လီယိုတော်စတွိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး r2.7.2) (ရိုဘော့က ဖယ်ရှားနေသည် - diq:Lev Tolstoj
အရေးမကြီး r2.7.3) (ရိုဘော့က ပေါင်းထည့်နေသည် - stq:Lew Nikolajewitsch Tolstoi; cosmetic changes
စာကြောင်း ၁၆ -
ဘာသာစကားအမျိုးမျိုးနဲ့ ရေးသားထုတ်ဝေထားတဲ့ ကမ္ဘာကျော် ဝထ္ထု အများအပြားရှိသည့် အနက် စစ်နှင့် ငြိမ်းချမ်းရေး ( War and Peace ) ဝထ္ထုကို အတော်များများ သိဖူး ဖတ်ဖူးကြမယ် ထင်ပါတယ်။ စစ်နှင့်ငြိမ်းချမ်းရေး ဆိုတဲ့ ကမ္ဘာကျော် ဝထ္ထုစာအုပ်ကို ရေးသားခဲ့သူကတော့ လီယိုတော်စတွိုင်း ဖြစ်ပါ တယ်။ တော်စတွိုင်းဟာ စာရေးသူ သက်သက်သာမဟုတ်ဘဲ ၁၉ ရာစု ရုရှနိုင်ငံ၏ မြေပိုင်ရှင် ပဒေဿရာဇ် များကို ဆန့်ကျင်သော နင်းပြားတစ်ဦးလည်း ဖြစ်ပါတယ်။
 
ရုရှစာ‌ပေသမိုင်းတွင် အထင်ရှားဆုံးဖြစ်‌သော စာ‌ရေးဆရာ ကြီး ‌ကောင့်လီယို နီကိုလား‌အေဗစ် ‌တော်စတွိုင်း (ရုရှအသံ ထွက်အားဖြင့်လျက် နယိကပ်လာ‌ယေ ဗျစ် တာ့လစတွိုင်)သည် ရုရှနိုင်ငံ တူးလာနယ် ‌ယာစယာပိုလီအန်နာ ( Yasaya Polyana ) ကျေးရွာတွင် ခရစ် ၁၈၂၈ ခုနှစ်၌ ပီတာ ဧကရာဇ်ဘုရင် လက်ထက်မှစ၍ ထင်ရှား‌သော မှူးမတ်မျိုးရိုးမှ ‌မွေးဖွားခဲ့၏။ ‌သူ့မိဘများဟာ လယ်မြေအများအပြား ပိုင်ဆိုင် ကြွယ်ဝချမ်းသာသော ဆွေကြီး မျိုးကြီးများ ဖြစ်ကြပြီး ကျေးကျွန် အများအပြားလည်း ရှိသည်။ တော်စတွိုင်းဟာ မွေးချင်း ၅ယောက်မှာ ၄ ယောက် မြောက် ဖြစ်သည်။ မိခင်ဖြစ်သူသည် တော်စတွိုင်း ၂ နှစ်သားအရွယ်ကပင် ကွယ်လွန်သွားခဲ့ပြီး ဖခင်ကလည်း တော်စတွိုင်း ၉ နှစ်သားတွင် ကွယ်လွန်သွား ၍ ဆွေမျိုးများက တော်စတွိုင်းကို မွေးစားကြည့်ရှု စောင့်ရှောက်ထားခဲ့ကြသည်။ တော်စတွိုင်သည် စည်းစိမ် ဥစ္စာ တို့ကို စွန့်လွှတ်၍ သူဆင်းရဲ ဘဝ၌ ‌ နေထိုင်ကာ အဓိဋ္ဌာန် ပါရမီကို တည်‌ဆောက်‌သော ဝတ္ထု‌ရေးဆရာ၊ စာမွန်‌ရေးဆရာ၊ ယထာဘူတပညာရှင် အဖြစ်ဖြင့် ‌ကျော်‌စော၏။
 
ငယ်စဉ်ကပင်လျှင် မိခင်နှင့် ဖခင်တို့ ကွယ်လွန်ခဲ့ငြား‌သော် လည်း ကြွယ်ဝ‌သော မိဘအ‌မွေအနှစ်ဖြင့် ‌ဆွေမျိုးများအလယ်
စာကြောင်း ၅၃ -
အရက်တို့၌သာ ‌မွေ့‌လျော်ခဲ့‌လေသည်။
 
၁၈၅၁-ခုနှစ်တွင် တော်စတွိုင်းသည် ကော့ကဆပ်နယ်ရှိ ရုရှတပ်မတော်၌ အမှုထမ်းရင်း ထိုနယ်ရှိ ကျေးရွာ၏ အရိပ်အာဝါသ၌ ပျော်မွေ့ကာ ‘က‌လေးဘဝ’၊ ‘လူငယ်ဘဝ’ ‘ယုဝ’ ဟူ‌သော စာအုပ်များကို ‌ရေးသားထုတ်‌ဝေခဲ့‌လေသည်။ ထိုစာအုပ်တို့တွင် လူငယ်တို့အား ပညာပေးရေးသည် ပတ်ဝန်းကျင်သဘာဝနှင့် ယှဉ်၍ ပေးအပ်၏ဟူသော အယူအဆတို့ကို တင်ပြခဲ့သည်။
ထိုအယူအဆတို့မှာ ငယ်စဉ်က ကဇန်း တက္ကသိုလ်တွင် ပညာသင်စဉ် ပြင်သစ်ကထိကဆရာများက သင်ကြားပို့ချ‌သော ရူးဆိုး၏စာတို့တွင် ပါရှိသည် ဩဝါဒတို့မှ ‌ပေါက်ဖွားလာသည်ဟု ယူဆရန်ရှိ‌လေသည်။
 
စာကြောင်း ၆၄ -
စစ်နှင့်ငြိမ်းချမ်းရေး-ဟူသော ဝတ္ထုတွင် ရုရှနိုင်ငံကို ပြင်သစ်ဘုရင် နပိုလီယန်က ကျူးကျော်တိုက်ခိုက်သည့် ခေတ်နှင့်ယှဉ်၍ ရုရှအမျိုးသားအိမ်ထောင်စုနှစ်ခုတို့ ဘဝအခြေအနေကို လူ့သမိုင်းတရပ်အနေဖြင့် တင်ပြသွားရာ အဖွဲ့အနွဲ့နှင့်တကွ သရုပ်ဖော်ခြင်း၌ များစွာကောင်းမွန်၍ စာဖတ်သူတို့မှာ ထိုခေတ်က ကြုံတွေ့ရသော လူ့လောက၏ ဒုက္ခသုခတို့ကို မိမိတို့ကိုယ်တိုင် ကြုံတွေ့ခံစားနေရသည်ဟုပင် ထင်မှတ်ရပေသည်။ ဤအကြောင်းကြောင့်လည်း ယင်းဝတ္ထုမှာ ကမ္ဘာကျော်ဖြစ်ခဲ့သည်။ ယင်းဝတ္ထုနှင့် မတိမ်းမယိမ်း ကျော်ကြားသေား-အန်နာ ကရနီနား-ဝတ္ထုမှာ ရုရှနိုင်ငံတွင် ၁၈၇၆-ခုနှစ်တဝိုက်က ကြုံတွေ့ရသော စိန့်ပီတာစဗတ်မြို့နေ လူတန်းစားဘဝနှင့် တောနေလူတန်းစားဘဝတို့ကို သရုပ်ဖော်သော ဝတ္ထုဖြစ်သည်။ တော်စတွိုင်းသည် ထိုစဉ်က လယ်ယာလုပ်ငန်း၌ အကျိုးဖြစ်ထွန်းရုံသာမက စာရေးခြင်း၌လည်း ဝင်ငွေကောင်းခဲ့သည်။ သို့ဖြစ်၍ တော်စတွိုင်းသည် စည်းစိမ်ချမ်းသာနှင့် ကောင်းစွာ ပျော်ပျော်ပါးပါး နေထိုင်နိုင်ခဲ့၏။ သို့ရာတွင် ၁၈၈၀-ပြည့်နှစ် အသက် ၅၂-နှစ်တွင် ယင်းကဲ့သို့ စည်းစိမ်ချမ်းသာတို့၌ မွေ့လျော်ပျော်ပါးခြင်းအမှုကို စက်ဆုပ်လာသောကြောင့် သာမန်ဆင်းရဲသား အလုပ်သမားကဲ့သို့ ‌နေထိုင်ပြီးလျှင် အသားစားခြင်း၊ ‌ဆေးလိပ်‌သောက်ခြင်းတို့ကို ပင် ‌ရှောင်ကြဉ်လိုက်‌လေသည်။ ၁၈၈၈ ခုနှစ်၌ကား မိမိသည် စည်းစိမ်ဥစ္စာ ဟူသမျှတို့ကို စွန့်လွှတ်၍ ဆင်းရဲသူဆင်းရဲသား တို့အား လှူဒါန်း‌တော့မည်ဟု ဆုံးဖြတ်ပြီးလျှင် သားမယားတို့ နှင့်တိုင်ပင်ရာ သူ၏ အိမ်‌ထောင်သား အားလုံးက ဥစ္စာပစ္စည်း တို့ကို သူ၏ဇနီးသို့ လွှဲ‌ပြောင်း‌ပေးပါရန် များစွာ‌တောင်းပန် ‌ပြောဆိုခဲ့ရသည်။ သို့နှင့်ပင် ‌တော်စတွိုင်သည် မိမိကိုယ်တိုင် ပစ္စည်းတပြားတချပ်မျှ မယူဘဲ ဇနီးသို့ပေးအပ်ပြီးလျှင် လယ်ယာထွန်ခြင်း၊ ဖိနပ်ချုပ်ခြင်းစသော ကိစ္စတို့၌ သာမန်တောင်သူလယ်သမား တို့နှင့်အတူ လုပ်ကိုင်စားသောက်လေသည်။
 
စာရေးခြင်းမှ ဝင်ငွေကိုပင် မယူသည့်အပြင် သူရေးသောစာအုပ်များမှ ရအပ်သည့် မူပိုင်အခွင့်အရေးတို့ကို ပင်လျှင် စွန့်လွှတ်ခဲ့လေသည်။ ဤအ​ခြေအနေတွင် တော်စတွိုင်းသည် သခရုဇာဆိုနာတာ-ဝတ္ထုကို ၁၈၈၉-ခုနှစ်၌ ရေးသားလေသည်။ ယင်းဝတ္ထုတွင် အချို့သောခရစ်ယာန်နှင့် အရှေ့တိုင်းရှိ အခြားအယူဝါဒီတို့က ဆိုဆုံးမသော ဗြဟ္မစရိယကျင့်စဉ်ကို အထူးအလေးဂရုပြု၍ အိမ်ထောင်သားမွေးခြင်းဟူသော လောကီသားတို့၏ ဓလေ့ကို လုံးဝပယ်သင့်ကြောင်းကို ဖော်ပြလေသည်။
 
ဤသို့ သူချမှတ်ခဲ့‌သော ကျင့်စဉ်ကို ရုရှနိုင်ငံနှင့် ကမ္ဘာ‌ပေါ်ရှိ အခြားနိုင်ငံတို့က နှစ်‌ပေါင်းများစွာ ‌ဝေဖန်‌ဆွေး‌နွေးခဲ့ကြ‌ပေသည်။
စာကြောင်း ၇၁ -
သို့‌သော် သူ၏အခြား‌သောအယူဝါဒနှင့် ကျင့်စဉ်တို့မှာ ထို ‌ခေတ်၏ဉာဏ်အမြင်၌ များစွာပြင်းထန်၍ ကျပ်တည်းလှ‌ချေရကား ၁၉၀၁ ခုနှစ်တွင် ‌ရှေးရိုးဂရိတို့၏ ခရစ်ယန်ဂိုဏ်းတို့က ‌တော်စတွိုင်ကို သာသနာ‌ရေးအရ ကြဉ်‌လေသည်။ ၁၉၁၀ ပြည့်
နှစ်၌ ‌တော်စတွိုင်သည် မိမိ၏ဇနီးအိမ်မှ ‌ခြေဦးတည့်ရာသို့ သွားမည်ဟု ထွက်ခွာလာရာ အက်စတာပိုဗိုဟူ‌သော မီးရထား
ဘူတာရုံ အ‌ရောက်တွင် အားပြတ်၍‌သေဆုံး‌လေသည်။ လီယိုတော်စတွိုင်းသည် ခြိုးခြံသော သူဆင်းရဲ ကဲ့သို့သော ဘဝဖြင့်ပင် ၁၉၁ဝ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်တွင် အသက် ၈၂ နှစ်အရွယ်တွင် အဆုတ်အအေးမိသော နမိုးနီးယားရောဂါ ( pneumonia ) ဖြင့်ကွယ်လွန်ခဲ့လေသည်။ သူ၏ ဈာပန၌ ခရစ်ယန်ထုံးစံအရ ဖုတ်ကြဉ်းသင်္ဂြိုဟ်ခြင်းကို မပြုရ
‌လေ။ သို့‌သော် ‌တော်စတွိုင်သည် ကမ္ဘာ‌ကျော် ရုရှ စာ‌ရေးဆရာကြီးအဖြစ်နှင့် ယ‌နေ့တိုင် ‌နှောင်းလူတို့၏ အ‌လေး
ပြုခြင်းကို ခံယူလျက်ရှိ‌လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း အတွဲ (၅)</ref>
စာကြောင်း ၁၈၁ -
[[sq:Leon Tolstoi]]
[[sr:Лав Толстој]]
[[stq:Lew Nikolajewitsch Tolstoi]]
[[sv:Lev Tolstoj]]
[[sw:Leo Tolstoy]]