ရဲရွာရေအားလျှပ်စစ်စက်ရုံ: တည်းဖြတ်မှု မူကွဲများ

"File:yweya.JPG|thumb|300px|ရဲရွ..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၁:၀၁၊ ၆ နိုဝင်ဘာ ၂၀၁၂ ရက်နေ့က မူ

စက်တပ်ဆင်အင်အားအနေဖြင့် မြန်မာနိုင်ငံတွင် အကြီးဆုံးဖြစ်သည်။ တစ်လုံးလျှင် ၁၉၇.၅ မဂ္ဂါဝပ်ရှိသော စက် ၄ လုံးတပ်ဆင်ထားသည်။ တစ်နှစ်ပတ်လုံးထုတ်လုပ်နိုင်စွမ်း ကီလိုဝပ်နာရီသန်းပေါင်း ၃၀၅၅ ရှိပြီး မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးဖြစ်သည်။ မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ရဲယမန်းရွာအနီးတွင်တည်ရှိသည်။ မန္တလေးမြို့မှ ၃၈ မိုင်ခန့်ကွာဝေးသည်။ စက်ရုံမှထွက်ရှိသောဓာတ်အားကို ဘဲလင်းဓာတ်အားခွဲရုံ၊ မိတ္ထီလာဓာတ်အားခွဲရုံများမှတစ်ဆင့် မြန်မာ့ဓာတ်အားစနစ်သို့ပို့လွှတ်ပေးသည်။ ရဲရွာရေအားလျှပ်စစ်စက်ရံရှိ RCC တမံသည် မြန်မာနိုင်ငံတွင်အကြီးဆုံးဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး RCC တမံများတွင်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၀၃ တွင်စီမံကိန်းစတင်ခဲ့ပြီး ၂၀၀၉ တွင်စက်များစတင်လည်ပတ်နိုင်ခဲ့ပြီး ဓာတ်အားပေးနိုင်ခဲ့သည်။ ရဲရွာဓာတ်အားပေးစက်ရုံလည်ပတ်နိုင်ခဲ့သဖြင့် ဓာတ်အားချို့တဲ့နေသောမြန်မာနိုင်ငံအတွင် အတိုင်းအတာတစ်ခုအထိဖြည့်ဆည်းပေးနိုင်ခဲ့သည်။

ဖိုင်:Yweya.JPG
ရဲရွာရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံပုံ