ကြက်ငှက်တုပ်ကွေးရောဂါ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ရိုဘော့က ပေါင်းထည့်နေသည် - ml:പക്ഷിപ്പനി
အရေးမကြီးNo edit summary
စာကြောင်း ၁၈ -
 
သို့ရာတွင် ထိုကဲ့သို့ ကြီးမားစွာ ထိန်းချုပ်ရန် ကြိုးပမ်းခဲ့ပါသော်လည်း အောင်မြင်မှု မရခဲ့ပါချေ။ ၂ဝဝ၄-ခုနှစ် ဇူလိုင်လတွင် H5N1 ရောဂါပိုးက နောက်တစ်ကြိမ် ထကြွသောင်းကျန်းလာပြန်၏။ ယခင်က ဖြစ်ပွားခဲ့သော နိုင်ငံများအပြင် မလေးရှားနိုင်ငံ၌ပါ ဖြစ်ပွားခဲ့ခြင်းဖြစ်၏။ ဤတစ်ကြိမ် ဖြစ်ပွားမှုသည် အန္တရာယ်လည်း အလွန် ကြီးမားလှ၏။ ယိုးဒယားနှင့် ဗီယက်နမ်နိုင်ငံတို့တွင် ကျေးလက်တောရွာများ၌ လူကိုးဦး ရောဂါဖြစ်ပွားပြီး ထို လူနာများထဲမှ လူရှစ်ယောက် ကွယ်လွန်ခဲ့ရ၏။
အဆိုပါ နောက်ဆုံးသေဆုံးမှုအထိ ရောဂါကူးစက်မှုသည် ကြက်ငှက်မှ လူသို့ ကူးစက်ခြင်းဖြစ်၏။ မနီလာ အခြေစိုက် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ (W.H.O)၏ ပြောရေးဆိုခွင့်ရှိသူပီတာကိုဒင်လီ (Peter Cordingley) က 'အခုထိတော့ သူတို့ကူးစက်ခံရပုံဟာ ကြက်၊ ဒါမှမဟုတ် ဘဲတွေရဲ့မစင်တွေကတစ်ဆင့် ကူးစက်ခံရ တယ်ဆိုတာကလွဲရင် ဘာမှျဘာမျှ ပြည့်ပြည့်စုံစုံ သိပ်မသိရသေးပါဘူး။ သူတို့က ကြက်တွေ၊ ဘဲတွေရဲ့ မစင်ကို ထိမိ ကိုင်မိကြတယ်။ အဲဒီလက်နဲ့ ပါးစပ်၊ ဒါမှမဟုတ် နှာခေါင်းကို တို့ထိမိပြီး ရှူသွင်းမိကြလိမ့်မယ်လို့ ယူဆရတာပါပဲ' ဟု ဆိုလေသည်။
 
သို့တိုင်အောင် ၂ဝဝ၄-ခုနှစ် စက်တင်ဘာလသို့ ရောက်သောအခါ ယိုးဒယားနိုင်ငံတွင် အဆိုပါ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးခဲ့ရသော အသက် ၁၁ နှစ်အရွယ် သမီးဖြစ်သူ၏မိခင်သည် သမီးမှ တစ်ဆင့် ကူးစက်ပြီး သေဆုံးခဲ့ရပြန်၏။ ယိုးဒယားနိုင်ငံရှိ အမေရိကန် ရောဂါထိန်းချုပ်ရေးဗဟိုဌာနမှ ဒေါက်တာစကော့ဒိုဝဲလ် (Dr. Scott Dowell)က 'အဲဒီကိစ္စဟာ လူတစ်ယောက်ကတစ်ဆင့် နောက်တစ်ယောက်ဆီကို ကူးစက်တာမျိုး စတင်ဖြစ်ပွားနေပြီလို့ ထင်မြင်မိပြီး ကျုပ် အရမ်း စိတ်ပူသွားခဲ့တယ်'ဟု ဆိုလေသည်။ အကယ်၍ အဆိုပါ ဗိုင်းရပ်စ်ပိုးသည် သန္ဓေပြောင်းလဲသွားပြီး အခြားတုပ်ကွေးများကဲ့သို့ နှာချေရုံ၊ ချောင်းဆိုးရုံမျှနှင့် လွယ်ကူစွာ ကူးစက်နိုင်တော့ မည်ဆိုပါက အဆိုပါ တုပ်ကွေးရောဂါသည် တောမီးလောင်သကဲ့သို့ ပျံ့နှံ့သွားတော့မည်သာ ဖြစ်ပါ၏။
စာကြောင်း ၂၆ -
မေရီလင်းပြည်နယ် ဘီသက်စ်ဒါ (Bethesda) ရှိ အမျိုးသားလုံးဆိုင်ရာ အယ်လာဂျီနှင့် ကူးစက်ရောဂါ အင်စတီကျုမှ ညွှန်ကြားရေးမှူး ဒေါက်တာ အန်တိုနီအက်စ်ဖော်စီ (Dr. Anthony S. Fauci)က မျိုးစပ်ထားသော ကပြားဗိုင်းရပ်စ်ပိုး အသစ်ဖြစ်ပေါ်လာနိုင်သည့် နည်း လမ်းတစ်ခုကို ရှင်းပြခဲ့သည်။ 'ကဲ အနာဂတ်ဖြစ်နိုင်ချေတစ်ခုကို စိတ်ကူးနဲ့ ဟောဒီလို မှန်းဆကြည့်ကြရအောင်။ ဆိုပါစို့။ ကျုပ်က H3N2 တုပ်ကွေးရောဂါပိုး ကူးစက် ခံနေရသူဖြစ်တယ်။ အဲဒီပိုးက လွန်ခဲ့တဲ့ သုံးနှစ်ကတည်းကရှိနေခဲ့တာ။ ဒီတော့ ကျုပ်ဟာ သာမန်တုပ်ကွေးရောဂါဖြစ်နေသူ ဆိုတော့ ဆိုးဆိုးရွားရွားကြီး နေထိုင်မကောင်း ဖြစ်နေတာလဲ မဟုတ်ပြန်ဘူး။ အပယိက နည်း နည်းပါးပါးလောက်ပဲ မအီမသာဖြစ်နေတာပါ။ ဒါပေမဲ့ ကျုပ်က အာရှတိုက်မှာ ရောက်နေပြန်တယ်။ အဲဒီမှာ H5N1 ဗိုင်းရပ်စ် နဲ့ ထပ်ပြီး ကူးစက်ခံရပြန်တယ်။ အဲဒီမှာတင် GENE တွေ အလဲအလှယ်ဖြစ်ပြီး ကပြားမျိုးစပ် ဗိုင်းရပ်စ်တစ်မျိုး ထပ်မံဖြစ်ပေါ်လာနိုင်တယ်။ အဲဒီကပြားမျိုးစပ်ဗိုင်းရပ်စ်မှာ လူလူချင်း ကူးစက်နိုင်တဲ့ အရည်အသွေးတွေ ပေါ်ပေါက်လာနိုင်တယ်' ပတ်ဝန်းကျင်၌ ဗိုင်းရပ်စ်ပိုးများ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့နေခြင်းသည် ၄င်းတို့၏ သန္ဓေပြောင်းလဲမှုကို ဖြစ်စေနိုင်လေသည်။ '၁၉၅၅-ခုနှစ်ကစပြီးကြက်ငှက်တွေအတွင်း ရောဂါပြန့်ပွားမှုတွေ ဖြစ်ပွားခဲ့တာ အကြိမ်ပေါင်း နှစ်ဒါဇင်ကျော်ခဲပြီ။ ဒါပေမဲ့ အခုလို နိုင်ငံပေါင်းကိုးနိုင်ငံမှာ ကြက်ငှက်ပေါင်းအကောင်ရေ သန်း ၁၅ဝ ကျော်သေကုန်တာ၊ ဒါမှမဟုတ် သုတ်သင်ခံရတာမျိုး မဖြစ်ခဲ့ဖူးသေးဘူး'ဟု ဂျီနီဗာရှိ ကမ္ဘာ့ကျန်းမာရေး အဖွဲ့၏ ကမ္ဘာလုံးဆိုင်ရာ တုပ်ကွေးပရိုဂရမ်မှ ဒေါက်တာ ကလော့စတိုဟာ (Dr. Klaus Stöhr) က ဆိုလေသည်။ ၄င်း၏အလိုအရ H5N1 ဗိုင်းရပ်စ်ပိုးသည် နို့တိုက်သတ္တဝါများအား သေဆုံးစေနိုင်လောက်သည့် ဘေးအန္တရာယ် ပိုရှိလာသလို ဘဲများကိုပါ ကူးစက်စ ပြုလာခဲ့လေပြီ။ ၄င်းတို့သည် နေထိုင်မကောင်း ဖြစ်မလာကြဘဲ အခြားသတ္တဝါများထံ ကူးစက်မှန်းမသိ ကူးစက် စေနိုင်စွမ်း ရှိနေကြလေသည်။
 
၂ဝဝ၅ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့တွင်တရုတ်ပြည်အနောက်ပိုင်း Qinghai ရေကန်၌ရှိနေကြသော (တစ်နေရာမှ တစ်နေရာသို့ ပြောင်းရွှေ့နေထိုင်လေ့ရှိကြသည့်) ငှက်များအတွင်း ကူးစက်ရောဂါ ဖြစ်ပွားမှုတစ်ရပ် ဖြစ်ပေါ်လာခဲ့သည်။ ထိုဗိုင်းရပ်စ်ပိုးကို ကနဦးက ကျွန်းငယ်ကလေးတစ်ကျွန်းပေါ်၌သာ တွေ့ရှိခဲ့ရသော်လည်း ထိုဗိုင်းရပ်စ်ပိုးသည် လျင်မြန်စွာပျံ့နှံ့သွားခဲ့လေသည်။ မေလ ၄ ရက်နေ့သို့ ရောက်သော် တစ်ရက်လျှင် ငှက်ကောင်ရေ တစ်ရာကျော် သေဆုံးနေကြတော့သည်။ မေလ ၂ဝ ရက်နေ့သို့ ရောက်သောအခါ အခြားကျွန်းငယ်ကလေးများသို့ ကူးစက်သွားတော့သည်သာမက ငှက်ကောင်ရေ ၁၅ဝဝဝ ခန့် သေဆုံးနေကြလေပြီ။ ထိုကိစ္စအား သိရှိလိုက်ရမှုအတွက် နောက်ဆက်တွဲအဖြစ် ကြောက်စိတ်ဝင်စရာ ကောင်းသည့် အကြောင်းအချက်များ ပေါ်ထွက်လာသည်။ H5N1 သည် အိမ်တွင်မွေးထားသော ကြက်နှင့်ဘဲများကိုသာမက ယခု တောငှက်ရိုင်းများကို ကူးစက်နေပြီဖြစ်သောကြောင့် ဖြစ်သည်။ ထိုငှက်များသည်နွေရာသီတွင် Qinghai ရေကန်၌ နေထိုင်လေ့ ရှိကြပြီး ဆောင်းရာသီသို့ ရောက်သောအခါ ဆောင်းခိုရန် အိနိ္ဒယနှင့်အိန္ဒိယနှင့် မြန်မာနိုင်ငံတို့ဆီသို့ ပျံသန်းသွား တတ်လေ့ရှိကြသည်။ ထို့ကြောင့် H5N1 ဗိုင်းရပ်စ်ပိုးသည် ကမ္ဘာပေါ်ရှိ လူဦးရေ အလွန်ထူထပ်သည့် နေရာများဆီသို့ ရောက်ရှိသွားနိုင်သည့် အလားအလာများ ရှိပြန်လေသည်။
 
== အလွန်ကြောက်မက်ဖွယ် ကောင်းသော ရောဂါပိုး ==
ဤဗိုင်းရပ်စ်ပိုး H5N1သည် အခြားအခြားသော တုပ်ကွေးဗိုင်းရပ်စ်များနှင့် လုံးဝမတူချေ။ ကူးစက်ခံရသူ၏ အဆုတ်ထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်ထိုးနှက်လေ့ရှိပြီး အထူးသဖြင့် လူကိုသေစေနိုင်လောက်သည့် ဘေအန္တရာယ်ဖြစ်စေသည်။ဘေးအန္တရာယ်ဖြစ်စေသည်။ ထိုဗိုင်းရပ်စ်ပိုးကို တိုက်ဖျက်သော Antiviral ဆေးဝါးဖြစ်သည့် oseltamivir (Tamiflu) သည် စမ်းသပ်စဉ်က အောင်မြင်မှု အလားအလာများစွာ ကောင်းမွန်ခဲ့ပါ၏။ သို့ရာတွင် ရောဂါ လက္ခဏာများအရ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရကြောင်း သိရှိရပြီး ၄၈ နာရီအတွင်း ထိုကာကွယ်ဆေးကို အသုံးပြုရမည် ဖြစ်သည်။
 
ထို့ကြောင့် ထိုကာကွယ်ဆေးကို အသုံးပြုမည်ဆိုပါက ရောဂါလက္ခဏာကို လျင်မြန်စွာ သိရှိနိုင်ရန် အထူးလိုအပ်လာလေသည်။ နောက်ဆုံးတွင် ဤတုပ်ကွေး ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အကောင်းဆုံးလုပ်ငန်းစဉ်မှာ ရောဂါရှင်များကို ကုသရန်ထက် ကြိုတင်၍ ကာကွယ်ထားရန်ပင်ဖြစ်တော့သည်။ လွန်ခဲ့သော ဩဂုတ်လမှ စမ်းသပ်ချက်များအရ ကာကွယ်ဆေးကို တစ်လအတွင်း နှစ်ကြိမ်ခွဲ၍ ထိုးပေးခြင်းက အကောင်းဆုံး ဖြစ်သည်ဟု ဆိုလေသည်။
စာကြောင်း ၄၃ -
ပြီးတော့လဲ နေရာပေါင်း ၅ဝဝဝ လောက်မှာ တစ်ချိန်တည်းမှာလဲ ဖြစ်ပွားနိုင်ပါတယ်'ဟု လေးဗစ်က ဆိုသည်။
 
H5N1 ရောဂါပိုးသည် နှာချေရုံ၊ ချောင်းဆိုးရုံမျှနှင့် ကူးစက်နိုင်တော့မည်ဆိုပါက ကာကွယ်ကြဖို့ ကြိုတင်၍ အချက်ပြနိုင်မည့်အချိန် သိပ်များများစားစား ရနိုင်ဖွယ်မရှိတော့ချေ။ ကမ္ဘာပေါ်တွင် နှစ်စဉ်လူပေါင်း သန်းတစ်ထောင်ကျော် လေကြောင်းဖြင့် ခရီးသွားလာနေကြသည်။ ထို့ကြောင့်ရောဂါ အမှန်တကယ် ဖြစ်ပွားလာသည်ဆိုပါက ထိုရောဂါသည် တစ်ကမ္ဘာလုံးသို့ နာရီအနည်းငယ်အတွင်း ပျံ့နှံ့ရောက်ရှိသွား တော့မည်သာ ဖြစ်သည်။ အကယ်၍ ကမ္ဘာပေါ်ရှိ လေဆိပ်အားလုံးကို ပိတ်ပစ်လိုက်သည့်တိုင်အောင် ရောဂါပျံ့နှံ့မှုမှာ နှစ်ပတ်၊ သုံးပတ်ခန့် နောက်ကျသွားရုံမျှသာ ရှိလိမ့်မည်ဟု ကွန်ပျူတာများနှင့် ဖန်တီးကြည့်မှုမှ ဖြေပေါ်ထွက်လာသည်။ ဤရောဂါဖြစ်ပွားလာပါက လူဦးရေ ၂ သန်းမှ .၄ သန်းအထိ သေဆုံးကြဖွယ်ရှိသည်။ ကိန်းဂဏန်းအမှန်မှာ ထို့ထက်ပင်ပို၍ များပြားနိုင်ဖွယ် ရှိသည်ဟု W.H.O က ဆိုသည်။
 
== ကာကွယ်ဆေး ထုတ်လုပ်မှု ==
တစ်ကမ္ဘာလုံးတွင် ဆယ်နိုင်ငံထက် မပိုသော နိုင်ငံများ၌သာ မိမိနိုင်ငံအတွင်း၌ သုံးစွဲရန်အတွက် ကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ဆေးများကို ထုတ်လုပ်ရန် ကြိုးပမ်းနေကြသည်။ သာမန် တုပ်ကွေးရောဂါ ကာကွယ်ဆေးများသည်ပင်လှျင်ကာကွယ်ဆေးများသည်ပင်လျှင် အကျိုးအမြတ် ရရှိရန် မလွယ်ကူလှချေ။ ထိုဆေးများ၏ သက်တမ်းမှာ တိုတောင်းလှသောကြောင့် နှစ်စဉ် သက်တမ်းကုန်သည့် ဆေးများကို စွန့်ပစ်နေကြရသဖြင့် အမေရိကန် ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီများက ထုတ်လုပ်ရန် လက်ရှောင်ခဲ့ကြလေသည်။ ယခု ဤကြက်ငှက် တုပ်ကွေးရောဂါ ကာကွယ်ဆေးကို ထုတ်လုပ်တော့မည်ဆိုပါက မိမိတို့ လိုလားသလောက် လျင်မြန်စွာ ထုတ်လုပ်နိုင်ကြမည်မဟုတ်ပါ။ ကာကွယ်ဆေး ဖော်စပ်ရန် အဆင့်ပေါင်း များစွာကို ကျော်ဖြတ်ရန် ရှိနေသောကြောင့်ဖြစ်သည်။ တစ်ကမ္ဘာလုံးတွင် ကာကွယ်ဆေး ထုတ်လုပ်ပေးနိုင်မည့် စုစုပေါင်း ပမာဏမှာ တစ်နှစ်လှျင်သန်းတစ်နှစ်လျှင်သန်း ၃ဝဝ မျှသာရှိသည်။ လူ ၂ဝ လျှင် တစ်ယောက်အတွက် လုံလောက်ရုံမျှသာ ရှိသည်။
 
လက်ရှိ ကာကွယ်ဆေးမှာ ရောဂါဖြစ်နိုင်ချေရှိသည့် တုပ်ကွေးဗိုင်းရပ်စ်ရောဂါပိုး သုံးမျိုးကို ကာကွယ်နိုင်ရန် ပေါင်းစပ်ထား ခြင်းဖြစ်သည်။ ရောဂန္တရကပ် ဆိုက်ရောက်လာပြီဆိုပါက ဤဆေးဝါးလုပ်ငန်းက ရောဂန္တရကပ် နှင့်ဆိုင်သော ကာကွယ်ဆေး တစ်မျိုးတည်းကိုသာ အာရုံပြု၍ ထုတ်လုပ်သွားတော့မည်ဖြစ်သည်။