ဆယ့်နှစ်ရာသီပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး Bot: Automated text replacement (-ဥာ +ဉာ, -ဥ် +ဉ်, -ုွ +ွု, -ံွ +ွံ, -ှွ +ွှ, -ံု +ုံ, -စျ +ဈ, -သြ +ဩ, -ဪ +ဪ, -၀ိ +ဝိ, -၀ီ +ဝီ, -၀ု +ဝု, -၀ူ +ဝူ, -၀...
အရေးမကြီးNo edit summary
စာကြောင်း ၁၇ -
==ဆဲ့နှစ်ရာသီပင်==
ဆဲ့နှစ်ရာသီပင်ကို ရုက္ခဗေဒ အလိုအားဖြင့် 'သီဗက်ရှာ
ပီရူးဗီအားနာ' ဟု ခေါ်သည်။ မျိုးရင်းမှာ 'အဲ့ပေါ့ဆီနေစီအီး' ဖြစ်
သည်။ ထိုအပင်ကို မြန်မာနိုင်ငံအောက်ပိုင်းအရပ်ဒေသများတွင်
စိုက်ပျိုးကြသည်။ ဆဲ့နှစ်ရာသီပင်သည် လှပသော ချုံပင်ကြီးမျိုး
စာကြောင်း ၂၅ -
ထွက်သည်။ အသီး၌ အစေ့များပါရှိသည်။ ထိုအစေ့များမှ
မီးလောင်သော အဆီတစ်မျိုးကိုရသည်။ ထိုအဆီသည် ဆေး
ဖက်ဝင်သည်။ ဆဲ့နှစ်ရာသီပင်အခေါက်မှ 'သက်ဗီတင်' ခေါ်
ပြင်းသော အဆိပ်တစ်မျိုးကိုရသည်။ ယင်းကို အစွမ်းထက်သော
အဖျားဖြတ်ဆေးဖော်ရာတွင် အသုံးပြုသည်။
စာကြောင်း ၄၂ -
ပုံသဏ္ဌာန် : အပင်
ပင်လတ်မျိုး ဖြစ်၏ ။ ပေ ၂၀ ခန့် ထိမြင့်၏ ။ အခေါက်ထူသည်။ ကိုင်းဖြာသည်။ အခေါက်အညိုရောင် ပေါ်တွင် အဖြူကွက်များရှိ၏ ။
 
အရွက်
အကိုင်းထိပ်ဘက်တွင် စုပြုံ၍ ရွက်လွှဲထွက်သည်။ ရွက်ပြား ကျဉ်း ၍ သေးသွယ်ပြီး ကြိုးပြား သေး ပုံရှိသည်။ ထိပ်နှင့် အရင်းပိုင်း ချွန်သည်။ ရွက်ညှာ အလွန်တိုသည်။ ရွက်ပြား ပြောင်ချောပြီး ရွက်လယ်ကြော ထင်ရှား၍ ရွက်နားညီသည်။
 
အပွင့်
အဝါရောင်ရှိ၍ ခေါင်းလောင်းပုံ ဖြစ်သည်။ ဝတ်ဆံ များ ပွင့်ချပ်များတွင် ကပ်နေ၏ ။ အမွေးနု ကလေးများလည်း ရှိ၏ ။ ပွင့်ဖတ်ပြွန်ပိုင်း စိမ်းဝါရောင် ရှိ၏။
 
အသီး
အချင်း ၁၁/၂ လက်မခန့် ရှိ၏ ။ အတွဲလိုက် သီး၏ ။ပြောင်ချော။ ပြောင်ချော ၍ တောက်ပပြီး အစိမ်းရောင် ရှိသည်။ အလယ်တွင် လုံးဝိုင်း ၍ ထိပ်နှစ်ဖက်သို့ ချွန်သွယ် သွားသည်။
 
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အပွင့် ၊ အရွက် ၊ အမြစ် ၊ အခေါက် ။
Line ၅၆ ⟶ ၆၀:
အသုံးဝင်ပုံ : အာနိသင်
မြန်မာဆေးကျမ်းများ အလိုအရ ဖန် ၊ စပ် ၊ ခါး သောအရသာ ရှိ၏ ။ ပူသောသတ္တိ ရှိ၏ ။ လေကိုနိုင်၏ ။ ယားနာ ၊ အရေပြားနာ ၊ အနာပေါက်ခြင်းတို့ကို ပျောက်စေသည်။ မျက်စိကို အကျိုးပြု၏ ။ အဖျားရောဂါ ၊ နူနာ ၊ မြင်းသရိုက်နာတို့ကို နိုင်၏။ ၎င်းချည်း သက်သက် စားသုံးလျှင် အဆိပ်ဖြစ်စေ၏။
 
အသုံးပြုပုံ-
အပွင့် နှင့် အရွက်
၁ ။ အပွင့် သို့မဟုတ် အရွက်ကို ရေနှင့် နယ်ပြီး ၎င်းရေကို သံလွင်ဆီနှင့် ဆီသက်သက် ကျန်အောင် ချက်၍ ယားနာ ၊ အရေပြားနာများကို လိမ်းပေးက ပျောက်ကင်း၏ ။
၂ ။ အရွက်ကို ပြုတ်၍ ကြိတ်ပြီး ဆီနှင့် ရောလိမ်းပါက အဆစ် အမျက် ကိုက်ခဲခြင်း ပျောက်၏ ။
 
အမြစ်
၁ ။ အမြစ်ကို သွေး၍ မုန်ညင်းဆီနှင့် ရောချက်လိမ်းလျှင် အရေပြားနာ ပျောက်စေ၏ ။
၂ ။ အမြစ်ကို ရေနှင့် သွေးလိမ်းလျှင် ပွေးနာပျောက်၏ ။
 
အခေါက်
၁ ။ အဖျားကျဆေးအဖြစ် လည်းကောင်း ၊ အပူလောင်ခြင်းနှင့် ပွေး ၊ ယားနာများအတွက် လည်းကောင်း သုံး၏ ။<ref>http://arogyamonline.com/commodity/materials/?raw=49</ref>