ချောင်းဦးမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၉ -
 
[[#Heading name2|ချောင်းဦးမြို့]]သည် ပင်လယ်ရေမျက်နှာပြင်အထက် ၂၃၁.၄၆ ပေတွင် တည်ရှိပြီး မြောက်လတ္တီကျု ၂၂° ၄၅' နှင့် အရှေ့လောင်ဂျီကျု ၉၅° ၈' မှ ၉၅° ၂၅' အကြား တည်ရှိသည်။[[#Heading name2|ချောင်းဦးမြို့]]နှင့် နယ်နိမိတ်ချင်းထိစပ်နေသော မြို့နယ်များမှာ အရှေ့ဘက်တွင် [[မြင်းမူမြို့]]နယ်၊ တောင်ဘက်နှင့် အရှေ့တောင်ဘက်တွင် [[မြောင်မြို့]]နယ်၊ အနောက်ဘက်တွင် [[ဆားလင်းကြီးမြို့]]နယ် နှင့် မြောက်ဘက်တွင် [[မုံရွာ]]မြို့နယ်တို့ဖြစ်သည်။ အနောက်ဘက်တွင် [[ချင်းတွင်းမြစ်]]ဖြတ်သန်းစီးဆင်းသည်။ ရှေးဟောင်းသမိုင်းဝင် ဘုရားပုထိုး စေတီများ များစွာရှိသည်။ ချောင်းဦးမြို့တွင် စေတီပုထိုးပေါင်း ၂ဝဝ ကျော်ရှိ၍၊ ဘုန်းတော်ကြီးကျောင်းပေါင်း (၆ဝ)ကျော် ရှိသည်။ (ဝီကီပီးဒီးယား Wikipedia: [[Chaung-U]] ကိုးကားချက်)
 
ထင်ရှားသောစာသင်တိုက်ကြီးများအနက် မဟာဓမ္မာရုံပါဠိတက္ကသိုလ်ကြီးကို ၁၂၆၅ ခုနှစ်တွင် ဆရာတော်ကြီး ဘဒ္ဒန္တဒီပမာလာက စတင်တည်ထောင်တော်မူခဲ့ရာ ၁၃၆၅ ခုနှစ်၊ တပို့တွဲလ (၂ဝဝ၄ ခု၊ ဖေဖော်ဝါရီလ)တွင် ရာပြည့်ပွဲကြီးကို ကျင်းပနိုင်ခဲ့သည်။ ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဒီပမာလာကို အင်္ဂလိပ်အစိုးရက အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ခဲ့သကဲ့သို့ ဒုတိယဆရာတော်ဘုရားကြီး ဘဒ္ဒန္တမာနိတ၊ (လက်ရှိ) တတိယနာယကဆရာတော်ဘုရားကြီး ဘဒ္ဒန္တဝရသမ္ဗောဓိ တို့ကိုလည်း အဂ္ဂမဟာပဏ္ဍိတဘွဲ့တံဆိပ်တော်များ အဆက်ဆက် ဆက်ကပ်ပူဇော်ခြင်း ခံခဲ့ရသည်။ အခြားထင်ရှားသော ဆရာတော်ကြီးများမှာ ရွှေတောင်ဆရာတော်ဘုရားကြီး၊ သိမ်တော်ဆရာတော်ဘုရားကြီး၊ ဇေယျသုခဆရာတော်ဘုရားကြီးတို့ဖြစ်သည်။ ထင်ရှားသော စာသင်တိုက်ကြီးများမှာ မဟာဓမ္မာရုံပါဠိတက္ကသိုလ်၊ ရွှေတောင်ကျောင်းတိုက်၊ သိမ်တော်ကျောင်းတိုက်၊ ဇေယျသုခကျောင်းတိုက်၊ ညောင်ပင်ပဇ္ဇောတာရုံကျောင်းတိုက်စသည်တို့ဖြစ်သည်။
 
မြို့၏အကျယ်အဝန်းမှာ၊ စတုရန်းမိုင် ၂ မိုင်ခန့်ရှိ၍၊ နိုင်ငံ
Line ၃၇ ⟶ ၃၉:
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၂)</ref>
 
'''တိုင်းရံကျောက်-သံတောက်တည်''' ဟူသော ဆိုရိုးဖြင့် သံတောက်ရွာတည်သည့်ခုနှစ်သက္ကရာဇ်ကို အမှတ်အသားပြုခဲ့သည်။ (ပဋိလုံကောက်နည်းဖြင့် ကောက်ယူရသည်။) ၄င်းသံတောက်ရွာသည် ရှမ်း၊ လဝ ( ခေါ် ) ဝ တိုင်းရင်းသားများနှင့် အခြားတိုင်းရင်းသား လူမျိုးစုများလည်း အတူတကွနေထိုင်ခဲ့ကြသည့် ထောင်စုပြရွာတစ်ရွာ အဖြစ် စည်ကားခဲ့ရာ ထို့နောက်မှ ကျန်စစ်သား မင်းသား မင်းမျက်သင့်ခံရ၍၊ ပုန်းအောင်းတိမ်းရှောင်ခဲ့ကာ၊ မင်းဖြစ်သောအခါ အထိမ်းအမှတ် ဘုရားပုထိုးစေတီတော်များနှင့် [[#Heading name2|ချောင်းဦးမြို့]]အဖြစ် သတ်မှတ်သမုတ်ခဲ့သည်။ ယခုအချိန်ထိ [[#Heading name2|ချောင်းဦးမြို့]]တွင် [[#Heading name2|ကျန်စစ်သားမင်း]]နှင့်ပတ်သက်သော အထောက်အထားပြနေရာများ၊ရေထွက်များ၊ဘုရားပုထိုးစေတီတော်များ၊ရပ်ကွက်ကျေးရွာများ စသည်တို့အပြင် ရှမ်း၊ လဝ(ဝ)လူမျိုးများ နေထိုင်သွားကြောင်း အထောက်အထားများ (အထူးသဖြင့် ဘုရားပုထိုးစေတီများနှင့် ရပ်ကွက်ကျေးရွာများ)လည်း အထင်အရှားရှိနေပေသေးသည်။ ကရင်မျိုးနွယ်စုများ နေထိုင်သွားခဲ့သည့် ကျေးရွာများတွင်လည်း ဘုရားပူဇော်ပွဲပြီးတိုင်း ကရင်ဒုံးယိမ်းအက ကကြသည့် သားစဉ်မြေးဆက် ရိုးရာဓလေ့တစ်ခုကိုလည်း ယခုထက်တိုင် တွေ့မြင်နိုင်သေးသည်။
 
[[ချင်းတွင်းမြစ်]]နှင့် ၆ မိုင်ဝေးကွာ၍၊ ကုန်းပိုင်းလည်းမကျ
Line ၅၃ ⟶ ၅၅:
* ရပ်ကွက်များ
ထို့ပြင် ရဲမက်စစ်သည်များ အရှေ့မှအုပ်၍ဖမ်းရာ မဖမ်းမိသော အရပ်ကို အရှေ့မအုပ်ရပ်၊ အနောက်မှအုပ်၍ဖမ်းရာ မဖမ်းမိသောအရပ်ကို အနောက်မအုပ်ရပ်၊ ကျန်စစ်မင်းသားထွက်ပြေးရာ ဆံတော်မျှကိုသာ စွဲမိသောအရပ်ကို ဆံတော်စွဲရပ်၊ ရဲမက်စစ်သည်လှေများတက်လာသောအရပ်ကို ရဲလှေရပ်ဟု ခေါ်ဝေါ်အမည်တွင်ခဲ့ရာ၊ ယနေ့ထက်တိုင်ပင် ထိုအမည်များနှင့်ရပ်ကွက်များ (အရှေ့မအုပ်၊ အနောက်မအုပ်၊ ဆံတော်စွဲ၊ ရဲလှေရပ်ကွက်များ) အထင်အရှားရှိနေပေသည်။ (အရှေ့မအုပ်/အနောက်မအုပ်အမည်တွင်ပုံ မူကွဲများလည်း ရှိသေးသည်။) မည်သို့ပင်ဆိုစေကာမူ ချောင်းဦးမြို့သည် သမိုင်းတွင် ကျန်စစ်သားမင်းနှင့်ဆက်နွယ်ပတ်သက်နေခဲ့သော ရှေးအလွန်ကျသည့် အရပ်ဒေသဖြစ်ခဲ့သည်ဆိုသည်ကိုမူ ငြင်းဆန်၍ ရနိုင်မည်မဟုတ်ပေ။ (ကိုးကား=ချောင်းဦးမြို့ရာဇဝင်သမိုင်း အတွဲ(၁)၊ (၂) စာအုပ်များ)
 
ချောင်းဦးဟူသောအမည်ကို ရှေးဟောင်း သမန္ဓဇာဘုရားကျောက်စာတွင် ပထမစာမျက်နှာ စာကြောင်းရေ(၁၉)၌ '''ချောင်းဦးသူကြီးဝတ်''' - စာကြောင်းရေ(၂၈)တွင် '''ချောင်းဦးကိုဝ်ရံ သူကြီးဝတ် - ချောင်းဦး တောင်ယာတစ်ခင်း''' ဟုရေးထိုးထားပြီး၊ ကျောက်စာအစတွင် '''နမောတဿတိ - သက္ကရာဇ် ၅၅၆ - ပိသျှက်နှစ် စည်သူမင်းကြီး လေးသောင်းအရပ် ကန်တော်ဆည်၍'''ဟု ပါရှိရာ ချောင်းဦးဟူသောအမည်သည် ထိုကျောက်စာပါသက္ကရာဇ်ထက် စောစီးစွာတည်ရှိနေမည်ဟု ခန့်မှန်းရသည်။ ထိုသမန္ဓဇာဘုရားသည် ချောင်းဦးမြို့ အနောက်တောင်ဘက်အရပ် ၂ ဖာလုံခန့်အကွာတွင် တည်ရှိသည်။
 
=====အလောင်းစည်သူမင်း တည်ထားကိုးကွယ်ခဲ့သော ဘုရားပုထိုးစေတီတော်များ=====
ရတနာကြငှာန်းရွှေဂူမြတ်စွာဘုရားကြီးသည် ချောင်းဦးမြို့ရှိ အလောင်းစည်သူမင်းကြီး၏ ထင်ရှားသော ကုသိုလ်တော်တစ်ခုဖြစ်သည်။ ဘုရားကြီးပရဝုဏ်တော်အတွင်းတွင် ကျောက်စာတိုက်လည်းရှိသည်။ အခြား ထင်ရှားသော အလောင်းစည်သူမင်း၏ကုသိုလ်တော်တစ်ခုမှာ ဖောင်တော်ဦးဘုရားဖြစ်သည်။ ချောင်းဦးမြို့တွင် အလွန်ရှေးကျသော ဘုန်းတော်ကြီးကျောင်းများစွာလည်းရှိသည်။ မည်သည့်ခေတ်ကဟု မခန့်မှန်းနိုင်သော ရှေးဟောင်းအုတ်ကျောင်းတော်ကြီးတစ်ကျောင်းလည်းရှိသည်။ (သမိုင်းမူကွဲအရ ရွှေဂူကြီးမြတ်စွာဘုရားကို ညောင်ဦးစောရဟန်းမင်း သို့မဟုတ် ပုပ္ပါးစောရဟန်းမင်းခေါ် တောင်သူကြီးမင်း မြန်မာသက္ကရာဇ် ၂၈၈ ခုနှစ်တွင် တည်ထားကိုးကွယ်ခဲ့သည်ဟုလည်း ဆိုသည်။ '''အဌ် အဌ် ခြူ - ရွှေဂူစောရဟံ''' အရ သက္ကရာဇ်-၂၈၈ ခုနှစ်တွင် ရွှေဂူဘုရားကြီးကို စောရဟံ(ခ)စောရဟန်းမင်း တည်ထားခဲ့သည်ဟု ခေတ်အဆက်ဆက် လက်ခံပြောဆိုလာခဲ့ကြသည်။ (ပဋိလုံ ကောက်နည်းဖြင့်) သက္ကရာဇ်- ၂၈၈ခုနစ် ဘုရားတည်ကြောင်း ယခုခေတ်ရေးထိုးထားသော ရတနာရွှေဂူဘုရားကြီး ကျောက်စာတွင် ဖော်ပြပါရှိသည်။)
 
=====ပုဂံခေတ်နှောင်း=====
ပုဂံခေတ်တစ်လျောက်လုံးတွင် ချောင်းဦးမြို့သည် အချက်အခြာကျ၍ အရေးပါသော ထောင်စုပြမြို့အဖြစ်လည်းကောင်း၊ ထောင်ပြုရွာအဖြစ်လည်းကောင်း တည်ရှိခဲ့သည်။ ကျစွာမင်း ငယ်စဉ်ဘဝ မယ်တော်နှင့်အတူ မင်းဘေးမင်းဒဏ်ရှောင်တိမ်း၊ ပြေးပုန်းရစဉ်က ချောင်းဦးမြို့တောင်ဘက် သမန္ဓဇ(သမံဓဇ)ကျောင်းဆရာတော်ထံတွင် နေထိုင်ပုန်းအောင်းခဲ့ကြရပြီး၊ သမံဓဇဘုရားကြီးကို မယ်တော်က သင်္ကန်းရက်လုပ်ပူဇော်လျက် အဓိဋ္ဌာန်ပြုဆုတောင်းခဲ့ရာ ကျစွာမင်းတို့သားအမိ ပုဂံပြည်သို့ပြန်ရောက်ပြီး ကျစွာမင်း မင်းအဖြစ်သို့ရောက်သောအခါ ဘုရားကြီးကို ကြီးစွာသောပူဇော်သက္ကာရများ ပြုလုပ်ပူဇော်ခဲ့သည်။ ယခုတိုင် ကျောက်စာနှင့်တကွ အထင်အရှားဖူးမြော်နိုင်သည်။ ထို့ပြင် ပုဂံခေတ်နှောင်းပိုင်း နရသီဟပတေ့မင်းက ချောင်းဦးမြို့ရှိ ရွှေဂူကြီးဘုရားတွင် ခြင်္သေ့ရုပ်များထုလုပ်စေခဲ့ရာတွင် ရွှေဂူကြီးဘုရားကို နဂါးစောင့်သဖြင့် ခြင်္သေ့ရုပ်ထုလုပ်ထားရှိသည့် အစီအစဉ်ပျက်ပြားခဲ့ရကြောင်း ပါးစပ်ရာဇဝင်များလည်း ရှိနေပေသေးသည်။ ဘုရားကြီး၏ဂန္ဓကုဋီတိုက်တော် ထောင့်လေးထောင့်တွင် နဂါးလေးကောင်ကိုပါ တွဲစပ်လျက် တည်ဆောက်ထားသည်မှာ ၄င်းအဓိပ္ပါယ်၏ သင်္ကေတပြယုဂ်ဖြစ်သည်ဟုလည်း ဆိုကြသည်။
 
ပုဂံခေတ် နောက် - အင်းဝခေတ်၊ စစ်ကိုင်းခေတ်စသည်တို့တွင်လည်း ချောင်းဦးမြို့သည် ထောင်စုပြရွာအဖြစ်လည်းကောင်း၊ ထောင်ပြုမြို့အဖြစ်လည်းကောင်း အေးချမ်းစည်ကားစွာ တည်ရှိခဲ့သည်။ အင်းဝခေတ် အင်းဝဘုရင်များ၏ နိုင်ငံတည်ထောင်ရေးလုပ်ငန်းစဉ်များတွင် အမြင့်မြို့ပြနှင့် ချောင်းဦးဆယ်ရွာသည် တွဲဖက်လျက် အရေးပါစွာ ပါဝင်ခဲ့ကြသည်။ အင်းဝဘုရင် မင်းကြီးစွာစော်ကဲသည် ချောင်းဦးဆယ်ရွာအနောက်ဘက်ရှိ အမြင့်မြို့စားဖြစ်ခဲ့သည်။
 
=====ကုန်းဘောင်ခေတ်=====
ကုန်းဘောင်ခေတ်တွင် ရတနာပူရ တတိယ မြို့တည် နိဗ္ဗန်ဆိပ်ဦးစေတီဒါယကာ ဆင်ဖြူရှင်လက်ထက် မဟာရတနာပုံ ပိဋကတ် တိုက်စိုး ချောင်းဦးဆယ်ရွာစား ရမ္မသီရိကျော်ထင်သည် ထင်ရှားသော စာပေပညာရှင်တစ်ဦးဖြစ်သည်။ မင်းတုန်းမင်းလက်ထက် ချောင်းဦးဆယ်ရွာစား အမြင့်မြို့၀န် မင်းလက်ဝါးသည် အုပ်ချုပ်ရေးတွင် ထင်ရှားသူတစ်ဦးဖြစ်သည်။
 
==လမ်းညွှန်==