မုခ်ဝ:အနုပညာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၃ -
အနုပညာသည် လူ၏ စိတ်ကူးဉာဏ်စွမ်းဖြင့် တီထွင်ကြံဆဖန်တီးရသော ပညာမျိုးဖြစ်သည်။ သဘာဝ အလှအပ အတင့်အတယ်တို့ကို အနုပညာဟု မဆိုနိုင်ပေ။ ကြည်နူးဖွယ်ရာအရုဏ်ဦး၊ သာယာညွတ်နူးဖွယ် ကျေးငှက်တွန်သံကျူးသံတို့သည် ပင်ကိုယ်အလှအပ၊ ကြည်နူးဖွယ်ရာများ ဖြစ်လင့်ကစားအနုပညာသဘော မပါချေ။ အနုပညာကို ဖန်တီးသော အနုပညာရှင်က သက်ရှိသက်မဲ့ ပတ်ဝန်းကျင်၌ မြင်တွေ့ကြားသိရသော ဘဝအာရုံတို့အပေါ်သို့ ယင်းစေတနာသက်ရောက်၍ ထိုစေတနာအလျောက် သူ့အမြင်၊ သူ့အကြား၊ သူ့အတွေ့အကြုံ
တို့ကို သရုပ်ဖော် ဖွဲ့နွဲ့ထားခြင်းမျိုးသည်သာလျှင် အနုပညာ သဘောပါလေသည်။အနုပညာရှင်၏ အမြင်၊ အကြား၊ အတွေ့အကြုံတို့ကို
စေတနာအလျောက် သရုပ်ဖော်ဖွဲ့ပြသော အနုပညာတစ်ရပ်ဖြစ်သည့် ပန်းချီအတတ်သည် စာရေးခြင်းအတတ် မပေါ်မီကပင်ပေါ်ပေါက်ခဲ့သည်။ ဂူနေရှေး လူတို့သည် မိမိတို့ဘဝ ပတ်ဝန်းကျင်၌ မြင်တွေ့သမျှ၊ မိမိတို့စိတ်၌ခံစားရသမျှကို မြေနီ၊ မြေဝါ၊မြေဖြူ၊ မီးသွေးစသည်တို့ဖြင့် ဂူနံရံများပေါ်၌ ပုံပန်းသဏ္ဌာန်များ ရေးခြယ်၍ ဖွဲ့ပြကြသည်။ ရှေးလူဟောင်းတုသည် စကားလုံး မကြွယ်ဝကြသေးသဖြင့် မိမိတို့ ဆိုလိုချက်ကို အရုပ်ရေးခြယ်ပြခြင်း ဖြစ်သည်။ ထိုကြောင့် တရုတ်စကားပုံတစ်ခုကရုပ်ပုံတစ်ပုံသည် စကားလုံးတစ်ထောင်ခန့် တာသွားသည်ဟု ဆိုခြင်း ဖြစ်သည်။ ဂူနေရှေးလူတို့၏ ပန်းချီစံနစ်သည် မျဉ်းရေးဆေးခြယ်နည်း၊ သို့မဟုတ် ကောက်ကြောင်းပန်းချီစံနစ် ဖြစ်သည်။ ယဉ်ကျေးမှု အဆင့်အတန်း တိုးတက်လာသည်နှင့်အမျှ ပန်းချီအဆင့်အတန်းသည်လည်း တိုးတက်လာရာ၊ ပန်းချီအတတ်သည် လူတို့၏ စိတ်နှလုံးကို ယူကျုံးလှုပ်ရှားစေနိုင်စွမ်းသော အနုပညာတစ်ရပ် ဖြစ်လာခဲ့လေသည်။ ပန်းချီပညာနည်းတူ ရှေးကျသော အနုပညာတစ်ရပ်မှာ ပန်းပုပညာ ဖြစ်သည်။ ပန်းပုဟူသော မြန်မာ ဝေါဟာရ၏အဓိပ္ပါယ်ကို တိကျစွာ ဖော်ပြရလျှင် သစ်သား၊ ဆင်စွယ်၊အရိုး၊ အုတ်၊ အဂအင်္ဂတေ၊ သတ္တု စသည်တို့ဖြင့် ထုလုပ်ခြင်းနှင့် စပ်လျဉ်းသော အနုပညာရပ်ကို ဆိုလိုပေသည်။ စင်စစ် ပန်းပုပညာတွင် ခြူးပန်းခြူးနွယ် ပန်းတက်ပန်းထပ်စသည်တို့ကိုထုလုပ်ခြင်းနှင့် စပ်လျဉ်းသော အနုပညာကို ဆိုလိုပေသည်။
စင်စစ် ပန်းပုပညာတွင် ခြူးပန်းခြူးနွယ်တို့ကဲ့သို့ နှစ်သက်
ဖွယ်ရာ အလှအပ တန်ဆာဆင် ပန်းပုပညာအပြင် ပုံတူရုပ်လုံး
ရုပ်တုပညာသည်လည်း ပန်းပုပညာ၌ သက်ဝင်သည်။ ပန်းချီ
ပညာရှင်သည် မိမိဖွဲ့ပြလိုသော အကြောင်းရပ်ကို အနံအလျား
အားဖြင့် ပုံပန်းဖော်၍ ဆေးခြယ်ပြသည်။ ပန်းပုပညာရှင်ကမူ
ထုထည်ဖြင့် ပုံသဏ္ဌာန် ဖော်ပြသည်။ ကလေးသုူငယ်တို့သည်
ရွှံ့စေး၊ မြေစေးတို့ဖြင့် မိမိတို့စေတနာရောက်ရာ သက်ရှိသက်မဲ့
တို့၏ ပုံသဏ္ဌာန်ကို ဖော်ပြကြသကဲ့သို့ ရှေးလူတို့သည်လည်း
မြေစေး၊ ရွှံစေး၊ ကျောက်တုံး ကျောက်ခဲတို့ဖြင့် မိမိတို့၏
စေတနာရောက်ရာ သက်ရှိသက်မဲ့တို့၏ ပုံသဏ္ဌာန်ကို ဖော်ပြ
ကြရာမှ မျက်စိပသာဒအားဖြင့် နှစ်သက်ဖွယ်ရာ ကြွရွလှပသော
အဆင်တန်ဆာ ပန်းပုလက်ရာများ၊ အသက်ဝင် လှုပ်ရှား နေ
သယောင် ထင်မှတ်ဖွယ်ရာ ရုပ်လုံးရုပ်တုကို ထုလုပ်ပုံဖော်နိုင်
လာကြ၍ ရှုမြင်ရသူတို့၏ စိတ်ဘဝင်၌ ထိခိုက်လှုပ်ရှားစေ
ပြီးလျှင် နှစ်ခြိုက်ခြင်းဖြစ်အောင် ဖန်တီးနိုင်သော ပန်းပု အနု
ပညာတစ်ရပ် ဖြစ်လာလေသည်။
 
လူတို့သည် အပူအအေး စသော ရာသီဥတု၏ ဒဏ်မှ
အကာအကွယ် ရစေရန် အမိုးနှင့် လေးဘက် လေးတန် ထရံ
ကာ အဆောက်အအုံငယ်ကို ဆောက်လုပ်သည်။ ထိုအခြေအနေ
အထိ လူ၏ အားထုတ်မှုသည် အသုံးချရေးသာ ဖြစ်သည်။
အကယ်၍ အဆောက်အအုံ၏ အမိုးစွန်ကို ပို၍ ချွန်းထွက်
ကော့ပျံစေကာ တစ်မျိုး တစ်မည်လှပစေခြင်း၊ အဝင်အထွက်
တံခါးပေါက် တစ်ဘက်တစ်ချက်စီ၌ တိုင်လုံးများ စိုက်ထူ၍
ရှုမြင်ရသူတို့၏ မျက်စိပသာဒဖြစ်အောင် နှစ်ချိုက်စေခြင်း
ဖြစ်အောင် အားထုတ်သောအခါ အနုပညာ သဘောပါသော
ပိသုကာပညာ သက်ဝင်လာလေသည်။
 
လူတို့သည် စိတ်၌ ထိခိုက်လှုပ်ရှားသည့်အခါ အသံထွက်၍
မိမိတို့၏ ခံစားမှုကို ပြကြသည်။ ငိုခြင်း၊ ရယ်ခြင်းတို့ကား
ဤသဘောတည်ုး။ ယင်းသို့ စိတ်လှုပ်ရှားမှုကို အသံဖြင့် ပြုကြ
ပုံကို အနုပညာသဘောဖြင့် ဖွဲ့နွဲ့ပြသောအခါ၊ တိုက်ပွဲ၌အောင်ပွဲ
ရ၍ အောင်သံဟစ်ကြွေးရာမှ အစပြုသော စိတ်တက်ကြွဖွယ်ရာ
စစ်ချီ သီချင်းများ၊ ဝမ်းနည်းခြင်း၊ စိတ်ပျက်အားငယ်ခြင်းတို့ကို
ဖွဲ့နွဲ့ပြသော အလွမ်းအဆွေး သီချင်းများ စသည့် ဂီတသီချင်း
များ ပေါ်ပေါက်လာသည်။ ခြေလက်လှုပ်ရှားမှု၊ ဟန်အမူအရာ
တို့ဖြင့် ခံစားမှုကို သရုပ်ဖော်ပြသော အကအခုန်နှင့် ပြဇာတ်
စသော သဘင်ပညာ ပေါ်ပေါက်ခဲ့သည်။
 
ယဉ်ကျေးမှု အဆင့်အတန်းမြင့်လာ၍ စာရေးခြင်းအတတ်
ပေါ်ပေါက်လာသောအခါ လူတို့သည် မိမိတို့၏ အမြင်အသိ
အတွေ့အကြုံခံစားချက်တို့ကို စာပေဖြင့်လည်း ဖွဲ့ပြကြသည်။
လောကနှင့် လူ့သဘောသဘာဝကို ဖွဲ့နွဲ့တင်ပြရာ၌ အနုစာပေ
သည်လည်း အစွမ်းထက်သော အနုပညာတစ်ရပ် ဖြစ်သည်။
စာပေအရာ၌ အသိကို ပေးသော အသိပေးစာပေ၊ စေတနာကို
နှိုးဆွပေးသော စေတနာနှိုးစာပေဟူ၍ရှိရာ ဒုတိယအမျိုးအစား
သည် အနုစာပေ၊ သို့မဟုတ် ရသစာပေကို ခေါ်ဆိုသည်။ အနု
စာပေသည် ပန်းချီ၊ ပန်းပု၊ ဗိသုကာတို့ကဲ့သို့ အလှအပ၊
အယဉ်အနွဲ့၊ အခန့်အသန့်တို့ဖြင့် စေတနာကို နှိုးဆော်သည်
မဟုတ်ပေ။ အရေးအသား၊ အဖွဲ့အနွဲ့၊ ဇာတ် အိမ်၊ ဇာတ်ကွက်
ကို လိုက်၍ ဖတ်ရှုရသူ၌ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း၊ ကြွေကွဲ
ခြင်း၊ ထိတ်လန့်ခြင်း၊ ကြောက်ရွံ့ခြင်း စသော စိတ်အရသာတစ်
မျိုးမျိုး ဖြစ်ပေါ်လာလေသည်။