မုခ်ဝ:အနုပညာ: တည်းဖြတ်မှု မူကွဲများ

စာမျက်နှာအသစ်: ==လူမျိုး၏ ယဉ်ကျေးမှုကြေးမုံ== သုခုမပညာဟူ၍ ရသပညာဟူ၍လည်းက...
(ကွဲပြားမှု မရှိ)

၁၄:၀၄၊ ၃ အောက်တိုဘာ ၂၀၀၈ ရက်နေ့က မူ

လူမျိုး၏ ယဉ်ကျေးမှုကြေးမုံ

သုခုမပညာဟူ၍ ရသပညာဟူ၍လည်းကောင်း ခေါ်ဆိုသောအနုပညာသည် လူ၏စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး၊လူ၏ စေတနာကို လှုံ့ဆော်နှိုးဆွပေးနိုင်သော ပညာမျိုး၊ လူ၏စေတနာအလျောက် လူ၏ စိတ်ကူး ဉာဏ်စွမ်းဖြင့် ဖန်တီးရသော ပညာမျိုး ဖြစ်သည်။ လူမျိုးတစ်မျိုး၏ စိတ်နေသဘောထား၊ ကြံရည်ဖန်ရည်၊ ဓလေ့စရိုက်၊ လူနေမှုအဆင့်အတန်းတို့ကို ထိုလူမျိုး၏ အနုပညာက ပို၍ ထပ်ဟပ်ပြနိုင်သည်ဟုဆိုလေသည်။

အနုပညာ

ပါဠိဘာသာအားဖြင့် သုခုမပညာဟုခေါ်သော အနုပညာသည် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကြေးမုံ ဖြစ်သည်။ လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှုကို ထောက်ရှု၍ ထိုလူမျိုး၏ စိတ်နေသဘောထား၊ ကြံရည် ဖန်ရည်၊ ဓလေ့စရိုက်၊ နေထိုင်မှု အဆင့်အတန်းတို့ကို အကဲခတ်ရသည်။ လူမျိုးတစ်မျိုး၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှုများထက် ထိုလူမျိုး၏ အနုပညာက ထိုလူမျိုး၏ ဓလေ့စရိုက်၊ လူနေမှု အဆင့်အတန်းတို့ကို ပို၍ ထင်ဟပ်ပြနိုင်သည်ဟု အချို့ပညာရှင်ကြီးများက ယူဆကြသည်။ ယင်းသို့ လူမျိုး၏ ယဉ်ကျေးမှု အဆင့်အတန်းကို ထင်ဟပ်ပြ နိုင်သော အနုပညာသည် အဘယ်နည်း။ အနုပညာဟူသည် လူ၏ စိတ်ကို လှုပ်ရှားစေနိုင်သော ပညာမျိုး ဖြစ်သည်။ လူ၏ စေတနာကို လှုံ့ဆော် နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။ အနုပညာသည် လူ၏ စေတနာ အလျောက် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီးရသောပညာ ဖြစ်၍ အနုပညာ၏ အစွမ်းကြောင့် အနုပညာကို ခံစားရသူ၌ ရသ ဖြစ်ပေါ်ရသည်။ ထိုကြောင့် အနုပညာကို ရသပညာဟုလည်း ခေါ်လေသည်။အနုပညာရသဟူသည်မှာ ဝမ်းမြောက်ခြင်း၊ ဝမ်းနည်းခြင်း၊ နှစ်သက်ခြင်း၊ ကရုဏာဖြစ်ခြင်း၊ စက်ဆုပ်ခြင်း၊ အားတက်ခြင်း၊ ထိတ်လန့်ခြင်း၊ အံ့သြခြင်း၊ တည်ငြိမ်ခြင်းတည်းဟူသော အလက