ရာရှစ်၊ ဦး: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၄ -
ဦးရာရှစ်၏ မွေး သက္ကရာဇ်မှာ ၁၉၁၂ ခုနိုဝင်ဘာလ ၅ ရက်နေ့တွင် အဖ Mr. M. A. Sakur၊ အမိ Ahmadi Begum တို့က အိန္ဒိယနိုင်ငံ Alahabad မြို့မှာ မွေးဖွား ခဲ့သည်။ ရန်ကုန်မြို့ Randaria အထက်တန်း ကျောင်းတွင် ပညာ သင်ကြားခဲ့သည်။ ရန်ကုန် တက္ကသိုလ်မှ ဝိဇ္ဇာ သိပ္ပံ ဘွဲ့နှင့် ဥပဒေ ဘွဲ့များကို ရရှိသည်။ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံး အတွင်းရေးမှူး ဖြစ်၏။ ၁၉၃၅ - ၃၆ ခုတွင် ဒုတိယ ဥက္ကဋ္ဌ ဖြစ်၍ ၁၉၃၆ - ၃၇ ခုတွင် တကသ ဥက္ကဋ္ဌ အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံရသည်။
 
၁၉၃၆ ခု ကျောင်းသား သပိတ်တွင် ရှေ့တန်း ခေါင်းဆောင် တဦး ဖြစ်၍ ၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။ ပထမဆုံး တကသ ကိုယ်စားလှယ် ကောင်စီ လူကြီး အဖြစ် တာဝန်ယူ လုပ်ဆောင် ခဲ့သည်။ ဗိုလ်အောင်ကျော် ကျဆုံးသည့် အမှုတွင် ကျောင်းသားများ ဘက်မှ ရှေ့နေ လိုက်ခဲ့ သူလည်း ဖြစ်သည်။ ဦးရာရှစ်သည် (၁၉၄၀-၄၈) နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ မြန်မာပြည် လွတ်လပ်ရေး ကြိုးပမ်းမှု လှုပ်ရှားမှု သမိုင်းတွင် မပါဝင်ခဲ့သော်လည်း ဗုဒ္ဓ အယူဝါဒ နှင့် မြန်မာ့ယဉ်ကျေးမှုတို့ကိုလည်းမြန်မာ့ယဉ်ကျေးမှုတို့ကို မပစ်ပယ်ချေ။
 
ဝတ်လုံတော်ရ ရှေ့နေ တဦး ဖြစ်သည်။ အလုပ်သမား အဖွဲ့အစည်း များတွင် ခေါင်းဆောင် တာဝန် ယူခဲ့၏။ စစ်ပြီး ခေတ်တွင် ဖဆပလ အဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြု ကော်မတီတွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့ လွှတ်တော် တွင်၎င်း၊ လူမျိုးစု လွှတ်တော် တွင်၎င်း၊ အမတ် အဖြစ် ပါလီမန် ဒီမိုကရေစီ ခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်း ခံရသည်။ နိုင်ငံတော် အစိုးရ အဖွဲ့ များတွင်၊ ပြည်သူ့ အိုးအိမ် ဆောက်လုပ်ရေးနှင့် အလုပ်သမား ဌာန ဝန်ကြီး (၁၉၅၂)၊ ကုန်သွယ်မှု ဖွံ့ဖြိုးရေးနှင့် အလုပ်သမား ဝန်ကြီး (၁၉၅၄)၊ သတ္တုတွင်း ဌာန ဝန်ကြီး (၁၉၅၆ - ၅၈)၊ အမျိုးသား စီမံကိန်း ဝန်ကြီးနှင့် စက်မှု၊ သတ္တုနှင့် အလုပ်သမား ဝန်ကြီး (၁၉၆၀) စသည့် တာဝန်များ ထမ်းရွက် ခဲ့သည်။