အယူသည်းခြင်း: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၅ -
ခရစ်တော် သည် နောက်ဆုံးညစာစားပွဲတွင် တပည့်သာဝက ၁၃ ဦးနှင့် အတူ ညစာစားခဲ့သည်။ ထို့အတွက်ကြောင့် ၁၃ ဂဏန်းကို ကံမကောင်းသော ဂဏန်းအဖြစ် လူအများစုက လက်ခံထားကြသည်။ ကမ္ဘာပေါ်ရှိ ဟိုတယ်အများစုတွင် ၁၃ ဂဏန်း သို့မဟုတ် ပေါင်းခြင်း ၁၃ ရသော အခန်းနံပါတ် ထားလေ့မရှိကြပေ။ အချို့ ဟော်တယ်များတွင် ၁၃ ထပ်ကို ပင် အင်္ဂလိပ်အက္ခရာဖြင့် ပြောင်းလဲထားလေ့ရှိသည်။
 
===ဘယ်လက်နှင့်ဆိုင်သောအသုဘအခမ်းအနားများမှ အယူသီးမှု===
အသုဘ အခမ်းအနားများ၌ ပန်းခွေချခြင်းသည် အယူသီးမှုမှ ဆင်းသက်လာသော ထုံးတမ်းစဥ်လာတစ်ခုဖြစ်သည်။ ရှေးယခင်အချိန်များက အသုဘအခမ်းအနားများတွင် ပန်းခွေချခြင်းဖြင့် သေဆုံးသူ၏ ဝိဥာဥ်ကို လွတ်ထွက်မသွားအောင် ထိန်းချုပ်နိုင်သည် ဟု ယူဆခဲ့ကြသည်။ နောင်တွင် ထိုအယူအဆသည် ထုံးတမ်းစဥ်လာတစ်ခုဖြစ်လာခဲ့သည်။ စစ်ဘက်ဆိုင်ရာ အသုဘအခမ်းအနားများတွင် သေနတ်ပစ်ဖောက်ခြင်းသည် တစ်ချိန်က တစ္ဆေ သရဲများကို ခြောက်လှန့်သည့်အနေနှင့် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ နောင်တွင် သေနတ်ဖောက်ခြင်းသည် သေသူကို ဂုဏ်ပြုသည့် ထုံးတမ်းစဥ်လာတစ်ခုဖြစ်လာခဲ့သည်။
 
===လှေကားအောက်မှဖြတ်လျှောက်ခြင်း===
အနောက်တိုင်းတွင် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု ယူဆကြသည်။ ထိုအယူအဆသည် ပြင်သစ်နိုင်ငံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ရှေးယခင်က ပြင်သစ်နိုင်ငံတွင် သေဒဏ်ကျခံရသည့် သူသည် ခေါင်းဖြတ်စက်ပေါ်သို့အတက်တွင် လှေကားအောက်မှ ဖြတ်လျှောက်ရသည်။ ထို့အတွက်ကြောင့် လှေကားအောက်မှ ဖြတ်လျှောက်ပါက ကံမကောင်းဟု အနောက်တိုင်းတွင် ယူဆကြသည်။
 
[[ca:Superstició]]