ကော်ဖီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
စာကြောင်း ၈၅ -
ဥတုကောင်းသော ဒေသများတွင် ကာဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်း မှာပင် အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။
 
ကာဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူ ရသည်။ ထိုနောက် နည်းအမျိုးမျိုးဖြင့် အခြောက်လှမ်းခြင်း၊ အစေ့ချွတ်ထုတ်ခြင်းများ ပြုလုပ် ကြသည်။ သို့သော် အသီး မှည့်တွင် အစေ့အပြင်ဖက်၌ အသားဖတ် ရှိနေရုံမက အစေ့ ပေါ်တွင်လည်း အမြှေး ခွံများ ၂ထပ်မျှ ကပ်နေသေးသည့် အတွက် အစေ့ခွျတ်သည့်အလုပ်မှာအစေ့ချွတ်သည့်အလုပ်မှာ မလွယ်ကူလှပေ။ အစေ့ များမှ အမြှေး စင်သွားအောင် လုပ်ရာတွင် အစေ့များကို တစ်နည်းနည်းနှင့် အခြောက်လှန်းပြီးနောက် ဒလိမ့်များနှင့် လိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ ပြုလုပ်ရသည်။ နောက်ဆုံး ၌ အစေ့များကို ချွတ်ပြီးသောအခါ အရွယ်အလိုက် အစားစားခွဲ ပြီးလျှင် အိတ်ကြီးများတွင်ထည့်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချ ကြသည်။
 
[[File:01p16611.jpg|thumb|ကော်ဖီလုပ်ငန်းဌာနကြီးတခုမှ 'ကော်ဖီမြည်းသမား' တဦး။ သူ၏တာဝန်မှာ ကော်ဖီအမျိုးမျိုးကို စံမှီမမှီ စမ်းသပ်ရန်ဖြစ်၏။]]
အနံ့အရသာနှင့် ပြည့်စုံသည့် ကော်ဖီကို သောက်သုံးနိုင်ရန် အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင် ရအောင် လှော်ပေးရသေးသည်။ ဤသို့ လှော်ပေးရာတွင် ဂရုတစိုက် ပြုလုပ် ရန် လို၏။ သို့မဟုတ်လျှင် လိုသည့်အနံ့အရသာ ထွက်မလာဘဲ နေတတ်သည်။ ရှေးက ကော်ဖီစေ့များကို အိမ်မှာပင် လှော်ယူကြ သော်လည်း ယခုအခါ၌မူ ဤအလုပ်ကို ရုံကြီးများတွင် အကြီးအကျယ် လုပ်ကိုင်လျက်ရှိပေပြီ။ ကော်ဖီစေ့များကို လှော်ပြီးသော အခါ အမှုန့်ကြိတ်ရပြန်၏။ ကော်ဖီအမျိုးမျိုးကို ရောစပ်ရာတွင် အချို့အလုပ်ရုံကြီးများ၌ အရသာ ကောင်းမကောင်းကို စမ်းသပ် ရန်အတွက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကိုပင်လှျင်ပုဂ္ဂိုလ်များကိုပင်လျှင် ငှါးရမ်းထား
ကြရသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးလျှင်ပြီးခြင်း ဖျော်သောက် နိုင်လျှင် အကောင်းဆုံး ဖြစ်သည်ကို တွေ့ရသည်။
 
ကော်ဖီတွင် ကက်ဖီအင်းခေါ် ဓာတ်တစ်မျိုး ပါဝင်သည်။ ထိုဓါတ်များ လက်ဖက်ခြောက်တွင် ပါဝင်သော သီးအင်းနှင့် အတူတူပင် ဖြစ်သော်လည်း သီးအင်းဓါတ်ထက် ပို၍ပြင်းသည်။ ကာဖီကို စွဲခြင်းမျာစွဲခြင်းမှာ ထိုဓါတ်ကြောင့်ပင် ဖြစ်၏။ ကော်ဖီကို အားပျော့စေလိုလျှင် အခြားပစ္စည်းများ ရောစပ်ပေးခြင်းဖြင့် ထိုဓါတ်ကို လိုသေလောက်လိုသလောက် လျော့ချထားနိုင်သည်။ အထူးသဖြင့် ဥရောပတိုက်တွင် ချစ်ကိုရီခေါ် သစ်မြစ်တမျိုးကို အမှုန့်ကြိတ်
၍ ကာဖီနှင့် ရောစပ်ကာ ရောင်းချသောက်သုံးလေ့ရှိကြသည်။ အချို့ မရိုးဖြောင့်သော ကုန်သည်များသည် ချစ်ကိုရီသာမက အခြားသစ်မြစ် သစ်စေ့များနှင့် တမင်တကာ ရောစပ်၍ ရောင်းချသည့်အခါမျိုးလည်း ရှိသေးသည်။
 
စာကြောင်း ၉၈ -
 
ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူဆူဖြင့် ကောင်းစွာ နှပ်ပေးဖို့ အရေးကြီးသည်။ ကာဖီရည်ကို သူ့ချည်းသက်သက် သောက်သူလည်းရှိ၍၊ နွားနို့သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥ အကာနှင့်ဖြစ်စေ၊ ဖျော်သောက် သူများလည်း ရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်း ခေါ်လေ့ရှိကြရာ ထိုစကားမှာ ကော်ဖီ သို့မဟုတ် ကော်ဖီဆိုင်ဟု အဓိပ္ပါယ်ရသော ပြင်သစ်စကားဖြစ်သည်။
 
 
== ကျမ်းကိုး ==