အောင်ဆန်းစုကြည်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၈၉ -
==အမေရိကန်ပြည်ထောင်စု ခရီးစဉ်==
ဒေါ်အောင်ဆန်းစုကြည်သည် ၂ဝ၁၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် သူမ၏အမေရိကန်နိုင်ငံခရီးစဉ်ကို စတင်လိုက်ပြီး၊ ၂ဝဝ၈ ခုနှစ်က ချီးမြှင့်သော အမေရိကန်ပြည်ထောင်စု ကွန်ဂရက်အမြင့်ဆုံးဆုဖြစ်သည့် ဆုကို လက်ခံရယူခဲ့သည်။ ထိုခရီးစဉ်တွင် အမေရိကန်သမ္မတ အိုဘားမားနှင့် အိမ်ဖြူတော်တွင်တွေ့ဆုံခြင်း၊ မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်၏ ကုလသမဂ္ဂ နှစ်ပတ်လည် အထွေထွေညီလာခံခရီးစဉ်နှင့် တိုက်ဆိုင်နေခြင်း၊ သမ္မတဦးသိန်းစိန်၏ ကုလသမဂ္ဂမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးကျူးဂုဏ်ပြုစကားပြောကြားခြင်း၊ သမ္မတဦးသိန်းစိန်တည်းခိုရာသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်တွေ့ဆုံခြင်း၊ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်တွေ့ဆုံခြင်း၊ ပိတ်ဆို့မှုများ ဖယ်ရှားခြင်း၊ ဒေါ်အောင်ဆန်းစုကြည်၏ ကွန်ဂရက်ရွှေတံဆိပ်ဆု လက်ခံရယူပွဲတွင် မြန်မာအစိုးရဝန်ကြီး ဦးအောင်မင်းတက်ရောက်ခြင်း၊ ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်နိုင်ငံရောက် မြန်မာများ တွေ့ဆုံခြင်း၊ သမိုင်းဝင်မိန့်ခွန်းများပြောကြားခြင်း စသည့် အပြုသဘောဆောင်သော ဖြစ်ရပ်များနှင့် ပြည့်နှက်နေခဲ့သည်။
 
အမေရိကန်ခရီးစဉ်၌ ဒေါ်အောင်ဆန်းစုကြည်သည် ဝါရှင်တန်ဒီစီ၊ နယူးယောက်၊ ဖို့ဒ်ဝိန်း၊ လူးဝစ်ဗီးလ်၊ ဆန်ဖရန်စစ္စကိုနှင့် လော့အိန်ဂျလိစ်မြို့ကြီးများသို့ ရောက်ရှိခဲ့သည်။ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်လွှတ်တော်ကပေးအပ်သည့် အမြင့်ဆုံးဆု Congressional Gold Medal ရွှေတံဆိပ်ဆု၊ Atlantic Council ကပေးအပ်သည့် ကမ္ဘာ့နိုင်ငံသားဆု၊ Asia Society ကပေးအပ်သည့် Global Vission ဆု၊ ဆန်ဖရန်စစ္စကို တက္ကသိုလ်ကပေးအပ်သည့် ဂုဏ်ထူးဆောင်ပါရဂူဘွဲ့နှင့် National Endowment For Democracy (NED) မှ ၂ဝဝဝ ပြည့်နှစ်ကတည်းက ပေးအပ်ထားသည့် ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ ဆယ်နှစ်ပြည့် ဂုဏ်ပြုရုပ်ထုကို ကိုယ်တိုင်လက်ခံရယူခဲ့သည်။ <ref>ဒီလှိုင်းဂျာနယ်၊ အတွဲ(၁)၊ အမှတ်(၃၈)၊ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ခရီးစဉ် မှ</ref> ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ခရီးစဉ်တွင် မြန်မာ့ဒီမိုကရေစီအရေးတွင် ကူညီခဲ့ကြသူများကို ကျေးဇူးတင်ကြောင်း ကိုယ်တိုင်လာရောက်ပြောဆိုလိုခြင်း၊ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများနှင့် တွေ့ဆုံလိုခြင်းတို့ကို ခရီးစဉ်၏ရည်ရွယ်ချက်အဖြစ် မိန့်ကြားပြောဆိုခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်သည် ၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ ၄ ရက်တွင် အဆုံးသတ်ခဲ့သည်။ အောက်တိုဘာလ ၄ ရက်တွင် ကိုရီးယားလေကြောင်းလိုင်းဖြင့် မြန်မာပြည်တော်ပြန်ခဲ့ရာ၌ ည (၉:၅၅)နာရီတွင် ရန်ကုန်မြို့ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိခဲ့သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်များ၊ အနုပညာရှင်များနှင့် ပြည်သူလူထုကြီးက ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။ ည ၁၁ နာရီခန့်တွင် နေအိမ်သို့ရောက်ရှိပြီး၊ အိမ်ရှေ့၌ စောင့်ဆိုင်းကြိုဆို၊ နှုတ်ဆက်နေကြသည့် ပြည်သူလူထုအား နှုတ်ဆက်စကား၊ ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
[[Image:Daw Aung San Suu Kyi at US.png|thumb|အမေရိကန်ပြည်ထောင်စု ခရီးစဉ်တွင် အိမ်ဖြူတော်၌ သမ္မတအိုဘားမားနှင့်တွေ့ဆုံစဉ်]]