ကျောက်စာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၈ -
မြန်မာနိုင်ငံတွင် ကျောက်စာရေးထိုးခြင်း အလေ့အထမှာ သရေခေတ္တရာခေတ်ကပင် စတင်ပေါ်ပေါက်ခဲ့လေသည်။ သရေခေတ္တရာမြို့ဟောင်းနေရာမှ တူးဖော်ရရှိသော ကျောက်အရိုးအိုးများတွင် ပျူဘုရင်ဘွဲ့များနှင့် ထိုမင်းများ၏ နတ်ရွာစံ သက္ကရာဇ်များ ရေးထိုးထားသည်ကို တွေ့ရသည်။ ပုဂံခေတ် မြန်မာလူမျိုးတို့သည် အထူးသဖြင့် ဘုရားကျောင်း ဆောက်၊ စသော ကုသိုလ်ကောင်းမှုများ ပြုပြီးသည့်အခါ အလှူပစ္စည်းစာရင်းနှင့်တကွ ဆုတောင်းစာ၊ ကျိန်စာများကို ကျောက်ထက်တွင် ရေးထိုးသောအားဖြင့် မှတ်တမ်းတင်ကြလေသည်။
မြန်မာနိုင်ငံအရပ်ရပ်တွင် ပျူ၊ မွန်စာ၊ မြန်မာစာ၊ ပါဠိစာ၊ သက္ကဋစာ စသည်တို့ဖြင့် ရေးထိုးထားသော ကျောက်စာအများတွေ့ရရှိရသည်။ ထိုပြင် [[ဒူးဂဏန်း]] [[ကြေးဂဏန်း]]များဖြင့် ရေးသားထားသော ကျောက်စာများလည်း ရှိသေးသည်။ မြန်မာနိုင်ငံအတွင်း တွေ့ရှိရသော ကျောက်စာများအနက် ပုဂံမြို့မှ [[မြစေတီကျောက်စာ]]မှာ အထူးအရေးပါ အရာရောက်သော ကျောက်စာတစ်ခုဖြစ်သည်။ ထိုကျောက်စာမှာ အကြောင်းအရာ တစ်မျိုးတည်းကို ကျောက်တိုင် ၄ မျက်နှာတွင် မြန်မာ၊ မွန်၊ ပါဠိ၊ ပျူ တည်းဟူသော ဘာသာကြီး ၄ မျိုးဖြင့် အသီးသီး ရေးထိုးထားခဲ့လေသည်။ မြစေတီကျောက်စာကို လေ့လာခြင်းအားဖြင့် ပုဂံခေတ်၌ သုံးနှုန်းသော ဘာသာစကားများကို သိရှိနိုင်သည့်အပြင် မြန်မာနိုင်ငံသမိုင်းအတွက် သက္ကရာဇ် အထောက်အထားများကိုလည်း တိကျစွာ သိနိုင်ပေသည်။ ကမ္ဘာ့ကျောက်စာများ သမိုင်းတွင် ပဉ္စမသံဂါယနာတင် မင်းတုန်းမင်းတရားကြီး၏ ရေးထိုးခဲ့သော [[ပိဋိကတ်ကျောက်စာများ]]သည်လည်း အရေးကြီးသော အခန်းတစ်ခုအဖြစ် ပါဝင်သည်။ ပဉ္စမသံဂါယနာတင်ပြီးနောက် မင်းတုန်းမင်းကြီးသည် ပိဋိကတ်တော်များ အဓွန်ရှည် တည်တံ့စေအံ့သောငှာ ဝိနည်း ပိဋိကတ်တော်ကို ကျောက်ချပ်ရေ ၁⁠၁၁ပေါ်တွင်လည်းကောင်း၊ အဘိဓမ္မာပိဋိကတ်တော်ကို ကျောက်ချပ်ရေ ၂၀၈ခုပေါ်တွင် လည်းကောင်း၊ သုတ္တန်ပိဋိကတ်တော်ကို ကျောက်ချပ်ရေ ၄၁၀ ပေါ်တွင်လည်းကောင်း၊ အသီးသီး ရေးထိုးကာ ကျောက်ထပ်အက္ခရာတင်တော်မူခဲ့သည်။ ကျောက်ချပ်ရေစုစုပေါင်း ၇၁၉ ချပ်ရှိ၍ ကမ္ပည်းရေးထိုးရာ၌ ၇နှစ်နှင့် ၅ လကျော်မျှ ကြာမြင့်လေသည်။ ထိုပိဋိကတ် ကျောက်စာတိုင်များကို [[ကုသိုလ်တော် ဘုရား]] စေတီမဟာရံအတွင်း လိုဏ်ဂူ ပြဿာဒ်များဖြင့် တည်ထားကိုးကွယ်တော်မူခဲ့သည်။
မြန်မာနိုင်ငံတွင် ကျောက်စာရေးထိုးခြင်းဓလေ့မှာ ယခုတိုင် ထင်ရှားလျက်ရှိသေးသည်။ သို့ရာညတွင်သို့ရာတွင် ယနေ့ခေတ်ရေးထိုးသော ကျောက်စာများမှာ များသောအားဖြင့် မြန်မာဘာသာသက်သက်ဖြင့် ဖြစ်၍ ရေးထိုးပုံမှာလည်း ယခင်ခေတ် ကျောက်စာများ ရေးထိုးပုံနှင့် မတူပေ။ ရှေးခေတ်က မန်ကျည်းစေ့ အက္ခရာဖြင့် ရေးထိုးကြသော်လည်း နှောင်းခေတ်များ၌မူ အက္ခရာဝန်းဖြင့်သာ ရေးထိုးလေ့ရှိကြလေသည်။