ခင်ယုမေ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာကြောင်း ၃၇ -
 
၁၉၇၅ ခုနှစ်မှာ ဒါရိုက် တာ ဦးသုခ ရိုက်ကူးခဲ့တဲ့ ရွှေခြည်ငွေခြည်တန်းပါလို့ ရုပ်ရှင်ဇာတ်ကားနဲ့ အမျိုးသမီး ဇာတ်ဆောင်ဆုကို ဆွတ်ခူးနိုင်ခဲ့ပြန်ပါတယ်။
၁၉၆၅ ခုနှစ်မှာ ဒါရိုက်တာ၊ သရုပ်ဆောင် ဦး[[ကျော်ဆွေ]]နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ [[ကောလိပ်ဂျင်နေဝင်း]]၊ [[မြတ်လေး]]တို့နဲ့ တွဲဖက်ပါဝင် သရုပ်ဆောင်တဲ့ မလိခချစ်သူ ဇာတ်ကားရိုက်ကူးပြီး ပြန်လာချိန်မှာ ကိုယ်ဝန်ရှိခဲ့ပြီး [[၁၉၇၁]] ခုနှစ်မှာ တစ်ဦးတည်းသော သားကို မွေးဖွားခဲ့ပါတယ်။ ဖခင်ဖြစ်သူ ဦးကျော်ဆွေက ကျော်ဆွေဆက်လို့ အမည်ပေး ခဲ့ပေမယ့် ဒေါ်ခင်ယုမေကတော့ သူ့သားနာမည်ကို အောင်ကျော်မိုးလို့သာ အမည် တွင်စေပါတယ်။ တစ်ဦးတည်းသော သား အောင်ကျော်မိုးက အခု အသက် ၃၇ နှစ်ရှိပြီး အမေရိကန်ပြည်ထောင်စုမှာ နေထိုင်လျက်ရှိကာ မြေးမ အယ်ရစ်ကာမိုးနဲ့ မြေးယောကျ်ားလေးမြေးယောက်ျားလေး ရပ်ဆယ်မိုးတို့ ထွန်းကားခဲ့ပြီ ဖြစ်ပါတယ်။
 
တစ်ယောက်တည်း ရုန်းကန်နေထိုင်ရတဲ့ ဘဝမှာ ဒေါ်ခင်ယုမေဟာ လူလိမ် လူကောက်များစွာနဲ့ ကြုံတွေ့ပြီး လိမ်လည်မှုများ ခံခဲ့ရပါ တယ်။ ရန်ကုန်မြို့၊ ကမ္ဘာ အေးဘုရားလမ်းဘေးက လမ်းသွယ် တစ်ခုဖြစ်တဲ့ သီရိ မင်္ဂလာရိပ်သာ လမ်းသွယ်ထဲမှာ မြေနှစ်ကွက် ပိုင်ဆိုင်ခဲ့ပြီး မျက်နှာစာ အကွက်ကို တိုက်ဆောက်၊ အငှားချပြီး အတွင်းဘက်က အကွက်မှာ ကိုယ်တိုင်နေထိုင်ဖို့ သီးခြားဆောက် လုပ်နေထိုင်ခဲ့ပါတယ်။ ရှေ့က တိုက်ကို သွင်းကုန် ထုတ်ကုန် လုပ်ငန်း လုပ်ကိုင်တဲ့ ကုမ္ပဏီ တစ်ခုက နှစ်ရှည်ငှားရမ်းဖို့ အတွက် ပြင်ဆင် ဆောက်လုပ်ဖို့ လိုအပ်လာတာကြောင့် သုံးလနဲ့ အပြီးဆောက်လုပ်ပေးမယ် ဆိုတဲ့ ကန်ထရိုက်ကို အပ်လိုက်ပေမယ့် ငွေများအလိမ် ခံလိုက်ရပြီး ဆောက်လက်စ တိုက်မှာလည်း တန်းလန်းနဲ့ ရပ်သွားပါတယ်။ တိုက်ဆက်ဆောက်နိုင်ဖို့ အတွင်းဘက်က မြေကွက်ကို ခွဲရောင်းလိုက်ပြီး ရှေ့ကတိုက်ကို ပြီးအောင် ဆောက်ခဲ့ပါတယ်။ တိုက်ဆောက်ပြီး ပိုလျှံတဲ့ ငွေကို စားစရိတ် ရနိုင်အောင်လို့ ပုဂ္ဂလိက ငွေစု ငွေချေးလုပ်ငန်းထဲ ထည့်ထားခဲ့ရာက ကုမ္ပဏီ ဖျက်သိမ်းသွားတဲ့အတွက် လက်မဲ့ဖြစ်ခဲ့ရပြန် ပါတယ်။