ဂျီအက်စ်အမ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၂ -
 
==နည်းပညာဆိုင်ရာ အသေးစိတ်အချက်များ==
 
ဂျီအက်စ်အမ်သည် ဆယ်လူလာကွန်ယက် ဖြစ်သည်။ အဓိပ္ပာယ်မှာ ရွေ့လျားတယ်လီဖုန်းသည် အနီးဆုံးပတ်ဝန်းကျင်ရှိ ဆဲလ် များကို ရှာဖွေခြင်းဖြင့် ကွန်ယက်သို့ ဆက်သွယ်ခြင်းဖြစ်သည်။ ဂျီအက်စ်အမ် ကွန်ယက်များမှာ ကြိမ်နှုန်း အတန်းအစား ၄ မျိုးကို အသုံးချထုတ်လွှင့်သည်။ ဂျီအက်စ်အမ်ကွန်ယက် အများစုမှာ ၉၀၀ မက်ဂါဟတ်ဇ် သို့မဟုတ် ၁၈၀၀ မက်ဂါဟတ်ဇ် လှိုင်းမီတာ ကို အသုံးပြုလေ့ရှိကြသည်။ ကနေဒါနှင့် အမေရိကန် အပါအဝင်အချို့ နိုင်ငံများတွင်မူ ထိုလှိုင်းမီတာများကို ခွဲတမ်းချပြီး ဖြစ်သဖြင့် ၈၅၀ မက်ဂါဟတ်ဇ် နှင့် ၁၉၀၀ မက်ဂါဟတ်ဇ်များကို အသုံးပြုကြသည်။
 
စကင်ဒီနေးဗီးယား ကဲ့သို့သော အချို့နိုင်ငံများတွင် ပထမမျိုးဆက် စနစ်များတွင် အသုံးပြုသော ၄၀၀ မက်ဂါဟတ်ဇ် နှင့် ၄၅၀ မက်ဂါဟတ်ဇ် လှိုင်းမီတာများကို အသုံးပြုနေသည်ကို ရှားရှားပါးပါး တွေ့နိုင်သည်။