ယန်းပေါလ်ဆတ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2+) (ရိုဘော့က ပေါင်းထည့်နေသည် - pa:ਜ਼ਾਂ ਪਾਲ ਸਾਰਤਰ
အရေးမကြီး r2.7.3) (ရိုဘော့က ဖယ်ရှားနေသည် - diq:Jean-Paul Sartre; cosmetic changes
စာကြောင်း ၅ -
ဘုရားသခင်ဟူ၍ မရှိခြင်းကြောင့် အနှစ်သာရအားဖြင့် လူသားသည် သူ၏ ကိုယ်ပိုင်လှုပ်ရှား ပြုမူမှုများမှတဆင့် သူမည်သူမည်ဝါ ဖြစ်သည်ကို သတ်မှတ်ပြဌာန်းရမည်ဟု ဆတ်ကဆိုသည်။ လှုပ်ရှားမှုတခုအပေါ်တွင် နောက်ထပ်လှုပ်ရှားမှုပြုရန် ရွေးချယ်ခြင်းအတွက် လူသားတဦးချင်းတွင် တာဝန်ရှိသည်။ လှုပ်ရှားပြုမူမှုအား ရွေးချယ်မှုက တန်ဖိုးသတ်မှတ်ပေးသည်။ လှုပ်ရှားပြုမူခြင်း မခံရသော အရာမှန်သမျှတွင် တန်ဖိုးမရှိပါ။ တခြားနည်းဖြင့်ဆိုပါက ဘာမှထူးခြားမှုမရှိမည့် စကြဝဠာအတွက် ကိုယ်ကျင့်တရားဆိုင်ရာ စရိုက်လက္ခဏာတမျိုး သတ်မှတ်ပေးရာတွင် လူတယောက်အနေဖြင့် "စိတ်ပျက်စရာအိမ်မက်များ၊ မှားယွင်းကိုင်ဆောင်ထားသည့် မျှော်လင့်ချက်များ၊ အချည်းနှီးသော မျှော်ကိုးမှုများ" ဖြင့် သူ့ကိုယ်သူအား သတ်မှတ်ပြဌာန်းခြင်း မပြုနိုင်ဟု ဆတ်က လူသိရှင်ကြား ကြေညာခဲ့သည်။ လူအများစုသည် သူတို့၏ ကံကြမ္မာအတွက် အခြားတစုံတရာအပေါ် သို့မဟုတ် အခြား တစုံတယောက်အပေါ် ပြစ်တင်ပြောကြားခြင်းဖြင့် တာဝန်လွတ်အောင် ရုန်းတတ်ကြသည်။ ဤသဘောသဘာဝကို ဆတ်က "ဆိုးရွားသော ယုံကြည်သက်ဝင်မှု" ဟု သဘောထားရှုမြင်သည်။ <br />
ဆတ်သည် သူ၏အတွေးအခေါ်များကို ပြဇာတ်ကိုးပုဒ်၊ ဝတ္ထုရှည်လေးအုပ်၊ အဓိကရ အတွေးအခေါ်ကျမ်းငါးအုပ်နှင့် မရေမတွက်နိုင်သည့် ဟောပြောပို့ချချက်များ၊ ရသစာတမ်းများထဲတွင် ထည့်သွင်းဖော်ပြခဲ့သည်။ သူသည် ဆန္ဒပြပွဲများကိုလည်း ဦးဆောင်ခဲ့သည်။ ကန့်ကွက်ပြောကြားမှုများ ပြုလုပ်ခဲ့သည်။ လက်ဝဲဝါဒီများက ချမှတ်ခဲ့သည့် နိုင်ငံရေး အရံအတားမှန်သမျှတွင် ပါဝင်ဆောင်ရွက်သည်။ ဤနေရာတွင် ကမောက်ကမနိုင်သည့် ကိစ္စတခုမှာ ဆတ်အား အများဆုံး ကြည်ညိုလေးစားကြသည့်သူများ (လူငယ်များ၊ ဘဝကို နာကြည်းသူများ၊ လူတိုင်းကို တကိုယ်ကောင်းသမားဟု မြင်တတ်သူများ) သည် သူ့အား နားလည်မှု အနည်းဆုံး ဖြစ်နေကြခြင်းပင် ဖြစ်သည်။ "ဘဝသည် ထူးဆန်းလှ၏။ အမှန်တရားသည် ပျို့အန်ချင်စရာကောင်းလှ၏။ လူသားသည် ကိုယ်ကျင့်တရားများ၊ ဘာသာရေးယုံကြည်ချက်များ၊ ကန့်သတ်ထားသည့် တာဝန်များနှင့် ကင်းရှင်း၏" ဟု သူ့အား စံနမူနာပြုသူများ၊ မိသားစုများကို ပြောကြားခဲ့ဖူးသည် မဟုတ်ပါလော။ <br />
မိမိကိုယ်မိမိ ဂုရုကြီးတဦး ဖြစ်မှန်းမသိ ဖြစ်နေသော ဆတ်သည် သူကိုယ်တိုင်က ဘူဇွာလူတန်းစားမှ မွေးဖွားလာသော်လည်း၊ ဘူဇွာဆိုသည်မှာ အကျင့်ဖောက်ပြန်သူများ ဖြစ်သည်ဟု ယုံကြည်ထားသူ ဖြစ်သည်။ သူ၏ဖခင်သည် ရေတပ်အရာရှိတဦးဖြစ်သည်။ သူနှစ်နှစ်သားအရွယ်တွင် နာမကျန်းဖြစ်ကာ ကွယ်လွန်ခဲ့သည်။ ဘယ်တော့မှ ကျန်းကျန်းမာမာ မရှိသောဆတ်သည် သုံးနှစ်သား အရွယ်တွင် ညာဘက်မျက်လုံးကွယ်ခဲ့သည်။ အဆင့်မြင့်ကောလိပ်တွင် ဒဿနိကဘာသာလေ့လာ ဆည်းပူးသည့်အခါတွင် သူ၏ တသက်တာချစ်သူ၊ သူနှင့် စိတ်သဘောထားချင်း တူညီသူ၊ ရှေ့ဆောင် ဣတ္ထိယဝါဒီ ဆိုင်မွန်ဒီဗူးဗွားနှင့် တွေ့ဆုံသည်။
 
[[Category:နိုင်ငံတကာ စာရေးဆရာများ‎စာရေးဆရာများ]]
 
[[af:Jean-Paul Sartre]]
စာကြောင်း ၂၉ -
[[da:Jean-Paul Sartre]]
[[de:Jean-Paul Sartre]]
[[diq:Jean-Paul Sartre]]
[[el:Ζαν-Πωλ Σαρτρ]]
[[en:Jean-Paul Sartre]]