ဆယ့်နှစ်ရာသီပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၄၄ -
 
အရွက်
 
အကိုင်းထိပ်ဘက်တွင် စုပြုံ၍ ရွက်လွှဲထွက်သည်။ ရွက်ပြား ကျဉ်း ၍ သေးသွယ်ပြီး ကြိုးပြား သေး ပုံရှိသည်။ ထိပ်နှင့် အရင်းပိုင်း ချွန်သည်။ ရွက်ညှာ အလွန်တိုသည်။ ရွက်ပြား ပြောင်ချောပြီး ရွက်လယ်ကြော ထင်ရှား၍ ရွက်နားညီသည်။
 
အပွင့်
 
အဝါရောင်ရှိ၍ ခေါင်းလောင်းပုံ ဖြစ်သည်။ ဝတ်ဆံ များ ပွင့်ချပ်များတွင် ကပ်နေ၏ ။ အမွေးနု ကလေးများလည်း ရှိ၏ ။ ပွင့်ဖတ်ပြွန်ပိုင်း စိမ်းဝါရောင် ရှိ၏။
 
အသီး
 
အချင်း ၁၁/၂ လက်မခန့် ရှိ၏ ။ အတွဲလိုက် သီး၏ ။ ပြောင်ချော ၍ တောက်ပပြီး အစိမ်းရောင် ရှိသည်။ အလယ်တွင် လုံးဝိုင်း ၍ ထိပ်နှစ်ဖက်သို့ ချွန်သွယ် သွားသည်။
 
အသုံးပြုနိုင်သည့်
အစိတ်အပိုင်းများ : အပွင့် ၊ အရွက် ၊ အမြစ် ၊ အခေါက် ။
 
မြန်မာနိုင်ငံတွင်
တွေ့နိုင်သောနေရာများ : မြန်မာနိုင်ငံ အနှံ့အပြားတွင် ပေါက်ရောက်သည်။
 
ပေါက်ရောက်ပုံ
သဘာ၀အလျောက် ပေါက်ရောက်သည်။
 
အသုံးဝင်ပုံ : အာနိသင်
 
မြန်မာဆေးကျမ်းများ အလိုအရ ဖန် ၊ စပ် ၊ ခါး သောအရသာ ရှိ၏ ။ ပူသောသတ္တိ ရှိ၏ ။ လေကိုနိုင်၏ ။ ယားနာ ၊ အရေပြားနာ ၊ အနာပေါက်ခြင်းတို့ကို ပျောက်စေသည်။ မျက်စိကို အကျိုးပြု၏ ။ အဖျားရောဂါ ၊ နူနာ ၊ မြင်းသရိုက်နာတို့ကို နိုင်၏။ ၎င်းချည်း သက်သက် စားသုံးလျှင် အဆိပ်ဖြစ်စေ၏။
 
အသုံးပြုပုံ-
 
အပွင့် နှင့် အရွက်
 
၁ ။ အပွင့် သို့မဟုတ် အရွက်ကို ရေနှင့် နယ်ပြီး ၎င်းရေကို သံလွင်ဆီနှင့် ဆီသက်သက် ကျန်အောင် ချက်၍ ယားနာ ၊ အရေပြားနာများကို လိမ်းပေးက ပျောက်ကင်း၏ ။
 
၂ ။ အရွက်ကို ပြုတ်၍ ကြိတ်ပြီး ဆီနှင့် ရောလိမ်းပါက အဆစ် အမျက် ကိုက်ခဲခြင်း ပျောက်၏ ။
 
အမြစ်
 
၁ ။ အမြစ်ကို သွေး၍ မုန်ညင်းဆီနှင့် ရောချက်လိမ်းလျှင် အရေပြားနာ ပျောက်စေ၏ ။
 
၂ ။ အမြစ်ကို ရေနှင့် သွေးလိမ်းလျှင် ပွေးနာပျောက်၏ ။
 
အခေါက်
 
၁ ။ အဖျားကျဆေးအဖြစ် လည်းကောင်း ၊ အပူလောင်ခြင်းနှင့် ပွေး ၊ ယားနာများအတွက် လည်းကောင်း သုံး၏ ။<ref>http://arogyamonline.com/commodity/materials/?raw=49</ref>
 
== ကိုးကား ==
<references/>