period) ဟုခေါ်သော ၈ရာစုနှောင်းပိုင်းနှင့် ၉ရာစုအစောပိုင်းတွင် ကမ်မူးဘုရင် (Emperor Kammu)သည် သူ၏အာဏာစက်ကို ဟွန်ရှူးမြောက်ပိုင်းသို့ ဖြန့်ကျက်စည်းရုံးရန်ကြိုးစားခဲ့သည်။ သို့သော် ပုန်ကန်သော အဲမိရှိပြည်သူတို့အား အနိုင်တိုက်ရန် သူစေလွှတ်ခဲ့သော စစ်တပ်မှာ စည်းကမ်း နှင့်စိတ်ဓာတ်ကင်းမဲ့သဖြင့် အောင်မြင်နိုင်ခြင်း မရှိခဲ့ပေ။ ကမ်မူးဘုရင် က ဆဲအိတိုင်းရှိူးဂန်း (Seiitaishogun) သို့မဟုတ် ရှိူးဂန်းဟူသော ဘွဲ့ကို စတင်ထုတ်ဖော်ခဲ့ပြီး အဲမိရှိတို့ကို အောင်နိုင်ရန်အတွက် အလွန်တိုက်ခိုက်အားကောင်းသော ဒေသခံလူမျိုးစုတို့အပေါ်တွင် စတင်မှီခိုအားထားလာခဲ့သည်။ မြင်းစီးတိုက်ခိုက်ခြင်းနှင့် လေးမြားအတတ်တွင် ကျွမ်းကျင်သော ဤလူမျိုးစုစစ်သည်တော်တို့သည် သူပုန်တို့ကို နှိမ်နှင်းရန်အတွက် ဘုရင်၏ စိတ်ကြိုက်လက်နက်ဖြစ်လာခဲ့သည်။ ဤစစ်သူရဲတို့သည် ထိုအချိန်က (၇ရာစုမှ ၉ရာစုအထိ) ပညာတတ်မြောက်ကောင်းတတ်မြောက်နိုင်သော်လည်း တော်ဝင်တရားရုံးအရာရှိတို့က သူတို့အား အရိုင်းအစိုင်းများထက် အနည်းငယ်သာသာသည် ဟု မှတ်ယူခဲ့ကြသည်။
 
နောက်ဆုံးတွင် ကမ်မူးဘုရင်သည် သူ၏စစ်တပ်ကို ဖျက်သိမ်းခဲ့ပြီး ထိုအချိန်မှစ၍ ဘုရင်၏အာဏာစက်သည် တဖြည်းဖြည်း လျော့ပါးလာခဲ့သည်။ ဘုရင်သည် အုပ်ချုပ်သူဖြစ်နေသေးသော်လည်း ကျိုတိုပတ်ဝန်းကျင်ရှိ အာဏာပြင်းသော လူမျိုးစုတိုက ဝန်ကြီးအဆင့်ကို မိမိဘာသာရယူကြသည်။ သူတို့၏ဆွေမျိုးများကို နယ်ဝန်များအဖြစ်ခန့်အပ်ကြသည်။ သူတို့၏ ကြွယ်ဝချမ်းသာမှု တိုးပွားလာစေရန်နှင့် သူတို့၏အကြွေးများ ပြန်လည်ပေးဆပ်ရန်အတွက် နယ်ဝန်တို့သည် အခွန်အတုတ်တို့ကို မတန်တဆကောက်ခံကြပြီး ထို့အတွက် လယ်သမားအများစု လယ်ယာမဲ့ဖြစ်ခဲ့ရသည်။
 
ဓားပြမှုများထူပြောလာသည့်အခါ ထိုလူမျိုးစုတို့က ကန်တိုလွင်ပြင်များရှိ နှယ်နှင်ဒဏ်ခံထားရသူများကို စတင်၍ အလုပ်ခန့်အပ်လာသည်။ သူတို့၏ ပြင်းထန်ကြမ်းတမ်းသော ကိုယ်ခံပညာသင်ကြားခဲ့မှုများကြောင့် သူတို့သည် အသုံးဝင်သော အစောင့်အရှောက်များဖြစ်လာသည်။ အခွန်ကောက်ခံသူတို့ကို အချို့က စောင့်ကြပ်လိုက်ပါပြီး သူတို့ပါရှိရုံမျှနှင့်ပင် သူခိုးများနှင့် ရာဇဝတ်သားများ၏ တိုက်ခိုက်မှုမှ ဟန့်တားပြီးဖြစ်သည်။ သူတို့မှာ ကြေးစားလက်နက်ကိုင် ဆာဘူရိုင်းတို့ဖြစ်ပြီး သူတို့၏ သီးခြားလက်နက်ကိုင်တပ်ဖွဲ့မှာ အလျှင်အမြန်ပင် ထင်ပေါ်လာခဲ့သည်။
 
 
 
[[af:Samoerai]]