သမန်းကျား: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၆ -
======ထမံတို့၏ဘိုးဘွားများ======
ထမံတို့သည် ရှမ်းလူမျိုးများဖြစ်ကြပြီး တစ်ချိန်က [[အင်းတော်ကြီးအိုင်]]ဖြစ်လာမည့်နေရာတွင် '''စည်ခမ်း''' အမည်ရှိသည့်မြို့ကို တည်ထောင်နေထိုင်ခဲ့ကြသည်။ စည်ခမ်းမြို့ရေအောက်ရောက်သွားပြီးနောက်ကျန်ခဲ့သောအဆက်အနွယ်များသည် အနောက်ဖက်သို့ရွှေ့ပြောင်းသွားကြပြီး အခြားသူများနှင့်သွေးနှောခြင်းမပြုဘဲ(အခြားသူများကလည်း ယင်းတို့နှင့်သွေးနှောခြင်းမပြု)သီးခြားနေထိုင်ခဲ့ကြသည်။ အခြားသူများက ယင်းတို့ကို ထမံများဟုခေါ်ကြသည်။ ထမံတို့ကလည်းမိမိတို့ပညာများကို သားစဉ်မြေဆက်သင်ကြားပေးခဲ့ပြီး ပြင်ပသို့မပေါက်ကြားအောင်ထိန်းသိမ်းခဲ့ကြသဖြင့် ယင်းပညာတတ်ကြောင်း အခြားလူများမသိနိုင်ကြချေ။
[[ရှမ်းလေးမြို့ရာဇဝင်]]တွင် စည်ခမ်းမြို့မှ မင်းသားတစ်ယောက်သည် ကျားဖြူဘဝနှင့်တောလိုက်နေစဉ် တာပိန်ြမစ်ညာရှိတိုင်းပြည်တစ်ခုမှရေထဲမျှောလာသော အမျိုးသမီးတစ်ဦးနှင့်အိမ်ထောင်ကျရာမှ မွေးဖွားလာသော ကလေးများသည်နောင်ကြီးပြင်းလာချိန်တွင် [[မိုးညှင်း]]၊ [[မိုးကောင်းမိုးကောင်းမြို့]]၊ [[မိုးမိတ်မြို့]]များကိုတည်ထောင်သည်ဟုပါရှိသည်။
 
======ကျားအဖြစ်ပြောင်းလဲပုံ======