ရွှေလီမြစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာကြောင်း ၁၄၁ -
 
[[File:ရွှေလီ ၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ.jpg|200px|thumbnail|ရွှေလီ ၁ ရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံ]]
==ရွှေလီမြစ်ပေါ်မှ ရေအားလျှပ်စစ်ထုပ်လုပ်မှုရေအားလျှပ်စစ်ထုတ်လုပ်မှု==
ရေွှလီ(၁)ရေအားလျပ်စစ်ဓာတ်အားပေးစက်ရုံသည် နမ့်ခမ်းမြို့အနောက်တောင်ဖက် ၁၇ မိုင်ခန့်အကွာတွင် ရေွှလီမြစ်ပေါ်တွင်တည်ရှိသည်။ တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ထားသောစက်ရုံတစ်ခုဖြစ်သည်။ မြန်မာအစိုးရဖက်မှ အစုစပ် ၁၅ ရာခိုင်နှုန်းနှင့် တရုတ်နိုင်ငံပိုင်Yunnan United Power Development ကုမ္ပဏီက အစုစပ် ၈၅ ရာခိုင်နှုန်းပါဝင်ရင်းနှီးမြုပ်နှံတည်ဆောက်ထားသည်။ ၂၀၀၄ ခုနှစ်တွင်စီမံကိန်းစတင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင်ဖွင့်လှစ်နိုင်ခဲ့သည်။ စက်တပ်ဆင်အင်အားမှာ ၆၀၀ မဂ္ဂါဝပ် ဖြစ်သည်။ ရဲရွာဓာတ်အားပေးစက်ရုံပြီးလျှင်မြန်မာနိုင်ငံတွင်အကြီးဆုံးစက်ရုံဖြစ်သည်။ ထွက်ရှိသောဓာတ်အားကို မန်စံဓာတ်အားခွဲရုံနှင့် ရွှေစာရံဓာတ်အားခွဲရုံများမှတဆင့် မြန်မာဓာတ်အားစနစ်သို့ပို့လွှတ်သည်။ တရုတ်နိုင်ငံ ယူနန်ဓာတ်အားစနစ်သို့လည်းဓာတ်အားရောင်းချသည်။ ထို့ပြင် တရုတ်ရင်းနှီးမြုပ်နှံမှုဖြင့်တည်ဆောက်ထားသော တကောင်းတောင် နီကယ်စက်ရုံသို့လည်း ဓာတ်အားပို့လွှတ်ရောင်းချသည်။
ယခုအခါတွင် ရွှေလီ(၂)ဓာတ်အားပေးစက်ရုံ(တရုတ်ဖက်စပ်)နှင့် ရေွှလီ(၃)ဓာတ်အားပေးစက်ရုံ(မြန်မာအစိုးရပိုင်)တို့အားတည်ဆောက်လျက်ရှိသည်။