တရုတ်သမ္မတနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.1) (ရိုဘော့က တည်းဖြတ်နေသည် - pam:Republika ning Tsina
အရေးမကြီးNo edit summary
စာကြောင်း ၅၄ -
| calling_code = +၈၈၆
}}
တရုတ်သမ္မတနိုင်ငံ ({{lang|zh-Hant|中華民國}} The Republic of China, ROC(အာအိုစီ) ) သည် အရှေ့အာရှတွင်တည်ရှိသည့် တိုင်းပြည်တခုဖြစ်ပြီး ကမ္ဘာတဝှမ်းက အသိအမှတ်ပြုသည့် တပါတီနိုင်ငံရေးစနစ် ကျင့်သုံးသည့် နိုင်ငံမှ အမေရိကန်၊ ဥရောပ၊ ဂျပန်စသည့် အင်အားကြီးနိုင်ငံများနှင့် လက်တွေ့ဆက်ဆံမှုရှိသော်လည်း နိုင်ငံအနည်းအကျဉ်းကသာ တရားဝင် အသိအမှတ်ပြုသည့် ပါတီစုံ ဒီမိုကရေစီနိုင်ငံအဖြစ် ပြောင်းလဲခဲ့သည်။ အာအိုစီသည် ကုလသမဂ္ဂအား ဖွဲ့စည်းတည်ထောင်ခဲ့သည့် မူလအဖွဲ့ဝင်နိုင်ငံ ဖြစ်ခဲ့သည်။<ref>[http://taiwanjournal.nat.gov.tw Taiwan Journal] ''[http://taiwanjournal.nat.gov.tw/ct.asp?xItem=13348&CtNode=118 Text of Lee's message to recall signing of UN Charter]''</ref>
 
၁၉၁၂ ခုနှစ်တွင် အာအိုစီအားအာအိုစီ အား တည်ထောင်ခဲ့စဉ်က အုပ်ချုပ်သည့်နယ်နမိတ်မှာ တရုတ်နိုင်ငံတဝှမ်းလုံးနှင့် မွန်ဂိုလီးယားအထိ အကျုံးဝင်သည်။ [[ဒုတိယကမ္ဘာစစ်]]ကြီးပြီးဆုံးသည့် ၁၉၄၅ ခုနှစ်တွင် [[ထိုင်ဝမ်]]ကျွန်း ({{lang|zh-Hant|台灣}}) နှင့် ဖုန်ဟူ({{lang|zh-Hant|澎湖}})ကျွန်းစုများ ဂျပန်တို့ထံမှ အာအိုစီ၏ အုပ်ချုပ်မှုအောက် ရောက်ရှိခဲ့သည်။ ၁၉၄၉ ခုနှစ် [[ကွန်မင်တန်ပါတီ|ကူမင်တန်]] ({{lang|zh-Hant|中國國民黨}} တရုတ်အမျိုးသားပါတီ) အစိုးရ တရုတ်ပြည်တွင်းစစ်တွင် ရှုံးနှိမ့်ခဲ့ပြီးနောက် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာကာ လက်ရှိတွင် အာအိုစီအစိုးရ အုပ်ချုပ်သည့် နယ်နမိတ်မှာ ထိုင်ဝမ်၊ ဖုန်ဟူ၊ ကျင်းမင် ({{lang|zh-Hant|金門}})နှင့် မားကျူ ({{lang|zh-Hant|馬祖}}) တို့သာ ကျန်တော့သည်။ တရုတ်ပြည်တွင်းစစ်ပွဲအပြီးတွင် ကွန်မင်တန်အား အနိုင်ရခဲ့သည့် [[တရုတ်ကွန်မြူနစ်ပါတီ]]က တရုတ်ပြည်မကြီးတွင် [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] ({{lang|zh-Hant|中華人民共和國}} People's Republic of China, PRC (ပီအာစီ) ) ကို ထူထောင်ခဲ့သည်။ အာအိုစီ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လက်ရှိ အာအိုစီအစိုးရလက်အောက်ရှိ နယ်မြေများအား “အာအိုစီ၏ လွတ်လပ်သောနယ်မြေ”ဟု ညွှန်းဆိုထားပြီး မြို့တော်မှာ [[ထိုင်ပေမြို့]]ဖြစ်သည်။
၁၉၄၉ ခုနှစ်မှစ၍ အာအိုစီအစိုးရသည့် နယ်မြေများမှာ ထိုင်ဝမ်နှင့် ကမ်းလွန်ကျွန်းစုများသာ ကျန်ရှိသည်ဆိုသော်လည်း [[စစ်အေးတိုက်ပွဲ|စစ်အေးခေတ်]] ခေတ်ဦးပိုင်းတွင် အာအိုစီအစိုးရအား အနောက်တိုင်းနိုင်ငံအများစုနှင့် ကုလသမဂ္ဂက ကမ္ဘာပေါ်တွင် တခုတည်းသော တရားဝင် တရုတ်အစိုးရအဖြစ် အသိအမှတ်ပြုခဲ့သည်။ ၁၉၇၀ ပြည့်နှစ်များတွင် နိုင်ငံတကာအသိုင်းအဝိုင်းက ပီအာစီအား မျက်နှာသာပေးလာသောကြောင့် အာအိုစီသည် ယင်းအသိအမှတ်ပြုမှုများကို တဖြည်းဖြည်း လက်လွတ်ဆုံးရှုံးခဲ့ရသည်။ သို့သော်လည်း တရုတ်တပြည်လုံး၏ အချုပ်အခြာအာဏာအား ပိုင်ဆိုင်သည်ဆိုသည့် အဆိုကို ဆက်လက်ဆွဲကိုင်ထားဆဲဖြစ်သည်။<ref name=MasClaimtoMainland>{{cite news |title=Ma refers to China as ROC territory in magazine interview|publisher=Taipei Times|date=2008-10-08|url=http://www.taipeitimes.com/News/taiwan/archives/2008/10/08/2003425320}}</ref>
 
စာကြောင်း ၈၄ -
== နိုင်ငံရေးအခြေအနေ ==
[[File:ROC Administrative and Claims.png|thumb|250px|ဖွဲ့စည်းပုံအခြေခံဥပဒေပါ အာအိုစီအပိုင် နယ်နမိတ်မြေပုံ။ အစိမ်းရင့်ရောင် ပြထားသည့် နေရာမှာ မြန်မာနိုင်ငံ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်း၏ တစိတ်တဒေသဖြစ်သည်။]]
အာအိုစီ၏ နိုင်ငံရေးအခြေအနေသည် အငြင်းပွားစရာ အကြောင်းအရာတစ်ရပ်ဖြစ်သည်။ [[တရုတ်ပြည်သူ့သမ္မတနိုင်ငံ]] (ပီအာစီ)သည် အာအာစီအစိုးရသည်အာအိုစီအစိုးရသည် တရားမဝင်ဟု ကြွေးကြော်ကာ “ထိုင်ဝမ်အာဏာပိုင်”ဟုသာ ညွှန်းဆိုလေ့ရှိသည်။ တချိန်တည်းတွင် အာအိုစီအစိုးရက မိမိကိုယ်ကို အချုပ်အခြာအာဏာလွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ရှုမြင်ထားသည်။ <ref>{{cite web |year=2005 |title=The One-China Principle and the Taiwan Issue |work=PRC Taiwan Affairs Office and the Information Office of the State Council |url=http://www.gwytb.gov.cn:8088/detail.asp?table=WhitePaper&title=White%20Papers%20On%20Taiwan%20Issue&m_id=4 |accessdate=2006-03-06}} Section 1: "Since the KMT ruling clique retreated to Taiwan, although its regime has continued to use the designations "Republic of China" and "government of the Republic of China," it has long since completely forfeited its right to exercise state [[sovereignty]] on behalf of mainland China and, in reality, has always remained only a separate state on the island of Taiwan."</ref> ၁၉၄၉ ခုနှစ်တွင် ထိုင်ဝမ်သို့ ပြောင်းရွှေ့လာသည့်တိုင် အာအိုစီအစိုးရက တရုတ်တပြည်လုံး၏ တရားဝင်အစိုးရဟု ဆိုသော်လည်း ထိုင်ဝမ်ခွဲထွက်ရေး (ထိုင်ဝမ်လွတ်လပ်ရေး)ကိုလိုလားသူ သမ္မတချန်ဆွေပြန် (၂၀၀၀-၂၀၀၈) မှာမူ တရုတ်ပြည်သည် အာအိုစီအစိုးရသည့် နယ်နမိတ်ဟု တက်တက်ကြွကြွ ပြောဆိုလေ့မရှိခဲ့ပေ။
အာအိုစီတွင် လက်ရှိကျင့်သုံးနေသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ကွန်မင်တန်ပါတီမှ ၁၉၁၂ ခုနှစ် တရုတ်ပြည်တွင် ရေးဆွဲခဲ့ပြီး ၁၉၂၈ ခုနှစ်တွင် အတည်ပြုခဲ့သည်။ ယင်းဥပဒေအရ အာအိုစီအပိုင်နယ်နမိတ်မှာ တရုတ်ပြည်မ၊ မွန်ဂိုလီးယား၊ မြန်မာပြည် မြောက်ပိုင်းဒေသတချို့နှင့် မျက်မှောက်ခေတ် ရုရှားအပိုင် ထူဗာဒေသတို့ပါဝင်သည်။ ယင်းဥပဒေကို မျက်မှောက်ကာလအထိ ပြန်လည်ပြင်ဆင်ခဲ့ခြင်းမရှိပါ။ လက်ရှိသမ္မတ [[မာရင်းကျို]]သည် အာအိုစီသည် တရုတ်ပြည်၏ တခုတည်းသော တရားဝင်အစိုးရဖြစ်ကြောင်း တရုတ်ပြည်မဒေသသည် အာအိုစီ၏ အချုပ်အခြာအာဏာပိုင် နယ်နမိတ်ဖြစ်ကြောင်း ပြန်လည်အဆိုပြုထားသည်။
 
စာကြောင်း ၉၄ -
[[File:Chinese republic forever.jpg|thumb|200px|ယွမ်ရှီခိုင်(ဝဲ) ဆွန်ယက်ဆင် (ယာ) နှင့် အာအိုစီ ခေတ်ဦးတွင် အသုံးပြုသည့် အလံနှစ်မျိုး]]
 
၁၉၁၁ ခုနှစ်တွင် နှစ် ၂၀၀၀ ကျော်ကြာသည့် ဧကရာဇ်စနစ်အား တွန်းလှန်ပြီးနောက် တရုတ်၌ သမ္မတနိုင်ငံကို တည်ထောင်ခဲ့သည်။ . ချင်းမင်းဆက် အစိုးရသည် ပြည်တွင်းပြည်ပ အန္တရာယ်များနှင့် ရင်ဆိုင်နေရချိန်ဖြစ်သည်။ ဧကရာဇ်စနစ်ကို ကြားကန်ပေးထားသည့် ခေတ်သစ်-ကွန်ဖြူးရှပ်ဝါဒအပေါ် ပြည်သူများက သံသယဝင်လာချိန်ဖြစ်သလို ပြည်တွင်း၌လည်း တရုတ်လူမျိုး သန်း ၄၀ (လူဦးရေ ၁၀ %) က ဘိန်းစွဲသည့် ပြဿနာကြောင့် ကိုယ်ပိုင်ယဉ်ကျေးမှုမဲ့နေပြီဟု အပြစ်တင်ခံနေရချိန်လည်းဖြစ်သည်။ <ref name = "EB">Encyclopedia Britannica</ref> တတိယဘိန်းစစ်ပွဲတွင် အနောက်တိုင်းအင်အားကြီးနိုင်ငံများအား မရှုမလှ ရှုံးနှိမ့်ခဲ့ရ၍ မျက်နှာပန်းမလှ ဖြစ်ခဲ့ရသည့် ချင်မင်းဆက် အစိုးရသည် ဤအချိန်တွင် မီးစာကုန်ဆီခန်းဘဝနှင့်မီးစာကုန် ဆီခန်းဘဝနှင့် အတော်လေးပင် နီးစပ်နေပြီဖြစ်သည်။ <ref>P. 235. Fairbank and Goldman. China.</ref>
 
၁၉၁၁ ခုနှစ် အောက်တိုဘာ ၁၀ ရက်နေ့တွင် ဒေါက်တာ [[ဆွန်ယက်ဆင်]] ({{lang|zh-Hant|孫中山; 孫逸仙}})ဦးဆောင်သည့် ဝူချန်းတော်လှန်ရေး ({{lang|zh-Hant|武昌起義}}) ဖြစ်ပွားခဲ့ပြီး ချင်မင်းဆက်ကို တွန်းလှန်ခဲ့သည်။ ထိုနေ့အား အာအိုစီအစိုးရက အမျိုးသားနေ့({{lang|zh-Hant|國慶}})အဖြစ် သတ်မှတ်ခဲ့သည်။ ၁၀ လ ၁၀ ရက်နေ့ ဖြစ်သောကြောင့် Double Ten Day ({{lang|zh-Hant|雙十節}}) ဟုလည်းခေါ်သည်။ ၁၉၁၂ ခုနှစ် ဇန္နဝါရီ ၁ ရက်နေ့တွင် အာအိုစီကို တည်ထောင်ခဲ့ပြီး ဒေါက်တာဆွန်ယက်ဆင်အား ယာယီသမ္မတအဖြစ် ခန့်အပ်ခဲ့သည်။ တရုတ်ပြည်၏ နောက်ဆုံးဧကရာဇ် ဖူယီ ({{lang|zh-Hant|溥儀}}) နန်းစွန့်ရန် သဘောတူခဲ့ပြီးနောက် ယွမ်ရှီခိုင်အား ၁၉၁၃ ခုနှစ်တွင် သမ္မတအဖြစ် တရားဝင် ရွေးကောက်တင်မြှောက်ခဲ့သည်။ သို့သော်လည်း ယွမ်ရှီခိုင်သည် အာဏာရကွန်မင်တန်ပါတီကို ဖြိုခွဲလိုက်ပြီး ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအရ သမ္မတအာဏာကို လျစ်လျူရှုကာ ၁၉၁၅ ခုနှစ်တွင် မိမိကိုယ်ကို ဧကရာဇ်အဖြစ် ကြေငြာခဲ့သည်။
စာကြောင်း ၁၀၈ -
[[File:Chiang Kai-shek enhanced.jpg|200px|thumb|၁၉၂၅ ခုနှစ် ဒေါက်တာဆွန်ယက်ဆင် ကွယ်လွန်ပြီးနောက် ကွန်မင်တန်ပါတီ ခေါင်းဆောင်အဖြစ် ဆက်ခံခဲ့သူ '''ချန်ကေရှိတ်''']]
 
ဒေါက်တာဆွန်ယက်ဆင် ၁၉၂၅ ခုနှစ် မတ်လတွင် ကွယ်လွန်ခဲ့ပြီးနောက် [[ချန်ကေရှိတ်]]သည် ကွန်မင်တန်ပါတီ၏ ခေါင်းဆောင်ဖြစ်လာသည်။ ဆိုဗီယက်ယူနီယံ၏ အကူအညီဖြင့် ချန်ကေရှိတ်သည် တရုတ်ပြည်မြောက်ပိုင်းဒေသ စစ်ဆင်ရေးကို အနိုင်ရခဲ့ပြီး တစ်မင်းတစ်ချင်းအုပ်စိုးနေသည့် စစ်သူကြီးများအား ချေမှုန်းနိုင်လိုက်ကာ ကွန်မင်တန်ပါတီ၏ ဩဇာအောက်တွင် တရုတ်ပြည်အား အမည်ခံအားဖြင့် တပေါင်းတစည်းတည်းဖြစ်စေခဲ့သည်။ ဆိုဗယက်ဆိုဗီယက် အကြံပေးပုဂ္ဂိုလ်များက စစ်ရေးလေ့ကျင့်မှု၊ ဝါဒဖြန့်ချီရေး စသည်တို့တွင် အကူအညီပေးခဲ့သော်လည်း ချန်ကေရှိတ်သည် ၎င်းတို့အား ပယ်ထုတ်ကာ ကွန်မင်တန်ပါတီမှ ကွန်မြူနစ်များနှင့် လက်ဝဲဝါဒီများအား ရှင်းလင်းခဲ့သည်။ ဤသို့ကြောင့် တရုတ်ပြည်တွင်းစစ်ပွဲ စတင်စေခဲ့သည်။ ချန်ကေရှိတ်၏ တိုက်ခိုက်ချေမှုန်းမှုကြောင့် ကွန်မြူနစ်များသည် တရုတ်ပြည် အတွင်းပိုင်းဒေသသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ ချန်ကေရှိတ်သည် အာဏာတည်မြဲရေးအတွက် ၁၉၂၇ ခုနှစ် [[နန်ကျင်း|နန်ကျင်းမြို့]]တွင် ကွန်မင်တန်အစိုးရကို ဖွဲ့စည်းကာ တိုင်းပြည် ခေတ်မှီတိုးတက်စေရန် [[ဗဟိုသုတေသနဌာန]]၊ တရုတ်ဘဏ်နှင့် အခြားသော ဌာနများကို တည်ထောင်ခဲ့သည်။
 
၁၉၃၂ ခုနှစ်တွင် ကျင်းပသည့် အိုလံပစ်အားကစားပွဲတော်တွင် အာအိုစီအလံကိုင်ဆောင်ထားသည့် တရုတ်အားကစားသမားများ ပထမဦးဆုံးအကြိမ် ပါဝင်ဆင်နွှဲခဲ့သည်။
စာကြောင်း ၁၂၀ -
ဒုတိယကမ္ဘာစစ်အတွင်း [[ဂျပန်နိုင်ငံ|ဂျပန်]]တို့စစ်ရှုံးပြီးနောက် ချင်းမင်းဆက်အရိုက်အရာကို ဆက်ခံသည့်အာအိုစီအစိုးရသည် ၁၉၄၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်နေ့တွင် ဂျပန်တို့၏တပ်မြို့ ထိုင်ဝမ်အား ဂျပန်တို့ထံမှ ပြန်လည်လက်လွှဲယူခဲ့သည်။ သို့သော်လည်း ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုခြင်းမရှိပဲ အချုပ်အခြာအာဏာလွှဲပြောင်းခြင်းသည် တရားမဝင်ဟု အငြင်းပွားမှုများ ရှိခဲ့သည်။
 
အာအိုစီအစိုးရ၏ စစ်ဖက်အုပ်ချုပ်သူလူတန်းစားများ ထိုင်ဝမ်သို့ ရောက်ရှိလာပြီးနောက် ထိုင်ဝမ်ဒေသခံများနှင့် ပြည်မသားများအကြား မငြိမ်မသက်မှုနှင့် တင်းမာမှုများ တိုးမြှင့်လာသည်။ <ref>{{cite news |title=This Is the Shame |date=[[1946-06-10]] |publisher=Time Magazine |url=http://www.time.com/time/archive/preview/0,10987,792979,00.html}} (subscription required)</ref> ၁၉၄၇ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် စီးကရက်ရောင်းသူတဦးအား ဖမ်းဆီးမှုနှင့် ဘေးတွင်ဝိုင်းကြည့်သူတသီးဘေးတွင်ဝိုင်းကြည့်သူတဦး သေနပ်မှန်သေဆုံးမှုကြောင့် ထိုင်ဝမ်းကျွန်းအနှံ့ ဆူပူမှုများ ကူးစက်သွားစေသည်။ ယင်းဆူပူမှုအား နှိပ်ကွပ်သည့် အဖြစ်အပျက်အား ၂၂၈ အရေးအခင်းဟု ခေါ်ဆိုသည်။ ယင်းအရေးအခင်းအတွင်း ထိုင်ဝမ်ဒေသခံ ပညာတတ်လူတန်းစား ၁၀,၀၀၀ မှ ၃၀,၀၀၀ ခန့် အသက်ဆုံးရှုံးခဲ့ရသည်။ ၁၉၄၈ ခုနှစ်တွင် မာရှယ်လော ကြေငြာခဲ့သည်။ <ref>{{cite news |title=Snow Red & Moon Angel |date=[[1947-04-07]] |publisher=Time Magazine |url=http://www.time.com/time/archive/preview/0,10987,804090,00.html}} (subscription required) Full version at [http://228.lomaji.com/news/040747b.html]</ref>
 
တရုတ်ကွန်မြူနစ်ပါတီနှင့် ကွန်မင်တန်ပါတီအကြား ပြည်တွင်းစစ်မီး ပြန်လည်တောက်လောင်ခဲ့ပြီး ပိုမိုပြင်းထန်လာသည်။ ၁၉၄၀ နှောင်းပိုင်းတွင် အာအိုစီအစိုးရသည် ပြည်မနှင့် ဟိုင်နန်ဒေသကို လက်လွတ်ဆုံးရှုံးခဲ့သည်။ ၁၉၄၉ ခုနှစ်တွင် ချန်ကေရှိတ်သည် ယင်း၏အစိုးရအား နန်ဂျင်းမှ ထိုင်ဝမ်သို့ ပြောင်းရွှေ့ပြီး ထိုင်ပေအား ယာယီမြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။ ချန်ကေရှိတ်နှင့်အတူ ပြည်မသား ၂ သန်းခန့် ထိုင်ဝမ်သို့ ရောက်ရှိလာကြသည်။ စောစောပိုင်းရောက်လာသူများပါ ထည့်တွက်လျင် လူဦးရေ ၆ သန်းခန့်ရှိသည်။<ref>{{cite web |title=Taiwan's Ethnic Composition |work=Private website |url=http://members.tripod.com/kelly_yunya/pages/people.htm |accessdate=2006-03-08}}</ref>