ဒိုင်လူမျိုး: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၄၅ -
# ရွက်လှ သဇင်
<ref>[http://en.wikipedia.org/wiki/Dai_People],[http://daifamilylive.blogspot.com/2008/07/sketch-history-of-dai-people.html]</ref>
 
== '''ကျောက်ပျဉ်ချီပွဲတော်''' ==
[[File:Se Paung.JPG|200px|thumb|right|ဆယ်ပေါင်]]
ကျောက်ပျဉ်ချီပွဲတော် (သို့မဟုတ်)လုံးယူပွဲတော်မှာ ဒိုင်ရ်ချင်းလူမျိုးများအကြား အထင်ရှားဆုံးရိုးရာပွဲတော်တစ်မျိုးဖြစ်သည်။ ဒိုင်ရ်လူမျိုးတို့သည် မိမိတို့၏ ဂုဏ်သိက္ခါအတွက်သော်လည်းကောင်း၊ မျိုးနွယ်စု၏ ဂုဏ်ကိုဖော်ဆောင်ရန်အတွက်သော်လည်းကောင်း ကျောက်ပျဉ်ချီပွဲတော်ကို ပြုလုပ်ကျင်းပလေ့ရှိကြသည်။
နွေဦးရာသီဖြစ်သော ဧပြီလတွင် အများအားဖြင့် ကျင်းပကြသည်။ ၎င်းကျောက်ပျဉ်ချီများမှာ အနောက်တိုင်း အင်္ဂလန်နိုင်ငံတွင် တည်ရှိသော stone henge ဟုခေါ်ဆိုသည့် ကျောက်ပျဉ်ချီများကဲ့သို့ဖြစ်သည်။ သို့သော် ဒိုင်ရ်ချင်းလူမျိုးတို့၏ ကျောက်ပျဉ်မှာ အရွယ်အစားအားဖြင့် အနောက်တိုင်းဒေသမှကျောက်ပျဉ်ကြီး များလောက်မရှိပါ။အခြားချိုးချင်းလူမျိုးများသည်လည်း ဒိုင်ရ်လူမျိုးများကဲ့သို့ကျောက်ပျဉ်ချီပွဲများ ပြုလုပ်ကျင်းပကြသည်။
ဒိုင်ရ်လူမျိုးတို့၏ ကျောက်ပျဉ်ချီပွဲတော်ကို အောက်ပါအတိုင်းပြုလုပ်ကျင်းပကြပါသည်။
 
# ဆာယမ်ဖာ ခေါ် အကြိုပြင်ဆင်နေ့
# ချိန်းစုံ ခေါ် ရပ်ဝေးဧည့်ရောက်နေ့
# လုံးကော့ ခေါ် ကျောက်ပျဉ်ချီသည့်နေ့
# လုံးဆောင် ခေါ် ကျောက်ပျဉ်တင်သည့်နေ့
# လုံးကာ ခေါ် ကျောက်ပျဉ်ပေါ်တက်သည့်နေ့
# ပိုးပြင် ခေါ် ဧည့်ပြန်သွားသည့်နေ့တို့ဖြစ်ပါသည်။
 
ကျောက်ပျဉ်ချီရာတွင် ကျောက်ပျဉ်များနှင့်အတူ ဆယ်ပေါင်ခေါ် အထိန်းအမှတ် သစ်သားတိုင်များကို မိမိသတ်သည့်နွားနောက်ကောက်ရေ အတိုင်းစိုက်ထူကြပါသည်။
မှတ်သားစရာအချက်မှာ ကျောက်ပျဉ်များအောက်တွင် အရိုးအိုးများကို မြှပ်နှံထားခြင်းနှင့် ကျောက်ပျဉ်များသည် အနားယူအပန်းဖြေထိုင်စရာ ခုံများအဖြစ်အသုံးပြုကြ
ခြင်းတို့ ဖြစ်ပါသည်။ အချုပ်အားဖြင့် ဆိုရသော် ကျောက်ပျဉ်ချီပွဲတော်မှာ မျိုးရိုးဂုဏ်သိက္ခါမြှင့်တင်ခြင်းဖြစ်သလို့ သဒ္ဓါကြည်ဖြူ၍ အလှုပေးအပ်ခြင်း သဘောလည်း
ဆောင်ပါသည်။ ထိုပွဲနေ့တွင် ကျောက်ပျဉ်ချီသော မိသားစုနှင့်အတူ ဆွေမျိုးညီအကိုမောင်နှများ၊ မိတ်ဆွေသူငယ်ချင်းများနှင့် ရပ်ဝေး၊ ရပ်နီးဧည့်သည်များအားလုံး
အတူတကွ ပျော်ရွှင်ရန် ကျင်းပသော ချစ်စရာကောင်းသည့် ရိုးရာဓလေ့တစ်ခု ဖြစ်ပါသည်။