မုခ်ဝ:အနုပညာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁၇၂ -
နားဝင်ပီယံ မဖြစ်ပေ။ တက်သံ၊ ချသံ အချီအချ သဘောပါမှ
နားဝင်ငြိမ့်ညောင်းသည်။
 
(၅) ဟန်ချက်သဘောဟူသည်မှာ ထိန်းမပဲ့ကိုင်ပေးခြင်းကို
ဆိုလိုသည်။ အနုပညာရှင်သည် မိမိ၏ဘဝ စိတ်အလိုကို
အလိုက်လွန်သွားခြင်း မဖြစ်ရလေအောင် ထိန်းမ ချုပ်ကိုင်ပေး
ရသည်။ မိမိ၏ ဆိုလိုရင်းအချက်ကို အလွန်အမင်း ဖြစ်မသွား
အောင် ဟန်ထားရခြင်းကို ဆိုလိုသည်။ ပန်းချီကားတစ်ချပ်၌
ထင်းလွန်းသော အရောင်အသွေးကို ဖျော့သော အရောင်အသွေး
ဖြင့် ပြန်၍ ဖြေသကဲ့သို့ ဇာတ်သဘင်လောကတွင် အလွမ်းများ
သော ဇာတ်လမ်းကို အသောကွက်များ ဖောက်ဝင်ပေးသော
သဘောပေတည်း။
 
အနုပညာရှင်များ၏ အနုပညာ လက်ရာများသည် အနုပညာ
အင်္ဂါများနှင့် မည်သို့ ပြည့်စုံညီညွတ်ကြ၍ မည်သို့ရသဖော်သည်
ကို လေ့လာကြည့်ပါဦးစို့။ ရှေးဦးစွာ ဂျပန်ပန်းချီကျော် ဟိုကူ
ဆိုင်း၏ လက်ရာ “ လှိုင်းထန်သည့် အဏ္ဏဝါကြောဝယ် ”
အမည်ရှိ ပန်ချီကားကို ပုံစံတင်ပြလိုသည်။
ထိုပန်းချီကားတွင် လှိုင်းခေါင်းဖြူကြီး၏ အရှိန်အဟုန်
ပြင်းထန်ပုံကို သရုပ်ဖော်ရာ၌ တဘက်တွင် အရှိန်ပြင်းစွာ ကြွ
တက်နေသော လှိုင်းခေါင်းဖြူကြီးနှင့် တစ်ဖက်မှ အရှိန်ကျပြီး
လှိုင်းလုံးကြီးတို့အလယ်တွင် အနက်အရှိုင်းကိုပြ၍ အချီအချ
အနိမ့်အမြင့်သဘောကို ပေါ်စေသည်။ အလွန်အရှိန် ပြင်းလှ၍
ရေပေါက် ရေစက်များ လွင့်စဉ် ဖြာထွက်လျက် ရှိသော လှိုင်း
ခေါင်းဖြူကြီး မြင့်မောက်ကြွတက်နေပုံနှင့် အရှိန်လျော့၍
လျှောကျသွားသော လှိုင်းလုံးများအကြား၌ လှိုင်းဒဏ်ကို
အလျားစင်း၍ ခံနေရသော လှေကြီးများနှင့် လှေသားများကို
အနေအထား မှန်ကန်စွာဖြင့် ပြထားသည်။ အဓိက လှိုင်း
ခေါင်းဖြူကြီးနှင့် အခြံအရံ သက်ရှိ သက်မဲ့တို့သည် ရေပြင်
ကျယ်ကြီး၌ လှိုင်းထန်နေသည့် သဘောကို အညီအညွတ် ပြကြ
သည်။ သက်ရှိသက်မဲ့တို့၏ အနေအထား ပုံပန်းသဏ္ဌာန်တို့
သည် အကြောင်းရပ်နှင့် အဆင်ပြေ၍ ဆီလျော်သည်။ လှိုင်း
လုံးကြီးများ၏ အနိမ့်အမြင့် သဘောကို နောက်ခံခပ်ဝေးဝေး၌
မြင်ရသော တောင်ပူစာငယ်က ထိန်းထားလေသည်။
စိတ်လှုပ်ရှားမှု အင်အားကောင်းကောင်းဖြင့် ဖွဲ့ပြထား၍
မြင်ရသူ၌ ဘဝခိုက်အောင် စေတနာကို လှုံ့ဆော်နိုင်သော
အခြါးပန်းချီကားတစ်ချပ်ကို ပုံစံတင်ပြရလျှင် အင်္ဂလိပ် ပန်းချီ
ကျော် ဝီလျံတန်းနား၏ “ အောင်ပွဲရ တေးမေးရား ” ကို တင်ပြ
လိုပေသည်။ တေးမေးရားသည်
ဗြိတိသျှတို့က နိုင်းမြစ် တိုက်ပွဲတွင် ပြင်သစ်တို့လက်မှ လက်ရ
သိမ်းပိုက်ခဲ့သော ပြင်သစ် တိုက်သင်္ဘောဖြစ်သည်။ ထရာဖဲလဂါ
တိုက်ပွဲတွင် ဗြိတိသျှတို့က အရေးနိမ့်၍ ပြင်သစ်တို့က အရေး
သာနေစဉ် တေးမေးရားသည် လော့နယ်လဆန် ကိုယ်တိုင်
ကွပ်ကဲသော အလံတင်သင်္ဘောနှင့်ယှဉ်၍ ပြင်သစ်တို့အား
ချေမှုန်းနိုင်ခဲ့သဖြင့် ဗြိတိသျှတို့ အောင်ပွဲခံနိုင်ခဲ့သည်။ ထိုစဉ်က
တေးမေးရား၏ ဂုဏ်သတင်း ထင်လင်းကျော်ကြားခဲ့၍ မျက်နှာ
ပန်းလှစွာဖြင့် ပြည်တော်ပြန်လာခဲ့ပြီးလျှင် တင်း မြစ်ထဲတွင်
ဝင့်ကြွားစွာ အနားယူနိုင်ခဲ့သည်။
 
သို့သော် နှစ်ကြာမြင့်လာသော် တေးမေးရား၌ တိုက်ပွဲများ
၏ ဒဏ်ရာဒဏ်ချက်များကလည်း ပြည့်နှက်နေ၍ တဖြည်း
ဖြည်း ယိုယွင်းလာကာ ဇရာကလည်း ထောင်းလာလေပြီ။
နောင်အခါ တီထွင်မှုအသစ်အသစ်တို့ဖြင့် ဗြိတိသျှ ရေ
တပ်မတော်က မွေးထုတ်သော တိုက်သင်္ဘော အသစ်အသစ်တို့
အရေအတွက် တိုးပွားလာခဲ့သည်။ ထိုအချိန်တွင် တေးမေးရား
သည် အမှုတော်လည်း မထမ်းနိုင်သောအခြေအနေ၌ ရှိနေသည့်
ပြင် တင်းမြစ်ထဲတွင် သင်္ဘောနေရာ အကျပ်အတည်း ပြဿနာ
တစ်ခု ဖြစ်နေတော့သည်။ ထိုကြောင့် ယခင်က အောင်ပွဲရ
တိုက်ပွဲပြန်ကြီးအား ဖျက်ဆီးပစ်ရန် အထက်အမိန့်အရ မီးခိုး
တလူလူထွက်၍ စက်သံ တဖုတ် ချက်ချက်မြည်သော တွဲ
သင်္ဘောငယ်ကလေးတစ်စင်းက တေးမေးရာအား လာ၍ တွဲကာ
ဖျက်ဆီးရမည့်နေရာသို့ ခေါ်သွားပုံကို တန်းနားက သရုပ်ဖော်
ထားသည်။ အကြောင်းရပ်၏ ကြေကွဲဝမ်းနည်းဖွယ် ကောင်းမှု
ကို ဖွဲ့ပြရာ၌ ဘဝ၏ကျချိန်ကို သရုပ်ဖော်သောအားဖြင့် နေဝင်
ချိန်ကို နောက်ခံပြုထားသည်။ သင်္ဘော၏ လှုပ်ရှားမှုကြောင့်
ဖြစ်ပေါ်သော လှိုင်းဂယက်ကလေးများမှအပ ရေပြင်သည်
လည်း ဝမ်းနည်းကြေကွဲသည့်နှယ် ငြိမ်သက်နေသည်။ ဆွဲ
သင်္ဘောကလေး၏ အရောင်အသွေးသည်လည်း ခပ်မှိုင်းမှိုင်း
ဖြစ်သည်။ အုံ့မှိုင်းနေသော ကောင်းကင်ပြင်၏ အောက်ဝယ်
တစ်ဖက်သောကမ်းခြေမှ အဆောက်အအုံများကို မှုန်မှုန်ဝါးဝါး
သာ မြင်ရသည်။ အခြေအနေအရပ်ရပ်သည် ကြည်လင်
သာယာမှုကင်း၍ ဝမ်းနည်းကြေကွဲသော အသွင်သဏ္ဌာန်ဆောင်
နေခြင်းကို မဲတင်းထားသည့် သဘောဖြင့် ဆွဲသင်္ဘောမှ မီး
အရောင်နှင့် နေလုံး၏ အထက်မှ တေးမေးရား၏ တစ်ခါက
စွမ်းစွမ်းတမံ အမှုထမ်းခဲ့မှုသဘောကိုပြသော အနီရောင်တိမ်
အစုအဝေးတို့က ထိန်းပေးထားလေသည်။
 
အနေအထား မှန်ကန်မှုသဘော၊ ညီညွတ်မှုသဘော ပြေပြစ်
မှုသဘောတို့ ထင်ရှားသော ရှေးရိုးမြန်မာ ပန်းချီကားတစ်ကား
ကို ပုံစံ တင်ပြလိုပါသေးသည်။ ထိုပန်းချီကားသည် “ အာဠ
ဝက ချွတ်ခန်း ” အမည်ရှိ၍ ဘုရား
ဂုဏ်တော်ကို ဖွဲ့ပြခြင်း ဖြစ်သည်။ ပန်းချီဆရာသည် ပကတိ
တည်ငြိမ်သော ဘုရားသခင်ကို ကြည်ညိုဟန်တူ၍ မာန်လျော့
ကန်တော့သော အာဠဝကကို ချီးကျူးလိုဟန် တူသည်။ ထို
ပန်းချီကားတွင် အာဠဝကက ဦးညွတ်ကန်တော့သော သဘော
သည် လိုရင်းဖြစ်သည်။ ထိုသဘောသို့ မျက်စိ ရောက်စေရန်
တစ်ဖန်ရောက်သော မျက်စိဖြင့် ပျံ့လွင့်ခြင်း မဖြစ်အောင်လည်း
ဖွဲ့ပြနိုင်မှုကို သရုပ် အနေအထား အသို၌ ထင်ရှားစွာ တွေ့မြင်
နိုင်သည်။ ကန်တော့ ဦးညွတ်နေသော ဘီလူးရုပ်ကို ပန်းချီကား
၏ အလယ်မကျ တကျနေရာ၌ ထားသဖြင့် ကြည့်သူ၏
မျက်စိသည် ဘီလူးရုပ်ဆီသို့ လွယ်လင့်တကူ ရောက်သွားသည်။
ထိုသို့ ရောက်သွားသော မျက်စိကို ပန်းချီကား၏ ပြင်ဘက်သို့
ပျံ့လွင့်ခြင်း မရှိလေအောင် ဘေးနှစ်ဘက်တွင် သစ်ပင်နှစ်ပင်ကို
ပိတ်၍ ခြယ်ထားသည်။ အထက်တွင် ပန်းနွယ်တို့ကို မိုးကာ၍
ခြယ်ထားသည်။ တစ်ဖန် ဘီလူးသို့ရောက်၍ မပျံ့မလွင့်နေသော
မျက်စိကို ဘီလူး၌ အကြာအရှည် တန့်မနေစေဘဲ ဘုရားရှင်
ထံသို့ သက်သက်သာသာ ကူးပြေါင်းသွားလေအာင် ဘီလူး၏
လက်နှင့် လေးမြားတို့ကို ဘုရားရှင်၏ မျက်နှာတော်ဆီသို့
ဦးတိုက်ထားသည်။ ယင်းသို့ဖြင့် ဘီလူးသို့ရောက်သော မျက်စိ
သည် ဘီလူး၏ လက်သို့ ရောက်သည်။ ထိုမှ လေးမြားသို့
ရောက်သည်။ လေးမြားမှ ဘုရားရှင်၏ လက်မောင်း အကျသို့
ကူးဖြတ်ကာ၊ ထိုမှတစ်ဆင့် ဘုရားရှင်၏ မျက်နှာတော်သို့
ရောက်အောင် လမ်းဖွင့်ပေးထား လေသည်။ မျက်စိသည်
ဘီလူးမှသည် ဘုရားသို့၊ ဘုရားမှသည် ဘီလူးသို့ ထက်အောက်
စုန်ဆန် လူးလာ တုံ့ပြန်နေအောင် ဖန်တီးထားသည်။ ယင်းသို့
ဖြင့် ဘုရားကို ကြည်ညိုသောစိတ်၊ ဘီလူးအား ချီးကျူးသော
စိတ်တို့သည် မျက်စိရှင်၌ တစလှည့်စီ တက်တုံသက်တုံ ဖြစ်
ပေါ်စေနိုင်လေသည်။
 
မြတ်စွာဘုရားသည် ခက်ထန်လှသော အာဠဝကအား
သည်းခံတော်မူခြင်း၊ ကောင်းစွာ ယဉ်ကျေးစေခြင်း တို့ဖြင့်
အောင်တော်မူကြောင်းကို ပြနိုင်ရန် အာဠဝကအပေါ်သို့ ကဲမိုး
နေသော ဘုရားသခင်၏ ကိုယ်ဟန်၌ လည်းကောင်း၊ အေးချမ်း
တည်ငြိမ်သော မျက်နှာတော်အမူအရာ၌လည်းကောင်း ထင်ရှား
စေသည်။ အာဠဝကကို သရုပ်ဖော်ရာတွင် အာဠဝက၏
ခက်ထန်သောသဘောကို တောင့်တင်းခိုင်မာသော ကိုယ်ဟန်ဖြင့်
ပြသည်၊ ဘုရားရှင်အား မာန်လျော့ချ၍ ကိုင်းညွတ်နေပုံပင်
ဒေါသမာန်ပါနေသေးသည်။ သို့သော် ဘုရားရှင်အား ရွံ့ကြောက်
ခြင်း၊ ကြည်ညိုခြင်းတို့ကို လက်ချောင်းများ အမူအရာ၌ ပေါ်
စေသည်။ အာဠဝက၏ မာန်လျော့ ကိုင်းညွတ်ခြင်းကို ပန်းနွယ်
တို့၏ ယိမ်းညွတ်နေခြင်းဖြင့်လည်း ဖွဲ့ပြသည်။ အာဠဝက၏
ကျောဘက်ရှိ သစ်ပင်မှနေ၍ ဥဒေါင်းငှက်၏ ဘုရားရှင်အား
ဦးညွတ်နေဟန်ဖြင့်လည်း ပြသည်။ ယင်းတို့ကား ပန်းချီကားပါ
အကြောင်းအရာ အချက်အလက်တို့၏ ညီညွတ်မှုသဘော၊
ပြေပြစ်မှုသဘောကို ပြသည်။ ပန်းချီဆရာ၏ အနုစိတ်လက်စွမ်း
သည် စေတနာပါမှ အချက်ကျကျ ရေးနိုင်သည်။ စေတနာ
အင်အား ကောင်းသဖြင့် ထိုပန်းချီကားတွင် အနုစိတ်လက်စွမ်း
ကို အံ့သြချီးကျူးဖွယ်ရာ တွေ့ရသည်။ ဘုရားရှင်၏ နဖူးသင်း
ကျစ်တော်၌ ဗိုပေါက်ထားခြင်း၊ ဝတ်ရုံထားသော သင်္ကန်း
တော်၏ အတွန့်အလိပ်၊ အမြိတ်အနားတို့ကို အဆန်းတကြယ်
ရေးထားခြင်းတို့သည် ပန်းချီဆရာသည် ကြည်ညိုမှု ထက်သန်
သော စေတနာကို ပြသည်။ အာဠဝက၏ မကိုဋ်တန်ဆာ၌
လည်းကောင်း၊ ချပ်ဝတ်တန်ဆာ၌လည်းကောင်း၊ နံဘေးရှိ
ဘွဲ့ဖြူ လက်နက်၌လည်းကောင်း၊ ကြာလိပ်ကြာတွန့် ကြာ
ကတော့ကြာကွေးသဘောဖြစ်သော ကနုတ်တန်ဆာ ထည့်ထား
ခြင်းသည် အာဠဝကအား ပန်းချီဆရာက ချီးကျူးစိတ်ကို ဖော်
ပြသည်။ ဘီလူး၏ လည်ဆွဲပုတီးသည် ရင်ဆီ၌ တန်းကျနေ၍
ပေါင်ပေါ် ယိမ်းနွဲ့နေဟန် ဖွဲ့ပြခြင်းသည် ပန်းချီဆရာ၏
နှစ်သက်စိတ်ကို ဖော်ပြသည်။ ပန်းချီဆရာသည် ထိုပန်းချီကို
ရေးဆွဲစဉ်က နှစ်သိမ့်ကြည်နူး ပျော်ရွှင်နေဟန် တူသည်။
ထိုကြောင့် အာဠဝက၏ ကျောဘက်၌ ဓားကိုင်၍ ထိုင်နေသော
တောဘီလူး၏ အိုးတိုးအတ အမူအရာကို ပြက်လုံးတစ်ခုအဖြစ်
ပန်းချီဆရာက ထည့်သွင်းထားလေသည်။
 
ရုပ်လုံးရုပ်တုဆရာတို့သည်လည်း မိမိတို့ ပတ်ဝန်းကျင်မှ
လူနှင့် တိရစ္ဆာန်စသော သက်ရှိသက်မဲ့တို့အနက် အာရုံ
စူးစိုက်မိရာ အကြောင်းရပ်တစ်ခုကို စေတနာအလျောက်
ပုံပန်းဖော်ပြရာ၌ ထိုလူတိရစ္ဆာန်တို့၏ ရုပ်လုံး ရုပ်တု
ကိုယ်ဟန် အနေအထား မျက်နှာမူရာတို့၌ အသက်ဝင်အောင်
နှစ်သက်ဖွယ်ဖြစ်အောင် ဖွဲ့ပြကြသည်။ အမေရိကန် ရုပ်တုဆရာ
ပေါမင်းရှစ်၏ “ မုဆိုးနှင့် တောဆိတ် ” ရုပ်လုံးအတွဲကို ပုံစံ
တင်ပြရသော် ထိုရုပ်လုံးတို့၏ ဟန်အမူအရာမှာ အသက်ဝင်
လှသဖြင့် ကြည့်နေစဉ်တွင်ပင် မုဆိုးလက်ထဲရှိ တအားဆွဲ၍
မောင်းတင်ထားသော လေးညှို့မှ မြားသည် “ တိန် ”ကနဲ
မြည်ကာ လွတ်ထွက်ပြီးလျှင် သမင်း၏နံပါး၌ သွား၍ စိုက်
လိုက်ရာ ချက်ကောင်းထိလှသဖြင့် သေစေလောက်သော မြား
ချက်ကြောင့် အသက်ထွက်လုဆဲဆဲ မချိမဆန့် ဝေဒနာခံစား
ရပုံကို ဒိဋ္ဌကိုယ်တိုင် မြင်တွေ့နေရသကဲ့သို့ရှိကာ တစ်ဖက်မှ
မုဆိုး၏ စွမ်းပကားကို ချီးကျူးမိသည့်နည်းတူ တောဆိတ်
အပေါ်၌လည်း ကရုဏာစိတ်တဖွားဖွား ဖြစ်ပေါ်ရသညင်။
အကြောင်းရပ်၏ ဆိုလိုရင်းကို ရုပ်ထုဆရာတို့က ပီပီပြင်ပြင်
သရုပ်ဖော်နိုင်၍ ညီညွတ်မှုသဘော၊ အနေအထား မှန်ကန်မှု
သဘော၊ ပြေပြစ်မှုသဘော၊ ဟန်ချက်စသည်တို့ဖြင့်လည်း
ပြည့်စုံကြောင်းကို တွေ့ကြရပေလိမ့်မည်။
 
အဆိုပါ အနေအထား မှန်ကုန်မှုသဘော၊ ညီညွတ်မှုသသော၊
ပြေပြစ်မှုသဘော စသည်တို့ဖြင့် ပြည့်စုံသော အခြါးပုံစံတစ်ခု
မှာ တရုတ်လူမျိုးတို့၏ ကရုဏာရှင် နတ်သမီး ကွမ်းယင်၏
ရုပ်တုဖြစ်ပေသည်။ ရုပ်ထုဆရာသည် နတ်သမီးအား ကြည်ညို
သောစိတ်စေတနာဖြင့် နတ်သမီး၏ခေါင်းဆောင်း ဘယက်
တန်ဆာတို့ကို အနုစိတ် ထုလုပ်ထားသည့်အပြင် နတ်သမီး၏
ကိုယ်ရုံအောက်ပိုင်း အနားမြိတ် အတွန့်အလိပ်တို့ကို ပီပြင်
လှပစွာ ပုံပန်း ဖော်ပြထားလေသည်။ ထိုရုပ်တုကို ဆွန်မင်း
ဆက် “ ခရစ် ၉၆၀-၁၁၂၇၉ ” အတွင်းက သစ်သားဖြင့် ထုလုပ်၍
ဆေးရောင်ခြယ်ထားလေသည်။
 
ဗိသုကာပညာရပ်တွင် သိပ္ပံပညာနှင့် အနုပညာ စုပေါင်းစပ်
ထားသည်။ အဆောက်အအုံတစ်ခု ထုထည် ပမာဏ၊ အကျယ်
အဝန်း၊ အမြင့် အစောက် ပန္နက် စသည်တို့သည် အတိုင်း
အထွာ အတိအကျဖြင့် ဆောင်ရွက်ရသည်။ အဆောက်အအုံ၏
အတင့်အထယ် အဖွယ်အရာရှိမှု၊ အခန့်အသန့်ရှိမှု၊ ကြည်ညို
ညွတ်ကျိုးဖွယ် ရာရှိမှုတို့သည် သရုပ်ဖော်သူ အနုပညာရှင်၏
စေတနာအလိုက် အနုပညာအင်္ဂါရပ်တို့ဖြင့် ညီညွတ်စွာ ပုံပန်း
ပေါ်လာကြလေသည်။
 
မြန်မာဗိသုကာပညာရပ်၏ အထွတ်အထိပ် အခြေအနေကို
ပြသော ပုဂံမြို့ဟောင်း စေတီပုထိုးများအနက် မှန်ကန်မှု
သဘော၊ အချီအချသဘော၊ ညီညွတ်မှုသဘော၊ ပြေပြစ်မှု
သဘော၊ ဟန်ချက်သဘောတို့၏ သာဓကကို ထင်ရှားစွာ
တွေ့မြင်နိုင်ပေသည်။ အာနန္ဒာဘုရားအား တန်တိုင်းရံထား၍
တန်တိုင်းလေးမျက်နှာတွင် မုခ်ပြသာဒ် တစ်ဆောင်စီ အကွာ
အဝေးညီညီဖြင့် ဆောက်ထားသည်။ တန်တိုင်အတွင်း၌ ကူ
ဘုရား၊ သို့မဟုတ် တန်ဆောင်းမဟူ၍ ရှိသည်။ တန်ဆောင်းမ
၏ လေးမျက်နှာ၌ တစ်ဖက်စီတစ်ဖက်စီတွင် အရုဏ်ခံမုခ်ထွတ်
(မဏ္ဍပ်) တစ်ခုစီ အသီးသီး ရှိသည်။ တန်ဆောင်းမ အထက်
တွင် ပစ္စယာအဆင့်ဆင့် တင်၍ စေတီပေါက် ထားလေသည်။
တန်တိုင်းမုခ်ပြါသာဒ်၏ မျက်နှာတူရူ၌ ကွက်လပ်ထားရာ
ထိုသဘောမှာ ဘုရားဖူးအား မုခ်ပြါသာဒ် တစ်ခု၌ နားနေယင်း
တန်ဆောင်းမှ အထက်တွင် ပေါက်ထားသော စေတီတော်ကို
အာရုံပြုစေသည်။ တန်ဆောင်းမ အတွင်း၌ အရှေ့ အနောက်
တောင်မြောက် လေးမျက်နှာတွင် မတ်ရပ်ဆင်းတုတော် တစ်ဆူ
စီ ရှိသည်။ ဘုရားဖူးသည် တန်ဆောင်းမအတွင်းသို့ ဝင်လာ
သောအခါ ဆင်းတုသော်ဆီသို့ အာရုံရောက်၍ သဒ္ဓါတရားပွား
များမှု၊ တည်ငြိမ်မှုရှိစေရန် အရုဏ်ခံမုခ်ထွတ်၏ မျက်နှာကြက်
ကို အပြည့်မပြပဲ ဥကင်သဖွယ် ဝဲဘက်ယာဘက်တို့သို့ နိမ့်
လျော့ချထားသည်။ ထိုအခါ မျက်နှာကြက်ခေါင်ကြောင်းသည်
ဆင်းတုတော်၏ မျက်နှာတော်တူရူသို့ ညွှန်ပြသကဲ့သို့ ရှိသည်။
ထိုကြောင့် ဘုရားဖူး၏ မျက်စိသည် ဆင်းတုတော်၏ မျက်နှာ
တော်ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားစေသည်။
ဆင်းတုတော်၏ မျက်နှာတော် အဝင်း အလဲ့ကို ဘုရားဖူးက
ဖူးမြင်နိုင်ရန် မျက်နှာတော်တူရူတွင် အလင်းပေါက် ဖောက်
ထားသည်။ မတ်တပ်ရပ် ဆင်းတုတော်သည် ၁၈ တောင်အမြင့်
ရှိရာ ဘုရားဖူးသည် ခြေတော်ရင်းတွင် ကိုယ်တော်၏ အကဲ
အမိုးကို မြင်ရ၍ ဘုရားဖူး၏ မာန်လျော့ခြင်း၊ ကြည်ညိုသဒ္ဓါ
ပွားခြင်းကို ဖြစ်စေသည်။ ယင်းသို့ဖြင့် အာနန္ဒာဘုရား၏
ဗိသုကာတွင် ဘုရားဖူးအား ကြည်ညိုသဒ္ဓါပွားများစေသော
စေတနာကို လှုံ့ဆော်နိုင်စွမ်းသည့် အနုပညာ၏ ဂုဏ်အင်္ဂါဖြင့်
ပြည့်စုံကြောင်း တွေ့ရပေသည်။
 
အခြေခံသဘောအရ အဆို၊ အက၊ အတီး၊ အမှုတ် တို့သည်
သီးခြါးပညာရပ်များဖြစ်ကြသော်လည်း အနုပညာ သဘောအရ
တစ်ခုနှင့်တစ်ခု ဆက်တွဲလျက်ရှိခြင်း၊ တစ်ခုနှင့်တစ်ခု ကျေးဇူး
ပြုလျက်ရှိခြင်း၊ နီးစပ်ခြင်း၊ တုံ့ ပြန်ခြင်း သဘောတို့ ရှိကြ
သည်။ ထိုပညာသုံးရပ်လုံး တွဲဘက်ပါဝင်သော အဖွဲ့အစည်း
တစ်ခုကို သဘင်ဟု ခေါ်သည်။ သဘင်ပညာဖြင့် လူ့သဘာဝ၊
လောကသဘာဝတို့ကို အနုပညာရှင်သည် ထိရောက်စွာ သရုပ်
ဖော်နိုင်သည်။ အလွမ်းအဆွေး အသောတည်းဟူသော စိတ်
အရသာကိုးပါးကို ထိထိမိမိ လှုပ်ရှားစေနိုင်စွမ်းသည်။ ဇာတ်
ကွက်ဇာတ်သိမ်း အမြီးအမောက်တည့်ရန် ပြေပြစ်မှုသဘော၊
ဇာတ်ဆောင် ဇာတ်ရံ အသိုင်းအဝန်းတို့၏ အပေးအယူ
ညီညွတ်၍ စည်းလုံးမှုရှိသောသဘော၊ အဆိုအတီးတို့၏ အပေး
အယူ ညီညွတ်မှုသဘော၊ ဇာတ်ဆောင်ဇာတ်ရံတို့၏ အံဝင်
ခွင်ကျမှုသဘော၊ အဆိုနှင့်အတီး၊ အလွမ်းနှင့်အသော အချီ
အချရှိမှုသဘော၊ တဖက်သတ်ဇာတ်မျောကြီး ဖြစ်မသွားအောင်
ထိန်းပေးသော ဟန်ချက်တို့ကို ပွဲကြည့် ပရိသတ်တို့ ဆင်ခြင်
ရှုစားက သဘောပေါက်နိုင်ကြပေသည်။
 
မြန်မာပွဲကြည့် ပရိသတ်များ ကြည့်ဖူးမြင်ဖူးကြားဖူးကြသော
မပဋာနှင့် ကိုဒါသတို့၏ ဇာတ်လမ်းကို ခြင်ဆင်ပါလေ။
ထိုဇာတ်လမ်း၌ အခန်းကြီးလေးခန်း ပါသည်။ ပထမအခန်းတွင်
မပဋာ ကိုဒါသကို လူပျိုလှည့်သော သစ္စာထားနှစ်ပါးသွားခန်း
ဖြစ်သည်။ ထိုအခန်းသည် ပွဲကြည့် ပရိသတ်အား ကြည်နူး
နှစ်သိမ့်မှုကို ပေးသည်။ မင်းသား၊ မင်းသမီးတို့၏ အဆိုအက
အပြင် လူရွှင်တော်တို့၏ ပြက်လုံးများကြောင့် ရွှေပွဲလာတို့မှာ
တသောသော ရယ်မောကာ ကြည်နူးရွှင်မြူးကြရသည်။ ဒုတိယ
အခန်းမှာ ကိုဒါသကို မြွေခဲခန်းဖြစ်၍ တတိယအခန်းမှာ သား
ကြီးရေမျော သားငယ်စွန်ချီသောအခန်း ဖြစ်သည်။ ထိုအခန်း
များတွင် ပရိသတ်တို့မှာ ထိတ်လန့်ခြင်း၊ သည်းထိတ်ရင်ဖို
ဖြစ်ရခြင်း၊ ကရုဏာဖြစ်ခြင်းစသော အရသာများကို ခံစားရ
သည်။ စတုတ္ထ အခန်းသည် မပဋာ ရူးခန်းဖြစ်၍ ဇာတ်ဆောင်
မင်းသမီး၏ ပညာပြကွက်တွင် ရွှေပွဲလာတို့မှာ ဝမ်းနည်းကြေကွဲ
စွာဖြင့် နစ်မျောပါသွားကြရသည်။ ထိုဇာတ်တွင် မပဋာ အဖြစ်
အသုံးတော်ခံသူ အနုပညာရှင်သည် အဓိကဖြစ်၍ အဓိကဖြစ်သူ
ကလည်း မိမိ၏ပညာစွမ်းကို အစွမ်းကုန်ပြနိုင်သော ဇာတ်လမ်း
ဖြစ်သည်။ အခြံအရံများသည်လည်းကောင်း၊ ဇာတ်လမ်းဇာတ်
ကွက်များသည်လည်းကောင်း အဓိကဇာတ်ကောင်အား များစွာ
အထောက်အကူ ပြုသည်။ ဇာတ်ရံတို့၏ နေရာသည်လည်း
အကွက်ဝင်၍ အံဝင်ခွင်ကျဖြစ်သည်။ ဇာတ်လမ်းဇာတ်အိမ်
တည်ပုံသည်လည်း အမြီးအမောက် တည့်သည်။ အလွမ်းများ
သောဇာတ်လမ်းတွင် သောခန်းများ ဖောက်ထား၍ နောက်ဆုံး
မပဋာ ကျောင်းတော်ဝင်ခန်းသည် အလွမ်းများ၍ ဇာတ်နာနေ
သည်ကို ပြန်၍ ထိန်းလိုက်သော ဟန်ချက် ဖြစ်လေရာ ထို
ကြည်နူးနှစ်သိမ့်ဘွယ်ရာ အခန်းဖြင့် စခန်းသိမ်းလိုက်လေသည်။
ရသစာပေတို့သည် ရေးပုံရေးဟန်တို့ဖြင့် လူ့သဘာဝ၊
လောကသဘာဝကို သရုပ်ဖော်ကြသည်။ စာရေးဆရာနှင့် စာဆို
ပညာရှင်တို့သည် လူ့လောက ပတ်ဝန်းကျင်၌ ယင်းတို့ မြင်သိ
တွေ့ကြုံရပုံတို့ကို ယင်းတို့၏ စေတနာအလျောက် ပျို့ကဗျာ
လင်္ကာ ဝတ္ထု ပြဇာတ်စသည်တို့အားဖြင့် လွမ်းစရာဖြစ်အောင်၊
ဆွေးစရာ ဖြစ်အောင်၊ သောစရာဖြစ်အောင် ချီးကျူးစရာ ဖြစ်
အောင် ရေးဖွဲ့ကြသည်။ အနုပညာရှင်တို့သည် အကြောင်းအရာ
တစ်ခုခုကို ရေးဖွဲ့ရာ၌ ရှေးဦးစွာ ရေးဖွဲ့မည်အကြောင်းအရာတွင်
စေတနာရောက်မှုရှိရသည်။ စေတနာ ရောက်မှု ရှိမှသာ အာရုံ
စူးစိုက်မှုရှိ၍၊ အာရုံစူးစိုက်မှုရှိလျှင် အကြောင်းအရာ၏ အမူ
အရာကို သိမြင်မှု ရှိမြဲဖြစ်သည်။ အကြောင်းအရာ၏ အမူ
အရာကို သိမြင်မှု ရှိပြီးနောက် ဖန်တီးဖွဲ့ဆိုမှုရှိသည်။
မြန်မာနိုင်ငံတွင် အင်းဝခေတ်မှစ၍ ကဗျာလင်္ကာ၊ ပျို့၊
ဧချင်း၊ ရတု စသည့် အနုပညာစာပေ အဖွဲ့အနွဲ့တို့ အမျိုးမျိုး
ပေါ်ထွက်ခဲ့သည်။ ထိုခေတ်စာဆိုတို့၏ အဓိက အာရုံစိုက်သော
အကြောင်းအရာသည် ဗုဒ္ဓစာပေနှင့် မင်းမှူးမတ်တို့ဖြစ်သည်။
ဗုဒ္ဓသာသနာကို တစ်နိုင်ငံလုံးက အထွက်အမြတ်ထားရာ၊
ဘုရားအလောင်းတော်တို့၏ အမူအရာကို စာဆိုတို့က စေတနာ
ရောက်၍ ချီးကျူးဖွဲ့ဆိုကြသည်မှာ အဆန်းမဟုတ်ချေ။
ထိုနည်းတူစွာပင် ကိုးကွယ်မှုဆိုင်ရာ ကဗျာလင်္ကာအဖွဲ့အနွဲ့
တို့သည် အာရှတိုက်၌လည်း ပေါ်ထွက်ခဲ့သည်။ ထိုခေတ်
ထိုအခါက နိုင်ငံအုပ်ချုပ်သူသည် သက်ဦးဆံပိုင်မင်းဖြစ်သည်။
ထိုမင်းကို လောကသမုတိနတ်အဖြစ်ထား၍၊ မင်း၊ မင်းညီ
မင်းသား အမှူးအမတ်များကို ပြါးပြါးဝပ်ကြောက်ရသည်။
ထိုခေတ်ထိုအခါက ဥရောပ၌လည်း ထိုအတိုင်း ဖြစ်သည်။
အာရှ၌လည်း ထိုအတိုင်းဖြစ်သည်။ အုပ်ချုပ်သူ လူတန်းစား
စာဆိုတို့က စေတနာ ရောက်၍ ချီးကျူးဖွဲ့ဆိုကြခြင်းသည်
ထူးဆန်းအံ့ဖွယ်ရာဟု မဆိုသာချေ။
 
ထိုခေတ်အခါတွင် မြန်မာနိုင်ငံ၌ ထူးထူးခြါးခြါး ပေါ်
ပေါက်ခဲ့သော အဖွဲ့အနွဲ့တို့ကား ဝန်ကြီးပဒေသရာဇာ၏ တျာ
ချင်းများ ဖြစ်သည်။
 
၀န်ကြီး၏ လယ်သမား၊ ထန်းတက်သမားစသော တျာချင်းတို့၌ လက်
လုပ်လက်စား၊ အာဏာမဲ့၊ ဓနမဲ့ ကျေးတော်မျိုး ကျွန်တော်မျိုး
တို့ မိမိတို့ တဝမ်းတခါး အတွက် ရာသီအလိုက် ကြိုးပမ်း
လုပ်ကိုင်ကြပုံကို ဝန်ကြီး ဆင်ခြင်မိသည်။ ထိုလူတန်းစားတို့
ကား တိုင်းပြည် ရိက္ခာဖူလုံရေး၏ အရင်းအမြစ်ဖြစ်သည်ကို
လည်း ဆင်ခြင်မိသည်။ ထိုလူတန်းစားသည် စင်စစ် နိုင်ငံ၏
အရေးပါအရာရောက်သော ပြည့်အင်္ဂါတစ်ရပ်ဖြစ်သော်လည်း
စားဝတ်နေရေး၌ လူတန်းမစေ့ကြသည့် အဖြစ်ကိုလည်း တွေးဆ
မိသည်။ ထိုကြောင့် ထိုလူတန်းစားအပေါ် သနားချစ်ခင်ခြင်း၊
ချီးကျူးခြင်း စေတနာတို့ သက်ရောက်၍ ထိုလူတန်းစား၏
အမူအရာကို လေ့လာပြီးလျှင် ဖွဲ့နွဲ့ဖန်တီးသော တျာချင်းများ
အနက် ပုံစံတစ်ခုကို လေ့လာရလျှင်
“ ထန်းပင်ထန်းလက်၊ ထန်းရွက်ကယ်ဝေဝေ၊ စင်အောင်
ခုတ်ထစ်၊ နုပျစ်ထန်းဦးရေ၊ မယားငယ်ဆွေ၊ ထန်းရေသိမ်း
ဆည်း၊ သားမြေးဟစ်ကြော်၊ ခွေးဝက်ခေါ်၊ ထန်းလျှော်
ယုန်ပိုက်စည်းငယ်နှင့်လေး ”
ထန်းတက်သမားက ထန်းပင်ထက်တက်၍ ထန်းရည် ရ
အောင် ဆောင်ရွက်နေစဉ်၊ မယားသည် ထန်းပင် ခြေရင်း၌
ချထားသော ထန်းရည်အိုးတို့ကို သိမ်းဆည်းရသည်။ ထိုစဉ်တွင်
သားမြေးငယ်တို့က ဖွတ်၊ ပုတတ်၊ ယုန်၊ ခါ၊ ငုံး၊ ကြွက်၊
မြွေပါမကျန် စားကောင်းသောသတ္တဝါတို့ကို ချောက်လှန့်
ဖမ်းဆီးရသည်။ ယင်းသို့ဖြင့် အမိအဘ၊ သားငယ်မြေးငယ်
မကျန် အလုပ်လုပ်၍၊ အလုပ်ပြီးလျှင် အိမ်သို့ပြန်ကာ အမဲ
လိုက်၍ ရခဲ့သော တောသတ္တဝါတို့ကို ဖုတ်ကင်ချက်ပြုတ်၍
တပျော်တပါး စားကြပုံ ထိထိမိမိ သရုပ်ဖော်ထားလေရာ၊
စာဖတ်ပရိတ်သတ်တို့အဖို့ ထိုအိမ်သားစု၏အမူအရာကို
ကရုဏာသက်ရသည့်နည်းတူ ဖြစ်လေရာဘဝတွင် ဖြစ်သလိုနေ၊
ဖြစ်သလို စားတတ်ကြသည်ကိုလည်း ချီးကျူးမိကြရလေသည်။
ရွှေပြည်စိုးဝတ္ထု၌ ဦးလတ်သည် ဗိလတ်ပြန်ဝတ်လုံ မောင်
သောင်းဘေ၏အဖွဲ့တွင် သူ့ခေတ်က ရန်ကုန် ပတ်ဝန်းကျင်၌
သူတွေ့ခဲ့ဖူးသော ဖောက်ပြန်လွယ်သည့် လူ့သဘာဝ (ဝါ)သွေး
ကြီးမွေးကြီး ဖြစ်တတ်သော သဘာဝကို ဟာသဥာဏ်ရှိသူ၏
ဘဝအသိအမြင်ဖြင့် ဖွဲ့ပြထားရာ၊ စာဖတ်ပရိသတ်မှာ ဖတ်ရင်း
ပြုံးမိကြရသည်။ သွေးကြီးမွေးကြီးဖြစ်တတ်သော သဘာဝသည်
လောက၌ ဒေါမနဿ ဖြစ်တတ်သော သဘာဝ ဖြစ်သည်။
စာရှုသူတို့ကမူ မောင်သောင်းဘေ၏ အမူအရာကို ဒေမနဿ
မဖြစ်ပဲ သင့်တင့်စွာ နှလုံးသွင်း၍သား ပြုံးမိခြင်းသည် အနု
ပညာ သဘောပေတည်း။ ရွှေပြည်စိုးဝတ္ထုတွင် မောင်မောင်စိုး
နှင့်ခင်ခင်ထားတို့ အကြောင်းသည် ပင်မဇာတ်လမ်းဖြစ်၍
မောင်သောင်းဘေ၏အဖွဲ့သည် ဇာတ်လမ်းလက်တက်ဖြစ်သည်။
စိုးနှင့်ထားတို့၏ ဇာတ်လမ်းသည် သနားစရာ၊ လွမ်းစရာ
သက်သက်မျှလောက် ဖြစ်သည်။ မောင်သောင်းဘေနှင့် ဦးရာ
ကျော်တို့ အကြောင်း၌မူ ဦးလတ်သည် လောကသဘာဝ၊ လူ့
သဘာဝတို့ကို ပုံဖော်သွားလေသည်။
 
နယ်ချဲ့လက်အောက်၌ နှစ်ပေါင်း ၂၀ ကျော်ခန့်ကြာခဲ့ပြီး
နောက်တွင် မြန်မာတို့သည် မိမိတို့၏အတိတ်ရာဇဝင်သမိုင်း
နှင့် ယဉ်ကျေးမှုတို့ကို အမေ့မေ့အလျောလျော့ဖြစ်လာကာ
ဇာတိမန်ဇာတိသွေး ကွယ်ပျောက်လု မတတ် ဖြစ်လာသည်ကို
ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် မြန်မာလူထုတို့ နိုးကြား
တက်ကြွ၍ ဇာတိသွေး ဇာတိမာန် ပြန်လည်ပေါ်ပေါက်ရန်
မြန်မာလူထုတို့ နားလည်နိုင်သော နည်းပရိယာယ်တို့ဖြင့် ကြံ
ဆောင် နှိုးဆော်ခဲ့သည်။ ဆရာကြီး၏ နည်းပရိယာယ်များမှာ
မှာတော်ပုံကျမ်းများ၌ မြန်မာရာဇဝင်အကြောင်းကို လေးချိုးရှည်
ကြီးများဖြင့် ဖွဲ့ပြသည်။ ဋီကာများ၌ မြန်မာစာပေ မြန်မာ
ရာဇဝင်များကို မေးဖြေပြေါကြားဟန် ဖွဲ့ပြသည်။ အကြောင်း
သင့်တိုင်း မြန်မာပျို့၊ လင်္ကာ၊ ရတု၊ မော်ကွန်း၊ ဧချင်း အစ
ရှိသည်တို့မှာလည်း စာများကို ကောက်နုတ်ဖော်ပြသည်။
ဤသို့ဖြင့် မြန်မာစာပေယဉ်ကျေးမှုတို့ကို မြန်မာတို့ လွမ်းဆွတ်
ဖွယ် ဖြစ်အောင်၊ အားတက်ဖွယ်ဖြစ်အောင်၊ ကြည်ညိုဖွယ်
ဖြစ်အောင် ဖွဲ့နွဲ့၍ မြန်မာတို့၏ စိတ်နှလုံးကို ယူကျုံးခဲ့ရာ
ပုံစံပြရသော်
“ ဇာတိပင်အခြေပျောက်ပြန်တဲ့ ဘဝပေမို့၊ သာကီဝင်တွေ
မောက်ဟန်လဲ မပြချင်ဘု၊ နောက်ယမန် သမဆီက၊
အထောက်မတန် လှခဲ့တဲ့၊ မြန်မာ့ပလ္လင်ပျံ ကျွန်းပေမို့၊
ပေါက်ကန်ကျကာမှ၊ ဆရာ့မှာ အင်မတန်လွမ်း ”
ပုဂံမြို့ဟောင်းရောက်ခဲ့စဉ် အနော်ရထာ ကျန်စစ်သားတို့၏
ခေတ်ကို မြင်ယောင်မိလျှင် နယ်ချဲ့လက်အောက် ကျွန်အဖြစ်
ရောက်နေရသော မြန်မာ့ဘဝနှင့် နိုင်းစာမိယင်း ရှေးမင်းများကို
ရှက်မိကြောင်းကို ဇာတိမာန်တက် ကြွသံ၊ ဝမ်းနည်းပူဆွေးသံ၊
ရှက်သံနှောကာ ဖွဲ့နွဲ့ပြလေသည်။
အနုပညာ အဖွဲ့အနွဲ့၊ အနုပညာ လက်ရာတို့သည် တခေတ်
နှင့်တခေတ် မတူ ပြေါင်းခဲ့ကြသည်။ ပန်းချီ၊ ပန်းပု၊ ဗိသုကာ
စသော အနုပညာရပ်များ၌ စနစ်နှင့်ဟန်တို့သည် ခေတ်အလိုက်
ပြေါင်း၍ပြေါင်း၍ လာခဲ့ကြသည်။ တခေတ်တွင် ကောက်
ကြောင်းပန်းချီစနစ် ခေတ်စားခဲ့သော်လည်း တခေတ်တွင်မူ
ဆေးအရောင်အသွေးဖြင့် အလင်းအမှောင် ကစားသည့် စနစ်
ထွန်းကားခဲ့သည်။ ပန်းပု၊ ဗိသုကာ၊ စာပေ၊ သဘင် စသည်
တို့၌လည်း ထိုနည်းတူ တခေတ်နှင့်တခေတ် မတူ ပြေါင်းလဲမှု
များ ရှိခဲ့လေသည်။
 
အနုပညာ လက်ရာတို့သည် ခေတ်၏ အခြေအနေကိုလည်း
ထင်ဟပ်ပြကြသည်။ မြန်မာနိုင်ငံ၏ ကမ္ဘာကျော် ရွှေတိဂုံ
စေတီတော်ကြီး၏ပုံတော်သည်နွဲ့နှောင်း
သည်။ ပြေပြစ်သည်။ စိတ်အေးချမ်းဘွယ်ရာဖြစ်သည်။ စေတီ
တော်ကို မွမ်းမံတည်ဆောက်သည့်ခေတ်သည် အောက် မြန်မာ
နိုင်ငံ၌ စစ်မက်အေးချမ်းသာစွာ နေလိုကြသော ဟံသာဝတီ
ဘုရင် ဗညားကျန်းနှင့်ဘုရင်မ ရှင်စောပုတို့ဖြစ်သည်။ ထိုခေတ်
တွင် တိုင်းသူပြည်သားတို့သည်လည်း စိတ်အေး ချမ်းသာစွာ
နေထိုင်ခဲ့ကြရသည်။ ထိုကြောင့် ငြိမ်းချမ်းသော ခေတ်၏
သဘော၊ မွမ်းမံသူ မင်းနှစ်ပါး၏သဘော၊ တိုင်းသူ ပြည်သား
တို့၏သဘောသည် စေတီတော်ကို ပြုပြင်ပေးရသူ ပန်းရံပျံ
တို့အား ထင်ဟပ်လေသဖြင့် စေတီတော်၏ ဗိသုကာတွင်
ပြေပြစ်နွဲ့နှောင်းမှု သဘော၊ ငြိမ်းချမ်းမှုသဘောတို့
ပေါ်လွင်လျက် တင့်တယ်သပ္ပါယ်လှပေသည်။
ညောင်ဦး ရွှေစည်းခုံစေတီတော်၏ ဒါယကာများကား
ဘုန်းလက်ရုံး ကြီးမားကြသော အနော်ရထာမင်းကြီးနှင့်
ကျန်စစ်သားမင်းတို့ ဖြစ်ကြသည်။ ထိုမင်းများလက်ထက်တွင်
နိုင်ငံတော်၏ နယ်နမိတ်သည် ယခုခေတ် ပြည်ထောင်စုမြန်မာ
နိုင်ငံ၏ နယ်နမိတ် နီးပါး ကျယ်ဝန်းသည်။ ဗုဒ္ဓသာသနာကို
ပထမဆုံး တစ်နိုင်ငံလုံး ကြည်ညိုမြတ်နိုးကြသောခေတ် ဖြစ်
သည်။ တိုင်းသူပြည်သားတို့သည် နိုင်ငံရေး၊ သာသနာရေး
စိတ်ဓာတ်များ တက်ကြွနေကြသည်။ စေတီတော်၏ ဒါယကာ
မင်းနှစ်ပါးသဘော၊ ခေတ်၏သဘော၊ တိုင်းသူပြည်သားတို့၏
သဘောသည် စေတီတော်တည်ထားပုံ ဗိသုကာ၌ ပေါ်လွင်လျက်
ရှိရာ ထိုသဘောတို့သည် စေတီတော်၏ ပုံတော်
ကြံ့ခိုင်ခြင်း၊ ထက်မြက်ခြင်း၊ တက်ကြွအားရဘွယ် ရှိခြင်း
တို့၌သာမက မုခ်ဦးခြင်္သေ့ရုပ် များ၏ ပြည့်ဖြိုးခြင်း၊ ခွန်အား
ကြီးခြင်းတို့၌လည်း ထင်ရှားတွေ့မြင်ရလေသည်။
 
လူတစ်မျိုးနှင့်တစ်မျိုး အနုပညာချင်း မတူချေ။ အနုပညာ
သည် ကာလ၊ ဒေသ၊ အခြေအနေနှင့် လူမျိုး၏ ဓလေ့တို့ကို
မှီး၍ ဖန်တီးရသော ပညာဖြစ်သဖြင့် ရောမအနုပညာနှင့်ဂရိ
အနုပညာချင်းမတူ၊ ဂရိအနုပညာနှင့် အီဂျစ် အနုပညာချင်းမတူ၊
အိန္ဒိယနှင့်တရုတ် အနုပညာချင်းမတူ၊ မြန်မာနှင့်အင်္ဂလိပ်တို့၏
အနုပညာချင်းလည်း ခြါးနားကြသည်။ ကာလ၊ ဒေသနှင့်
လူမျိုးဓလေ့စရိုက်ကို မှီးရသဖြင့် လူမျိုးတစ်မျိုး၏ ယဉ်ကျေးမှု
သည် ယင်း၏ အနုပညာတွင် ပေါ်လွင်နေသဖြင့် အနုပညာ
သည် ယဉ်ကျေးမှု၏ ကြေးမုံဟုဆိုကြခြင်း ဖြစ်လေသည်။
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် အနုပညာသည် ပညာတစ်ရပ်
ဖြစ်သော်လည်း ပညာရပ်တိုင်းသည် အနုပညာ မမည်ပေ။
အလွန်မွှေးသော ရေမွှေးကို ပြုလုပ်နိုင်ခြင်း၊ အလွန်အရသာ
ရှိသော ခဲဘွယ်ဘောဇဉ်တို့ကို စီရင် ချက်ပြုတ်နိုင်ခြင်း စသည်
တို့သည် အနုပညာဟု မခေါ်။ အတတ်ပညာသာလျှင် ဖြစ်
သည်။ အနုပညာသည် စိတ်ကူးဉာဏ်စွမ်းဖြင့် ဖန်တီးရသော
ပညာဖြစ်ပြီးလျှင် စိတ်ဖြင့်သာ အရသာ ခံစားနိုင်၍ စေတနာကို
လှုံ့ဆော်နှိုးဆွပေးနိုင်သော ပညာမျိုး ဖြစ်သည်။ ရေမွှေးနှင့်
ခဲဘွယ်ဘောဇဉ်တို့၏ အဆိုးအကောင်းကို ကိုယ်တွေ့လက်တွေ့
ခံစားသိရှိကြရသည်။ ဓာတ်ပုံရိုက်ကူးထားသကဲ့သို့ ပကတိ
လူနှင့်တူအောင် ရေးဆွဲထားသော ပုံတူပန်းချီကားတစ်ချပ်
သည်ပင်လျှင် စေတနာနှိုးဆွမှု သဘောမပါက အနုပညာ
လက်ရာမြောက်သည်ဟု မဆိုကြပဲ ကျွမ်းကျင်မှုကိုပြသော
အတတ်ပညာတစ်ရပ်အဖြစ် ယူဆကြသည်။ သို့သော် ကမ္ဘာ
ကျော် ဣတာလျံ ပန်းချီဆရာကြီး လီယိုနာဒို ဒါဗင်ချိ၏
“ မိုနာလီဆာ ” အမည်ရှိ အမျိုးသမီးတစ်ဦး၏ ပုံတူပန်းချီကား
ကြီးသည်မူ အကောင်းဆုံးသော အနုပညာလက်ရာတစ်ခု အဖြစ်
အသိအမှတ်ပြုကြရလေသည်။