ကြွက်သား: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Skeletal muscle.jpg|thumb|250px]]
ကိုယ်ခန္ဓာရှိ အရေအပြားနှင့် အရေအောက်ရှိ အဆီတို့ကို လုံးဝဖယ်ရှားလိုက်လျှင်''' ကြွက်သား'''များကို တွေ့ရပေမည်။ တစ်ကိုယ်လုံး၌ ကြွက်သားပေါင်း ၅၀၀ကျော် ရှိသည်ဟု ဆို၏။ ကြွက်သားသည် လူကိုယ်ခန္ဓာတစ်ခုလုံး၏ အလေးချိန်တစ်ဝက်နီးပါးမျှလေး၏။ ကြွက်သားတို့၏ သဏ္ဌာန်မှာ အမျိုးမျိုးဖြစ်သည်။ ကြွက်သားများသည် လှုပ်ရှားနေစယဉ်လှုပ်ရှားနေစဉ် ပြေးနေသော ကြွက်ကလေးနှင့် ခပ်ဆင်ဆင်တူသည်။ ထို့ကြောင့် အင်္ဂလိပ်တို့က ကြွက်ကလေးဟူသော အဓိပ္ပါယ်ရှိသည့် "မတ်စကျူလပ်"ခေါ် လက်တင်ဝေါဟာရကို အစွဲပြုပြီးလျှင် ကြွက်သားကို "မတ်ဆယ်"ဟု ခေါ်ဝေါ် အမည်မှည့်ကြသည်။
 
ကြွက်သားများသည် လူတို့၏ စိတ်ဆန္ဒအလျောက်ဖြစ်စေ၊ စိတ်ဆန္ဒမပါဘဲ အလိုအလျောက်ဖြစ်စေ၊ ကိုယ်ခန္ဓာရှိ အစိတ်အပိုင်းများကို လှုပ်ရှားစေနိုင်သည်။ ကြွက်သားမရှိဘဲ အရိုးတို့သည် မိမိတို့ဖာသာ လှုပ်ရှားခြင်း မပြုနိုင်ကြချေ။ လူ၏ ကိုယ်တွင် အနှံ့အပြားရှိကြသည့် အသီးသီးသော ကြွက်သားများသည် အသုံးပြုခြင်း၊ လှုပ်ရှားခြင်း များလေ၊ ကြီးထွားလေ သန်မာလေဖြစ်သည်။ အသုံးနည်းလျှင် သို့မဟုတ် လှုပ်ရှားမှု နည်းလျှင် ပျော့စိစိနှင့် အားမရှိ ဖြစ်နေတတ်သည်။ ထို့ကြောင့် အားရှိစေရန် ကြွက်သားများကို လှုပ်ရှားစေသော လေ့ကျင့်မှုများ ပြုလုပ်ပေးရသည်။ ကာယဗလ လေ့ကျင့်လိုက်စားကြသော သူများသည် လူကျန်းမာ၍ ကြီးထွားစေရန် ကြွက်သားလေ့ကျင့်ခန်းများကို မှန်မှန်ပြုလုပ်ကြလေသည်။ ကြွက်သားတို့သည် ကျုံ့နိုင်ခြင်း၊ ဆန့်နိုင်ခြင်း စသောသတ္တိများ ရှိသည်။ လက်မောင်း၊ ခြေထောက်၊ လက်ပြင်နှင့် ကျောက်ကုန်းတို့ရှိ ကြွက်သားများသည် ခန္ဓာတွင် အကြီးဆုံးသော ကြွက်သားများ ဖြစ်ကြသည်။